EP 18
"ဟုတ်ကဲ့အဖိုး...ကျွန်တော် နားလည်ပါတယ်...ဟုတ်ပါဗျာ... စိတ်ချပါ"
*........*
"ကျမ်းမာရေးဂရုစိုက်အုံး အဖိုး...နောက်ကြမှအဖိုးမြေးသမတ်လေးကို ခေါ်လာခဲ့မယ်...ဟုတ်ကဲ့...ဒါပဲနော်အဖိုး"
တစ်ပတ်ရှိပြီဖြစ်သည်။မုန်း လွန်းကိုရှောင်နေတာ။ သူမနေနိုင်ဘဲ လွန်းကိုသူအရမ်းလွမ်းနေမိပြန်သေးသည်။
အခုလည်းအဖိုးက ဖုန်းဆက်သည်။ အားရင်လွန်းကို အလည်ခေါ်ခဲ့အုန်းဆိုသည်။
လွန်းကရောလိုက်ချင်ပါ့မလား လွန်းစိတ်ကျည်းကျပ်သွားမလား!
"ဟူး...."
လွန်း မနက်နိုးလာတော့ မတွေ့မှန်းသိပေမယ့် ရှာနေမိသည်။
မနက်တိုင်းဆိုလည်း အစောကြီးအလုပ်သွား။ မနက်စာလေးတောင် အတူတူမစားရဘူး။ နေ့လည်ဆိုလည်း တယောက်ထဲပဲစားရသည်။ ညနေစာကြပြန်တော့အတူတူတော့စားရပါရဲဲ့ ပြီးတာနဲ့ အလုပ်ခန်းထဲတန်းဝင်သွားပြီး ဘယ်ချိန်ပြန်လာမှန်းလည်းမသိပေ။
အစကတော့ အလုပ်အရေးကြီးလို့ထင်နေမယ့် နောက်ပိုင်းသိသိသာသာ ရှောင်နေတာသိလာသည်။
"ဟွန့်! အဲ့လိုနေလို့ရမလား ဒီကငြိမ်နေလို့အကောင်းထင်နေတာလား စိတ်ဆိုးနေတာလဲမဟုတ် ဒီနေ့တော့ဦးမုန်းတံတိုင်း ခများနဲ့ကျွန်တော်အပြတ်ရှင်းမယ်....လူကိုယူထားပီးပစ်ထားတယ်ပေါ့"
လွန်း ဖုန်းလေးထုတ်ကာ တစ်ဦးတည်းသောသူယ်ချင်းလေး မှိုင်းတခွင် စီဆက်လိုက်သည်။
*အေး ပြော ဟရောင့်*
"ဒီနေ့ည clubသွားဖို့လာခေါ်"
*ဟ!..မင်း ဟိုတလောကဖြစ်တာ မမှတ်သေးဘူးလား ရန်ထပ်ဖြစ်နေအုန်းမယ် "
"ကျစ် မိချောင်းမသားရာ မင်းကိုငါ့သယ်ရင်းဆိုတာသိတယ်ကွ လာခေါ်မှာလား ငါဘာသာသွားရမလား"
*အေးကွာလာမယ် ငါလည်းညစ်နေတာကွပြီးတော့ငါ့အဖေကလဲ ဟိုတလောကဆူထားလို့ခြေငြိမ်နေရတာ ကြာတော့ပျင်းလာပြီ*
"အေး အဲ့ဆိုညနေလေးနာရီလောက်လာခေါ် ဟရောင့်"
*အေး*
VOCÊ ESTÁ LENDO
သေလောက်အောင်မုန်းတယ်သေ သည်ထိချစ်မယ်...(Completed )
Paranormalသေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက်ရှိအရှပ်လေး" UKE. လွန်းစစ်သွေး အရပ်..5ပေ8 အသက်.25 "မုန်းလိုက်တာခများကိုသိပ်မုန်းတာပဲကျနော်ကိုချစ်တ...
