အပိုင်း ၆

10.5K 202 20
                                        

EP 6

လွန်း လောကကြီးနဲ့အဆက်သွယ်ပြတ်သွားတာဘယ်လောက်ကြာမှန်းမသိတော့ပါ။

လွန်း မျက်လုံးလေးကိုအသာလေးဖွင့်မိတော့ မြင်လိုက်ရတာက လွန်းသိပ်မုန်းတဲ့ထိုသူမျက်နှာ..

လွန်းတဖက်ကိုမျက်နှာလွှဲလိုက်တော့ မေမေကဘေးမှာထိုင်နေသည်။

"ဟင်..မေမေ ငိုထားတာလား"

မေမေမျက်ဝန်းအိမ်မှာမျက်ရည်လေးများအပြည့်။

လွန်း သိပ်မှားသွားတာပဲ ကိုယ့်အတွက်ပဲတွေးပီး မိဘတွေကိုထည့်မစဥ်းစားမိခဲ့လေဘူး။

"သားလေး...ဘယ်လိုဖြစ်ရတာလဲကွယ်..မေမေ့မှာစိတ်ပူလိုက်ရတာ.."

"သား အဆင်ပြေပါတယ်မေမေ စိတ်မပူနဲ့နော် သားတောင်းပန်ပါတယ်"

"မဟုတ်တာသားရယ်..မေမေသားလေးသာ တခုခုဖြစ်ရင်မေမေ လောကကြီးမှာအသက်ဆက်...."

လွန်း မေမေကိုစကားဆုံးအောင်ပြောခွင့်မပေးတော့ပါ မေမေ့ပါကိုရွတ်ကနေအောင်နမ်းပီးပြုံးလိုက်ကာ...

"မေမေကို သားကဘာမှ ဖြစ်ခွင့်မပေးဘူးမေမေ"

လွန်း မုန်းတံတိုင်း ဘက်သို့လှည့်လိုက်သည့။

"ပွဲကို စလိုက်ကြရအောင် "

"ဟုတ်ပီ လွန်း"

မုန်းသိတယ် လွန်းကသူ့မိဘကို စိတ်မပျက်စေရဘူးဆိုတာ ဒါကြောင့်တမင်သူစိတ်ပြောင်းစေအောင်လုပ်ခဲ့တာပဲဖြစ်သည်။

......
........

မင်္ဂလာစင်မြင့်ပေါ်တွင် ငယ်ရွယ်ပီးချောမောလှတဲ့သတို့သားဟာ အဖြူရောင်သတို့သားဝတ်စုံနှင့်လိုက်ဖက်စွာခန့်ညားနေသည်။

မျက်နှာတွင် အပြုံးအရယ်မရှိပေမယ့် မာကြောနေသည်မဟုတ်ပဲ တည်ကြည်လွန်းလှသည်။

တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ စင်ထက်တွင်ရပ်နေသောသတို့သားအကြည့်တို့က အခန်းမဝင်ပေါက်တွင်သာ တည်မြဲနေသည်။

ခန အကြာမှာတော့ မုန်းမျက်နှာထက်မှာအပြုံးပန်းလေးတွေဝေဆာလာခဲ့တယ်။

အကြောင်းကတော့ မြင်လိုက်ရတဲ့အဖြူရောင်ပုံရိပ်လေးကြောင့်...

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Место, где живут истории. Откройте их для себя