အပိုင်း ၂၇

5.4K 100 5
                                        

Ep 27

လွန်း နိုးထလာတဲ့အချိန်ဆောင်းတွင်းရဲ့အအေးက အတော်ကိုခိုက်ခိုက်တုန်စေသည်။ အမှတ်တမဲ့ ဆောင်ကို အားရပါးရဆွဲလိုက်တော့ လက်ကဘနာကျင်မှုကအသည်းခိုက်လှသည်။

"လွန်း နိုးပြီလား အိပ်ရေးမဝဘဲနေအုန်းမယ် ပြန်အိပ်အုန်းလေ"

မုန်းညက တစ်ညလုံး ကောင်းကောင်းမအိပ်ရသော လွန်းအားစိတ်ပူကာ သူလည်းတရေးမှမအိပ်ရပါ။ ဆောင်းတွင်းမှာဖြစ်သောကြောင့် ညက လွန်းခမျာတစ်ညလုံး ညည်းညူကာ မျက်ရည်စက်လက်ဖြစ်ခဲ့ရသည်။

"ဟင့်အင်း ကိုကို လွန်းမအိပ်ချင်တော့ဘူး အိပ်လို့လဲမရတော့ဘူး မျက်စိကြောင်သွားပြီ"

လွန်းကိုကို့အား ပြုံးပြကာပြောလိုက်သည်။အပြုံးတို့က အားပျော့နေသည်ကိုပင် ကိုကိုကသတိပြုမိသည်ထင်ပါရဲ့ လွန်းပါးပြင်လေးအားဖိကပ်နမ်းလာသည်။

"လွန်း ကိုကိုလေ လွန်းကို သိပ်ချစ်တယ်သိလား ဒါကြောင့်မို့ လွန်းက ကိုကိုအချစ်လျာ့သွားမှာကိုတွေးပူစရာမလိုဘူး ကိုကို့ကို လွန်းအများကြီးပစ်မကြွေဖို့သာ ကြိုးစားနော်အဆိုးလေး"

"မရဘူးလေ ကိုကိုနော် လူကို အဲ့လိုအပြောလေးတွေနဲ့ လာလာမခြွေနဲ့ဗျ ဒီလူကအရင်ကတည်း ကိုကို့ရဲ့အပြုံး၊ကိုကို့ရဲ့အပြော၊ကိုကို့ရဲ့တော်ကီတွေကြား တဖြုတ်ဖြုတ်ကြွေနေတာဗျ မွ"

နှုတ်ခမ်းလေးထော်ကာပြောလာပြီး ပါလေးအားအသံမည်အောင်နမ်းနေတဲ့မုန်းရဲ့အဆိုးလေး။

"လာထ မနက်စာစားရအောင် ကိုကိုမျက်နှာသစ်ပေးမယ်"

"ဟုတ် ....အမလေး....ကိုကို!"

လွန်းကိုယ်လေးကို ပွေ့ချီကာ ရေချိုးခန်းထဲကဘေစင်ဘောင်လေးပေါ်ချပေးပြီး သွားတိုက်ဆေးလေးထည့်ပေးတယ်၊ပလုတ်ကျင်းဖို့ရေပေးပြီး မုန်းကိုယ်တိုင်မျက်နှာနုနုလေးအား အသာလေးထိကာတယုတယလေးမျက်နှာသစ်ပေးနေသည်။ လွန်းကတော့ ပတ်တီးစည်းထားတဲ့ ညာဘက်လက်လေးကို ရေမဆိုအောင်အထက်သို့ အနည်းငယ်မြှောက်ထားလိုက်သည်။

ဒါဏ်ရာအရှိန်နဲ့လွန်းဟာ ကိုယ်ငွေ့အနည်းငယ်နွေးနေတာကြောင့် ရေတော့မချိုးပေးတော့ပါ။ရေချိုးခန်းထဲက နေထွက်လာတော့ လွန်းကိုကုတင်ပေါ် အသာယာလေးချပေးကာ တဘက်လေးနဲ့ဖွဖွလေးသုတ်ပေးလိုက်သည်။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Место, где живут истории. Откройте их для себя