အပိုင်း ၁၅

4.8K 108 10
                                    

EP 15

ဘကြီးမိုး သီချင်းအဆုံးထ ထွက်သူက အခုလွန်းအခန်းပြန်ရောက်တာတောင်သူက ပြန်ရောက်မလာသေးပေ။

"နေပစေပေါ့ ပြန်လာမှစိတ်ကောက်ပြမယ်"

စောင့်နေရသူကပင် TVကြည့်ရင်း အိပ်ပျော်သွားသည့်တိုင် မျှော်သူကရောက်မလာသေးပါ။

ဆောင်းတွင်းရဲ့အအေးက ညနက်လာလေပိုကဲလာလေမို့ မုန်းစီးကရက်သောက်လက်စကိုရပ်ကာ အခန်းသို့ပြန်လာခဲ့လိုက်သည်။

အခန်းထဲမှာ ချစ်ရသူလေးက အိပ်မောကြလို့နေလေသည်။

ဆိုဖာပေါ်က လွန်းကိုယ်လေးကို ပွေ့ချီကာ အိပ်ရာထက် ချပေးပီးစောင်လေးပါခြုံပေးလိုက်သည်။

လွန်းရဲ့နှဖူးပြင်လေးကို အသာလေးအနမ်းခြွေပီးတော့ လွန်းလက်ကလေးကိုင်ထားမိသည်။

"လွန်း သိပ်မွန်းကြပ် နေသလား...ကိုယ့်ရဲ့အတ္တဆန်ဆန်အချစ်တွေကြောင့် ကိုယ့်လွန်းလေး ပူလောင်နေရပြီလား"

အမေးရှိပေမဲ့ အဖြေရှိမလာခဲ့ပါ။ မုန်းလည်းခြေလက်သန့်စင်ပီးတော့ လွန်းကိုရင်ခွင်ထဲထည့်ကာအိပ်လိုက်တော့သည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

မနက်ခင်းရဲ့နေရောင်ခြည်လေးက ပြတင်းပေါက်ကနေတဆင့် အခန်းလေးထဲသို့ ဖြာကျနေသည်။

ဆောင်းတွင်းဆိုပေမယ့် ပုဂံကရာသီဥတုကပဲသိပ်မအေးတာလား ဒါမှမဟုတ် ရင်ခွင်တစ်စုံကပဲနွေးထွေးလွန်းတာလားဆိုတာ လွန်း မသိပေမယ့် အအေးဓာတ်ကို လွန်းမခံစားရပါပေ။

ပြန်မအိပ်ချင်တော့လို့ အိပ်ရာထဖို့ပြင်ပေမယ့် တင်းကျပ်စွာဖတ်ထားသော လက်တစုံကြောင့်လှုပ်လို့ပင်မရနိုင်ဖြစ်နေသည်။

လွန်း သူဘယ်ချိန်က ဝင်လာမှန်းတောင်မသိပေ။ ညက သူTVကြည့်ရင်းအိပ်ပျော်သွားတာဖြစ်သည်။

လွန်း မျက်နှာအပ်ထားရာ ရင်ခွင်ကျယ်ကြီးပိုင်ရှင်ရဲ့ မျက်နှာကိုမော့ကြည့်တော့ အိပ်နေတာတောင် အထက်အောက်စုန်ချည်ဆန်ချည်ဖြစ်နေတဲ့လည်စိလေး။

မေးဖျားလေးထက်က ခမ်ရေးရေးအမွေးလေးတွေ နဲ့ဖြစ်သည်။

"ကျစ်! မျက်နှာတစ်ခုလုံးကို သေချာမမြင်ရဘူးပဲ"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Where stories live. Discover now