EP 4
မောင်းလာသည့်ကားလေးမှာတရွေ့ရွေ့နှင့်ရန်ကုန်မြို့ပြင်သွားသည့်လမ်းကိုဦးတည်ပီးလာခဲ့သည်။
🚗🚗🚗
နောက်ဆုံတော့ရောက်ရှိလာပါပီ။
လွန်း..မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ဆွံ့အနေမိသည်။
မြင့်မားလှသည့်နံရံတံတိုင်းများကကြက်သွေးရောင်ဆေးခြယ်ကာ ရွှေဝါရောင်တံခါးကြီးနဲ့ဖြစ်ပြီး ထိုတံခါးကြီးမျိုးကို လွန်းတသက်မမြင်ဘူးပါ ခမ်းနားသည့်ရွှေဝါရောင်တံခါးကြီးဘေးနှစ်ဖက်တိုင်လုံးကြီးများတွင်တော့ခြင်သေ့ရုပ်ထုကြီးနှစ်ခုရှိသည်။
တံခါးကြီးက ဖွင့်လာပီးမြင်လိုက်ရသည့်လမ်းမကြီးကကြက်သွေးရောင်။ လမ်းမကြီးဘေးတွင်သစ်ပင်ကြီးမားကအုံမှိုင်းလျှက်။
ထိုစဥ် လွန်းခေါင်းထဲဝင်လာသည့်အတွေးက
(ဒါသစ်တောကြီးလား ဒီလိုနေရာမျိုးကရန်ကုန်မှာရှိလို့လား!)
မြင်တွေ့သမျှကိုတမေ့တမော ကြည့်နေသည့်လွန်းအာရုံတို့ကို ထပ်မံဖန်းစားလိုက်သည်က မုန်းတံတိုင်းတို့အိမ်ကြီးပဲဖြစ်သည်။
နှစ်ထပ်တိုက်ကြီး အောက်ထပ်တစ်ထပ်တင်ကလွန်းတို့အိမ်နှစ်ထပ်စာလောက်ရှိသည်။
အိမ်မကြီးတံခါးကတော့ရွှေသားအတိနှင့်လုပ်ထားသလိုဝါဝင်းအိစက်နေသည်။
"ကျီ"
ကားရပ်လိုက်သည်နှင့်တံခါးလာဖွင့်ပေးသည့်လူတစ်ယောက်။
လွန်းကားပေါ်ကဆင်းလိုက်သည်နှင့်
အသက်ခပ်ကြီးကြီးမိန်းမကြီးက ဦးညွှတ်ကာ
"သခင်လေး ကြွပါ သခင်ကြီးစောင့်နေပါတယ်"
"ဟုတ်ကဲ့"
လွန်းလည်းထိုအမျိုးသမီးကြီးခေါ်ရာလိုက်လာခဲ့သည်။
မြင့်မားလွန်းသည့်အိမ်ကြီးရဲ့အတွင်းပိုင်းကလွန်းထင်ထားတာထက်ကိုသားနားလှပါသည်။
မီးဆိုင်းကြီးကလည်းထည်ဝါစွာရှိပြီး အတော်ကြီးလွန်းသည်။
ကြမ်းခင်းကြွေပြားတွေဆိုတာကလည်းဝင်းပြောင်ကာ တအိမ်လုံးတန်ဖိုးကြီးပစ္စည်းတွေအပြင် လွန်းမမြင်ဘူးသည့်
အိမ်တွင်းပစ္စည်များလည်း ရှိနေသေးသည်။
ВЫ ЧИТАЕТЕ
သေလောက်အောင်မုန်းတယ်သေ သည်ထိချစ်မယ်...(Completed )
Мистикаသေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက်ရှိအရှပ်လေး" UKE. လွန်းစစ်သွေး အရပ်..5ပေ8 အသက်.25 "မုန်းလိုက်တာခများကိုသိပ်မုန်းတာပဲကျနော်ကိုချစ်တ...
