အပိုင်း ၂၆

5.4K 108 7
                                        

ep 26

ဟန်လင်းရောင် လွန်းတို့အိမ်ရောက်နေတာ တပတ်ကျော်ရှိနေပြီ ဖြစ်သည်။ လွန်းကိုလည်း သူ့အား သနားလာစေရန် ကလိမ်ကကျစ်နဲ့ အမျိုးမျိုးပြောတော့ လွန်းက သူ့ဆိုရင်အရမ်းသနားပြီး အမြဲဦးစားပေးသည်။ တနည်းအားဖြင့် ယုံကြည်မှုကို အရယူထားတာပေါ့။

မုန်းနဲ့ကတော့ စကားတောင်ကောင်းကောင်းမပြောဘူးပါ။ မုန်းက သူ့အားရှိတယ်လို့တောင်မထင်။ အပြုံးလေးတချက်တောင် ရက်ရောစွာမပေး အမြဲခက်ထန်သောအကြည့်ဖြင့်သာကြည့်သည်။

ဒါတွေကြောင့် ဟန်လင်းရောင်က မုန်းအားပိုမိုတက်မက်လာသည်။သူ့အား ချစ်ကိုချစ်လာရမည်။ မုန်းစိတ်ထဲကနေ လွန်းစစ်သွေး ဆိုတဲ့သူကိုအမြစ်ကနေထုတ်ပစ်ပြီး သူကနေရာအပြည့်ဝင်ယူမယ်။

မုန်းက စစ်သွေးကို စိတ်ပြတ်ပြီး မုန်းတီးလာစေရမယ် စောင့်ကြည့်နေလိုက်!

စိတ်ထဲကနေ ကြိမ်းဝါးနေသောဟန်လင်ရောင်ကလွန်းပြန်လာတာမြင်တော့ အနားကိုသွားလိုက်သည်။

"စစ်သွေး ပြန်လာတာမြန်လှချည်လား"

"ဟုတ်တယ် အကိုဟန်လင်း ကိုကိုက အရေးကြီးစည်းဝေးလုပ်နေတာနဲ့ ပျင်းလို့ပြန်လာတာ"

နူးညံ့မှုတို့နဲ့အတူ ပြုံးပြကာပြောလာတဲ့ လွန်းခမျာ ယုန်ပေါက်လေးသဖွယ်ဖြူစင်လွန်းလှပါသည်။

ဟန်လင်းရောင် ဟန်လုပ်ပြုံးရင်းမှ...

"စစ်သွေး ထမင်းဟင်းချက်တက်လား အကိုမုန်းကို ကိုယ်တိုင်ချက်ကျွေးပါ့လားကွာ"

"ဟို ကျွန်တော် မချက်တက်ဘူး အကိုဟန်လင်း  "

မျက်နှာငယ်လေးဖြင့်ပြောလာတော့ ဟန်လင်းရောင်က အားတက်သရောဆက်ပြောပြန်သည်။

"စစ်သွေး သိလား ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူချက်ကျွေးတာကို စားချင်ကြတယ် ပြောရရင်ကွာ ပီတိလေးပေါ့ ချစ်ရတဲ့သူ ကိုယ်တိုင်ချက်ထားတာပါလားဆိုတဲ့ အရာက သူတို့အဖို့ အချစ်ပိုရတယ် စစ်သွေးရဲ့"

လွန်းခေါင်းညိမ့်ကာထောက်ခံတော့ စကားဆက်သည်။

"အကိုသင်ပေးမှာပေါ့ လာ..အကိုက ဟင်းချက်တဲ့နေရာဆရာကြီးနော် "

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Tempat cerita menjadi hidup. Temukan sekarang