Ep 36
"လွန်းမှာ ကိုယ်ဝန်ရှိတာ တကယ်လား... သေချာရဲ့လား..."
"သေချာပါတယ် ceo ...ကိုယ်ဝန်က တစ်လကျော်လောက်တော့ရှိပါပြီ ceoရဲ့အမျိုးသားက မွေးရာပါ သားအိမ်ပါတာဖြစ်လို့ အခုလိုယောက်ျားရပြီး သုတ်ပိုးနဲ့ ထိတွေ့ဖန်များတာရယ်ကြောင့် ကလေးရတာပါ...ဒီလိုဖြစ်စဥ်ကယုံကြည်ဖို့ခက်ပြီး ရှားပါးပေမယ့်...ဆေးပညာရဲ့လေ့လာချက်အရ ယောက်ျားတစ်ရာမှာ တစ်ယောက်ကတော့ သားအိမ်ပါတက်ကြပါတယ်"
မုန်း ဆရာဝန်ရဲ့စကားတွေကိုသေချာမကြားရပါ။သူရဲ့အသိနဲ့သတိက လွန်းနဲ့လွန်းရဲ့ ဗိုက်ထဲက သူတို့ ရင်သွေးလေးစီအလုံးစုံရောက်နေသည်။
မုန်း ကုတင်ထက် အိပ်မောကြနေတဲ့ လွန်းဘေးနားကို အသာလေးထိုင်ကာ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
"ကိုကို့ အဖိုးတန်လေးက ကိုကို့အတွက် ရတနာလေးကို အဖိုးမဖြတ်နိုင်တဲ့ပြည့်စုံမှုလေးဖြစ်စေတဲ့အတွက် ကျေးဇူးပါ လွန်းရယ်"
အကုန်လုံးဝမ်းသာပီတိများဖြင့် ပြုံးနေမိသည်။ တစ်စုံတစ်ဦးကလွဲလို့ပေါ့။
လွန်းမျက်လုံးအိမ်လေးများ လှုပ်ရှားကာ မျက်လုံးလေးကို အသာအယာဖွင့်လိုက်သည်။မစိမ်းသက်သည့် အခြေအနေမို့ ဒီနေရာက သူတို့အိပ်ခန်းမှန်း လွန်းသိနေသည်။
နိုးနိုးချင်း ဝမ်းနည်းလာတဲ့စိတ်တို့က ဖြစ်ပေါ်လာသည်။လွန်း နိုးလာတာမြင်တော့ ကိုကိုက လွန်းအနားကိုလာတော့ လွန်းကိုကို့ကို မြင်နေရပေမယ့် သတိရစိတ်တို့ပိုကာ မုန်းအားဖက်၍ငိုတော့သည်။
"ဟင့်...ကိုကို"
"အင့်...ဟင့်...ကိုကို့ကို လွန်းအရမ်းလွမ်းတာပဲ...အဟင့်...ပြီးတော့လဲ...အဟင့်...ရင်ဘတ်ထဲမှာအောင့်နေတယ်"
မုန်း လွန်းကို ပြန်ဖက်ထားပေးကာ တသိမ့်သိမ့်တုန်နေတဲ့ကျောပြင်လေးအားပုတ်ပေးနေမိသည်။
"လွန်း...လွန်းလေး...ကိုကို့အချစ်လေးရေ"
"အင့်...ကိုကိုကလဲ...လွန်းငိုနေတယ်လေ...အဟင့်...အဲ့လိုလုပ်နဲ့...ကိုကို့"
![](https://img.wattpad.com/cover/325131078-288-k652700.jpg)
VOCÊ ESTÁ LENDO
သေလောက်အောင်မုန်းတယ်သေ သည်ထိချစ်မယ်...(Completed )
Paranormalသေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက်ရှိအရှပ်လေး" UKE. လွန်းစစ်သွေး အရပ်..5ပေ8 အသက်.25 "မုန်းလိုက်တာခများကိုသိပ်မုန်းတာပဲကျနော်ကိုချစ်တ...