EP 7
လွန်း မနက်နိုးလာတော့ ဘာရယ်မဟုတ်အခန်းထဲကိုတချက်ကြည့်မိလိုက်သည်။ တစ်ယောက်သူကတော့ မရှိပေ။
အိပ်ရာပေါ်ကဆင်းကာ ရေချိုးခန်းဝင်လိုက်သည်။
မနေ့တုန်းက ပင်ပန်းထားလို့ထင်ပါရဲ့တချိုးထဲအိပ်ပျော်သွားသည်။ အခုရေချိုးလိုက်တော့ လူကလန်းဆန်းသွားပြီဖြစ်သည်။
လွန်းရေချိုးခန်းကနေ ပြန်ထွက်လာတဲ့ အထိထိုသူကပြန်မရောက်သေးပေ ။
"ဒီအချိန်ကြီး အလုပ်သွားတာတော့မဟုတ်လောက်ပါဘူး"
လွန်း နာရီတချက်ကြည့်တော့မနက်6နာရီခွဲ။
လွန်း ဆက်တွေးမနေတော့ပဲ အခန်းပြင်ထွက်ဖို့လုပ်တုန်း အခန်းတခါကပွင့်လာသည်။
တဘက်တစ်ထည်ကို လည်ပင်းတွင်တင်၍ အားကစားဝတ်စုံနဲ့သူက မျက်နှာမှာချွေးများကမနည်းမနောနဲ့ဖြစ်သည်။
"နိုးပီးလားလွန်း ကိုယ်က မနိုးလောက်သေးဘူးထင်နေ တာ"
"ကျွန်တော့်ကို ကာလနဂါးများမှတ်နေလား"
လွန်း ပြောလိုက်တဲ့ဘုကျကျစကားကို သူကဟက်ဟက်ပတ်ပတ်ရယ်တော့ လွန်းအံကြိတ်လိုက်မိသည်။
"နောက်နေ့ ကိုယ်နဲ့လိုက်ပြေးမလား"
"မပြေးဘူး "
"ဘာလို့လဲ လွန်းရဲ့ ကျမ်းမာရေးကောင်းပါတယ်"
"အဲ့တာကြောင့်မို့ ပိုတောင်မလုပ်တာလေ အသက်တိုအောင်"
လွန်း တမင်ရွဲ့ပြောနေပေမယ့် ထိုသူလွန်းကို ကြည့်တဲ့အကြည့်တွေက ရယ်မြူးရိပ်များကို လွန်းမြင်နေရသည်။ ကြည့်နေရင်းနဲ့ကိုလွန်း သူ့မျက်နှာကိုစွဲလုပ်ပလိုက်ချင်တယ်စပ်ဖြီးဖြီးနဲ့ရုပ်က။
မုန်းရဲ့မနက်ခင်းလေးက အခုဆိုအဓိပ္ပါယ်လေးတွေရှိနေပြီဖြစ်သည်။ အမြဲတယောက်ထဲစားနေကြပေမယ့် အခုတော့ချစ်ရသူလေးနဲ့အတူစားရတာက ပို၍ပင်စားကောင်းစေတယ်ထင်ပါသည်။
တခုပဲ လွန်းက အခုထိသူ့ကိုအမြင်မကြည်သေးတာဖြစ်သည်။
မုန်း အရင်လိုအထီးမကြန်တော့ပေမယ့် အချစ်မခံရသေးဘူး။
VOCÊ ESTÁ LENDO
သေလောက်အောင်မုန်းတယ်သေ သည်ထိချစ်မယ်...(Completed )
Paranormalသေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက်ရှိအရှပ်လေး" UKE. လွန်းစစ်သွေး အရပ်..5ပေ8 အသက်.25 "မုန်းလိုက်တာခများကိုသိပ်မုန်းတာပဲကျနော်ကိုချစ်တ...
