EP 28
ဟန်လင်းရောင် နောက်ကို မျှော်လင့်တကြီးလှည့်ကြည့်လိုက်မိသည်။
ဟုတ်သားပဲ သူမျှော်လင့်ထားသူက ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။စိတ်ပျက်သွားပင်မယ့် ဟန်ဆောင်ကာ မူပိုစွာသရုပ်ဆောင်လိုက်သည်။
"မောင့် လွှတ်ပါ သူများအိမ်မှာ အဲ့လိုမလုပ်ပါနဲ့"
"မောင်က ရောင့်ကိုသတိရနေတာ"
ဟန်လင်းရောင် ပြည့်စုံအောင်ပါးအားကိုင်ကာပြုံးပြလိုက်သည်။
"မောင်ရယ် ရောင်လဲ မောင့်ကိုအရမ်းလွှမ်းနေပါ အင့် အဟင့်"
ပြောရင်းငိုမဲ့မဲ့ ဖြစ်လာတဲ့သူကြောင့် ပြည့်စုံအောင် စိတ်မကောင်းချေ။အဲ့တာ မောင်အသုံးမကြလို့ပါရောင်ရယ် မောင့်အပစ်တွေပါ။
"မောင်လေ မာမီတို့ဆီကနေ မရရအောင် မောင်ရုန်းထွက်မယ် ပြီးရင် မောင့်အစွမ်းအစနဲ့ ရောင်နဲ့မောင် နှစ်ယောက်တစ်ဘဝတည်ဆောက်ကြမယ်...မောင့်နောက်ကို လိုက်ရဲတယ်မလားရောင်"
ဟန်လင်းရောင် မျက်နှာပျက်သွားသည်။သူလိုချင်တာက ပြည့်စုံအောင်မိဘဆီကအမွေပင်။ ပြည့်စုံအောင်ကိုမဟုတ် အစကမိဘတွေခွဲလို့ သဘောမတူတဲ့သူကို အမွေတောင်းခိုင်းကာ သူနဲ့နေဖို့တွေးပေမဲ့ အခုကြ အမွေမတောင်းဘူးတဲ့။
"မောင်ရယ် ရောင်...ကြောက်တယ် မောင်မိဘတွေကို ရောင် ကြောက်တယ်မောင်ရဲ့.. အဟင့်"
"မောင်ရှိပါတယ်ကွာ မောင်လေ ရောင့်ကို ကာကွယ်ပေးမှာမို့ မောင်နဲ့လိုက်ခဲ့ပါ"
"ဟင် မလိုက်ဘူး...ဟို...ဟို..မောင့်ကိုရောင့် ကြောင့်ဒုက္ခရောက်မှာကို ရောင်မလိုချင်ဘူး လေ အဲ့တာကြောင့်ပါ"
"မဟုတ်တာရောင်ရယ် မောင်ရွေးချယ်ထားတဲ့ လမ်းလေ အခုမောင်လေ တိုက်ခန်းလေးတစ်ခန်းငှားထားတယ် ရောင်နဲ့နေဖို့ မောင်တို့ တရားရုံးမှာလက်ထက်ကြမယ် မောင်အကိုမုန်း company မှာလည်းအလုပ်ရှိတယ် မောင်ရောင့်ကို ဝအောင်ကြွေးပြီး လှအောင်ဆင်နိုင်ပါတယ်ဗျ"
ဟန်လင်းရောင် အကြပ်ရိုက်နေသည်။မဖြစ် သူလိုက်သွားလို့မဖြစ်ပါ မလိုက်လည်းမလိုက်ချင်ဘူး ဘာမှမရှိတော့တဲ့လူတစ်ယောက်ကို သူမလိုအပ်တော့ဘူးလေ။
ESTÁS LEYENDO
သေလောက်အောင်မုန်းတယ်သေ သည်ထိချစ်မယ်...(Completed )
Paranormalသေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက်ရှိအရှပ်လေး" UKE. လွန်းစစ်သွေး အရပ်..5ပေ8 အသက်.25 "မုန်းလိုက်တာခများကိုသိပ်မုန်းတာပဲကျနော်ကိုချစ်တ...
