အပိုင်း ၂၂

6.4K 114 4
                                        

EP 22

မုန်း နာရီကိုကြည့်လိုက်ပြီး အချိန်ကကစောသေးတာမို့ စိတ်ပျက်စွာ ပြောလိုက်မိသည်။

"ဟူး လွမ်းလိုက်တာကွာ "

ဆောင်းတွင်းရဲ့နေ့တာဟာ မုန်းအတွက် အလွန်ရှည်နေသယောင်။အခုထိကို ထမင်းစားချိန်မရောက်သေးပေ။ ဗိုက်ဆာလို့တော့မဟုတ်ပါ လွန်းကို သောက်ရမ်းသတိရနေလို့ဖြစ်သည်။

.......

.........

"မေမေ...ကူပြောပေးပါအုန်း သားလေးတစ်ယောက်ထဲရှိတာ မေမေခွဲနိုင်လို့လားဗျာ.. သားကတော့မေမေနဲ့ မခွဲနိုင်ဘူး"

မှိုင်းတခွင် မိခင်ဖြစ်သူအားပြောပေမယ့် အချည်းနီးသာဖြစ်သည်။

"သားသားရယ် မင်းဖေဖေက မေမေပြောလည်းရမှာမဟုတ်ဘူး ဟင်း.. သားအစကတည်းက လိမ္မာအောင်နေသင့်တယ်"

"မိန်းမ မင်းရှည်ရှည်ဝေးဝေးပြောမနေနဲ့ မင်းသားအချိုးမပြောင်းမချင်း ပြန်မလာစေရဘူး"

"ဖေဖေ့!"

"မင်း သဘက်ခါမနက်သွားရမယ် ငါအကုန်စီစဥ်ပြီးသား ပုဂံက ငါ့အသိပုန်းရည်ကြီးခြံမှာ မင်းသွားနေရမယ်"

"မသွားချင်ဘူးဖေဖေရယ် ကျန်တဲ့အပြစ်ပေးပါ အဲ့တောကို မသွားချင်ဘူး"

"မင်းမေကြီးတော် တောပါ့လား ပုဂံကွ တောမကျဘူး"

"ဒါပေမယ့် သားမေမေနဲ့မခွဲ.."

"တိတ်စမ်း မှိုင်းတခွင် မင်းပလီပလာ ပြောမနေနဲ့ ပိုက်ဆံတစ်သိန်းထည့်ပေးလိုက်မယ်.... ပုဂံရောက်ရင်ဖုန်းဆက်ငါ့ကို လာကြိုခိုင်းလိုက်မယ် အေးဟိုရောက်ရင် မင်းအချိုးပြင်နော် ဘာသံညာသံကြားရင် ငါ့အစိုးမဆိုနဲ့"

ပြော​ပြီးတာနဲ့ ဖေဖေက အိမ်ပေါ်တက်သွားသည်။

" ပိုက်ဆံတစ်သိန်းက ဘာလုပ်လို့ရမှာလဲ ကားခကလဲ ပေးရအုန်းမယ် သားကိုသာ အ​သေသတ်လိုက်ပါတော့"

မှိုင်းအော်ပြောပေမယ့် ဖေဖေက ဘာမှထပ်ပြောမလာပေ။

"သား ဟိုမှာအဆင်ပြေမှာပါကွယ် မေမေလည်းသားကိုမခွဲနိုင်ပေမယ့် မင်းဖေဖေကပြောရမှာမဟုတ်ဘူး"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Место, где живут истории. Откройте их для себя