အပိုင်း ၁၇

7K 111 5
                                        

EP17

လွန်း အိပ်ရာနိုးလာတော့ ခံစားမိလိုက်တဲ့အေးစက်မှုတခု။ အရင်က အိပ်ရာထတိုင်း နွေးထွေးအောင် ထွေးပွေ့ထားတဲ့ရင်ခွင်ကအခုတော့ မရှိပါ။

အလိုမကျစွာ လေးလံတဲ့မျက်လုံးကို ဖွင့်လိုက်တော့ ခြေထောက်က နာကျင်တဲ့ခံစားမှု။

လွန်း ဆောင်တွင်းမှာ ဒါဏ်ရာရမှာကို အတော်ဆိုးပါသည်။ အအေးဒါဏ်နဲ့ဆိုတော့ အနာကပို၍နာပါသည်။

ဘေးဘီကို မျက်လုံးဝေ့ကြည့်မိတော့ မြင်ချင်နေသူအားမတွေ့ရပေ။ ရေချိုးခန်းထဲလည်းမရှိ။ မျက်နှာသစ်အဝတ်စားလဲပြီး အောက်ထပ်ဆင်းတော့လည်း အရိပ်ယောင်ပင်မတွေ့ရ။

"သခင်လေး...မနက်စာစားတော့မလား"

"မစားချင်ဘူးကြီးမြ ဗိုက်မစာသေးလို့"

"ဟုတ်ကဲ့...လိုအပ်တဲ့ချိန်ပြောပါနော်"

"ဟုတ်ပါ...အော်...ဒါနက်ကြီးမြ...ဟို...သူ.."

တကယ်ပါဘဲ ဘယ်လိုခေါ်ရမှာလဲ ဦးမုန်းတံတိုင်း လို့ခေါ်ရင်လဲ မကောင်းဘူး!

"သခင်ကြီးက company သွားပါပြီ...ကြီးမြတို့ကို သခင်လေးလိုအပ်တာတွေ လုပ်ပေးဖို့မှာထားပါတယ်"

"အော်...ဟုတ်လား...ကျွန်တော်ပြောချင်တာက အဟွန်း...ဟို မနက်စာကိုခနနေမှ လာစားမယ်လို့ပြောမလို့ပါ"

လွန်း မျက်ခုံးလေးတွေစုကျုံ့မိသည်။

အစောကြီးကို ပြီးတော့ သူကCEO ပဲ နောက်ကျလို့လည်း ဘယ်သူမှပြောမနေဘူး!

မနက်စာလည်း စားချင်စိတ်မရှိတော့တာနဲ့ အိမ်ပေါ်တက်ပြီး ကုတင်ထက်ပစ်လှဲလိုက်တော့သည်။

....
......
........

တိတ်စိတ်နေတဲ့ အစည်းဝေးခန်းမထဲ အသက်ပင်ကျယ်ကျယ် မရှူရဲလောက်အောင်တိတ်ဆိတ်နေသည်။

အရင်ကလည်း အပြုံးအရယ်နည်းသူဖြစ်တဲ့ Mone Group CEO မုန်းတံတိုင်ကို ဝန်ထမ်းများသာမက ရှယ်ယာရှင်များက ပါတုန်နေအောင်ကြောက်ကြသည်။

"ဟို ceoခင်ဗျ အဲ့ကိစ္စကိုဘယ်လိုသဘောရပါသလဲ"

စူးရဲတဲ့မျက်ဝန်းတစုံက လပ်တော့ကိုကြည့်နေရာမှ တင်ပြချက်ပေးနေသောသူထံသို့အရောက်..မျက်ခုံးတစုံကအနည်းငယ်စုသွားသည်။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Where stories live. Discover now