အပိုင်း ၁၆

7K 118 5
                                        

EP 16

"ကျစ်...သူစိတ်ဆိုးသွားတာလား "

လှည့်ထွက်သွားတဲ့ ကျောပြင်လေးကို ရုတ်တရက်မြင်လိုက်ရတော့ လွန်း စိတ်ထဲသူတမျိုးထင်သွားမှာဆိုးနေမိသည်။

"ကဲ...သစ္စာ...ကိုယ်သွားရတော့မယ်..အပြင်မှာကိုယ့်အမျိုးသား စောင့်ရတာကြာနေလောက်ပြီ ခွင့်ပြုပါအုန်း"

တဖက်က သူမရဲ့မျက်နှာပျက်သွားသော်လည်း သူအပြင်ကိုသာထွက်လာခဲ့လိုက်သည်။

ကားကို မှီကာစီးကရက်သောက်နေသောသူရှေ့ရပ်မိတော့ တဖက်လူက မော့ကြည့်လာသည်။

"အဟွန်း...ဟိုလေ...သူနဲ့က..မတော်တဆတွေ့..."

လွန်းဘက်ကသာ ပြောနေပေမယ့် စီးကရက်သောက်မပျက်တဲ့သူကြောင့် မျက်ခုံးတန်းတို့အနည်းငယ်စုကြုံမိသည်။

"ဘာဖြစ်လို့လဲ"

"ဟင့်အင်း ဘာမှမဟုတ်တော့ဘူး အခုပြန်ကြတော့မလား"

"လွန်းသဘောလေ ...လွန်းပြန်ချင်လို့လား"

ထို့နောက်အိမ်သို့ပြန်လာလိုက်ကြသည်။ အိမ်ပြန်ရောက်တော့ခြံထဲမှာ အလုပ်တွေသွားစစ်နေတဲ့လူကြီးကြောင့် လွန်းတစ်ယောက် ပျင်းနေရပြန်သည်။

ချလောက်!...

တံခါးဖွင့်သံကြားပေမယ့် အိပ်နေရာမှထမကြည့်မိပါပေ။

မုန်းအခန်းထဲဝင်လာတော့ သူ့ကိုကျောပေးအိပ်နေတဲ့သူလေးကိုကြည့်ကာ သက်ပြင်းဖွဖွချမိသည်။

ဟိုမိန်းကလေးနဲ့တွေ့တုန်းက မုန်းရင်ထဲမှာသွေးတွေဆူပွတ်လာသလိုခံစားပါသည်။

ဘာလုပ်ရမှန်းမသိခင် မုန်းတွေးမိတာက လွန်းကိုမချုပ်ချယ်ချင်တော့တာပဲမို့ လှည့်ထွက်လာခဲ့ရသည်။

စွန့်လွှတ်နိုင်လို့လားဆိုတော့ မစွန့်လွှတ်နိုင်ပါပေ။ ချစ်လွန်းလို့တောင်အရယူထားရတာဟာ အလွယ်တကူ လက်လွှတ်ဖို့မဟုတ်ပေ။

ဒါပေမယ့် အခုမုန်း လွန်း အတွက်ထည့်တွေးပေးသင့်တယ်မဟုတ်လား။ လွန်းသူ့အနားက ထွက်မသွားရင်ရပါပြီ။ လွန်းအတွက်ဆို မုန်းရင်ဆိုင်နိုင်တယ်၊ ပေးဆပ်ရဲတယ်၊ တခုပဲ လွန်းကိုတော့မုန်းအဆုံးရှုံးမခံနိုင်ဘူး။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Tempat cerita menjadi hidup. Temukan sekarang