အပိုင်း ၄၁

6.6K 100 13
                                        

ep 41

"ကိုကိုကလည်းကွာ ဘာမှမဖြစ်ပါဘူးဆိုနေ "

"မဆိုးနဲ့ကွာ လွန်း ကိုကိုက စိတ်ပူလို့ပြောနေတာ"

"ကိုကိုရယ် လွန်းဆရာဝန်ကြီးကို မေးပြီးပါပြီ နော် ကိုကိုမယုံရင် ထပ်မေးကြည့်လိုက်"

ဗိုက်ပူလေးနဲ့လွန်း ကိုယ်ဝန်ဟာ အခုဆို ၇လ ကျော်လို့နေကာ ဗိုက်လေးက သိသိသာသာ ပူလာသည်။

သူ့အင်္ကျီတွေနဲ့ မတော်တော့လို့ လွန်းဟာ အခုဆို မုန်းအင်္ကျီတွေပဲယူဝတ်နေသည်။ မုန်း ခန္ဓာကိုယ်က ကြီးကြာမို့ ဗိုက်ပူလေးနဲ့လွန်းနဲ့တောင် အနည်းငယ်ပွနေသေးသည်။

အခုလည်း လွန်းက USAက မုန်းဖိုးဖိုး စီအလည်သွားချင်နေတာဖြစ်သည်။ ဟိုတလာ လွန်းဆေးရုံတက်ရတုန်းက ဖိုးဖိုးရောက်လာကာ တစ်လလောက်နေသွားပြီးမှ ပြန်သွားသည်။

သဘောကောင်းကာ ကလေးချစ်တက်တဲ့ ဖိုးဖိုးနဲ့ ကလေးဆိုးလေးလွန်းက အပေါက်လမ်းတည့်ကာ အခုလည်း ဖိုးဖိုးကို လွမ်းလွန်းလို့ပါဆိုပြီး လိုက်ပို့ရန်ပူဆာနေသည်။

"လွန်းကလည်းကွာ လွန်း မွေးလို့ရင် ဖိုးဖိုးကလာအုန်းမှာတဲ့ အဲ့ကျမှ တွေ့ကြလေ အခုဟာက ဗိုက်ထဲက သားသားလေးအတွက် သီးခံလိုက်ပါအုန်း ကိုကို့အဆိုးလေးရယ်"

လွန်း ဆေးရုံမှာ သတိမေ့မေစဥ် မက်တဲ့အိမ်ထဲကအတိုင်း အန်ထရာဆောင်း ရိုက်တော့ သားသားလေးဟု သိရသည်။

"ကိုကို ကကွာ..."

"ပြွတ်"

မုန်း နှတ်ခမ်းလေးထော်ကာ မကြေနပ်နေတဲ့ လွန်းအား ထော်နေတဲ့နှတ်ခမ်းလေးကို ဆွဲနမ်းပစ်လိုက်သည်။

"ကိုကို့...ဖယ်ကွာ မနမ်းနဲ့"

လွန်း ကိုကို့ နမ်းနေရာမှ ရုန်းလိုက်တော့ ကိုကိုကဖက်ထားရာမှ မလွှတ်ပေးပေ။

"ဟောဗျာ ကိုကိုက ကိုကို့ယောကျာ်းလေးကို မနမ်းရင် ဘယ်သူ့သွားနမ်းရမှာလဲ"

"ဘူ့မှ မနမ်းနဲ့"

"ဟင် ...မရပါဘူးကွာ တစ်ယောက်ယောက်ကို သွားနမ်းမှပါ"

မုန်းပေါင်ပေါ်ထိုင်နေတဲ့ လွန်းကို အသာဆွဲမကာဖယ် မယ်လုပ်တော့ လွန်းက မုန်းလည်ပင်းလေးကို ဆွဲဖတ်ထားသည်။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Место, где живут истории. Откройте их для себя