အပိုင်း ၁၁

9.4K 164 8
                                        

EP 11

"ceo အခြေအနေက အတော်လေးကောင်းမွန်လာပါပြီ နောက်အပတ်ထဲလောက်ဆေးရုံက ဆင်းလို့ရပါပြီ ခင်ဗျာ"

"မနက်​ဖြန် ဆင်းမယ်"

မုန်း ဆရာဝန်စကားကို မနာခံစွာ ဖြစ်ချင်တဲ့အကြောင်းအရာကိုသာ လိုရင်းကိုပြောလိုက်သည်။

"ဗျာ... ဟို.ဒါပေမယ့်ceoက ရှင်းရှင်းမ​ပျောက် သေးဘူးလေ...ကုသမှုကိုလိုအပ်သေးတယ်"

"ကျစ်!...စကားကို နှစ်ခါထပ်ပြောရတာ သိပ်အဆင်ပြေမနေဘူးနော် ဒေါက်တာ!"

မုန်းတကယ်စိတ်တိုလာပြီး ဆေးရုံမှာမနေချင်တာဖြစ်သည်။ အလုပ်ကလည်းပိနေတာမို့ အမြန်အိမ်ပြန်ချင်ပြီဖြစ်သည်။

"ဟို...ဟို..."

"နောက်တပတ်လောက်တော့ ထပ်နေလိုက်ပါခေါင်းမမာစမ်းပါနဲ့ ဆရာဝန်တွေက လိုအပ်လို့နေခိုင်းတာပေါ့ ခများကလည်း"

မြန်မာနိုင်ငံမှာ နံပါတ်တစ်အထူးကုဆရာဝန်ကြီးကိုပြောနေတာများ သူငယ်တန်းကလေးကို ဆူနေတဲ့အတိုင်းပြောနေသူကြောင့် မတက်သာတဲ့တဆုံး လွန်းဝင်ပြောရတော့သည်။ကြာရင်ဆရာဝန်က အမြင်ကပ်ပုဒ်မနဲ့ဆေးအပ်ကြီးကြီးနဲ့ဖင်ထိုးနေအုန်းမယ်။

လုပ်ရဲမဲ့ပုံလည်းမပေါ်ပါဘူး ခုတောင်ဖင်တုန်အောင်ကြောက်နေတာကို!

"ကိုယ်ကသက်သာနေပါပြီ အဆင်ပြေပါတယ်လွန်းရယ်"

"ကောင်းပြီလေ သက်သာတယ်ဆိုလည်း ကျွန်တော် ပြုစုနေစရာမလိုတော့ဘူးပေါ့ အဲ့ဒါဆိုအိမ်ပြန်တော့မယ်"

"ဟာ...မပြန်နဲ့လေ..လာပါအုန်း"

"အ့"

လွန်းရဲ့လက်ကိုဘဆွဲကာကုတင်ပေါ်ထိုင်စေပြီး လွန်းရဲ့ကိုယ်လုံးလေးကို သိမ်းကြုံးဖက်လိုက်သည်။ လွန်းလည်ပင်းလေးကို မျက်နှာအပ်ကာ နှာခေါင်းလေးနဲ့ပွတ်ဆွဲလိုက်ပါသေးသည်။

"ဟုတ်ပီ... ဟုတ်ပီ... နောက်တပတ်ထပ်နေမယ်...နော် လွန်းက.ကိုယ့်အနားမှာပဲနေပါ"

"ဟို..ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုန်းceo"

တုန့်ပြန်သံတောင်မပြောတဲ့တဆုံး ဒေါက်တာအခန်းလေးထဲကနေ ကိုယ့်အသိနဲ့ကိုယ်ထွက်လာရင်းစိတ်ထဲကနေပြောနေမိသည်။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Where stories live. Discover now