ep 40
မုန်း အိမ်ပြန်ရေချိိုးအပြီး အဝတ်စားလဲရန် ပြင်ဆင်နေချိန် ဆေးရုံကဖုန်းဝင်လာ၍ ကောက်ကိုင်လိုက်တော့ တဖက်ကဆေးရုံအုပ်ကြီးက ပြောလာသည်။
*ceo mone ခွဲစိတ်မှုအောင်မြင်ပါတယ်ခဗျာ အခုပဲ ceoအမျိုးသားကို VIP ခန်းထဲပြောင်းထားလိုက်ပါပြီ"
"ကျုပ်အခု အမြန်လာခဲ့မယ်"
မုန်း အောက်ထပ်သို့အမြန်ဆင်းကာ အိမ်ရှေ့ရောက်တော့ ဖိုးရှန်က ကားဘေးမှာ အဆင်သင့်စောင့်နေသည်။
"ဖိုးရှန် ကားကိုအမြန်မောင်းပေး"
"ဟုတ်ကဲ့ပါ "
မုန်းဆေးရုံကို ရောက်တော့ ဆေးရုံအဝင်ပေါက်မှာ ဆေးရုံအုပ်ကြီးက ရပ်စောင့်နေရှာသည်။ မုန်းက အရှေ့ကနေ လျောက်သွားလိုက်ပြီး ဆေးရုံအုပ်ကြီးက နောက်နားကနေ ကပ်လိုက်လာသည်။
"လွန်း သတိရဖို့ အချိန်ဘယ်လောက်ကြာအုန်းမလဲ"
"ဟို...ဟိုအဲ့တာက"
"ဘုန်း!"
မုန်းဘေးနားက အမှိုက်ပုံကိုကန်ထည့်လိုက်သည်။
လွန်းနဲ့ပတ်သက်ရင် သူတိကျတဲ့အဖြေကို လိုချင်သည်။နောက်ထပ်သူ နည်းနည်းလေးမှအမှား မခံနိုင်တော့ပါ။
"မေးနေတယ်လေ "
"ဟုတ်ကဲ့...ဟုတ်ကဲ့ပါ...ဖြေ...ဖြေပါ့မယ်ခဗျာ"
ဆေးရုံအုပ်ကြီးခမျာ ကြောက်လန့်၍ အသံပင်တုန်နေရသည်။
"နောက် 48နာရီအတွင်း သတိရလာနိုင်ချေရှိပါတယ် ခဗျာ"
"ကျီ..."
ဆေးရုံတံခါးဖွင့်သွားတော့ လွန်းကိုယ်လုံးလေးဟာ ဆေးရုံကုတင်လေးပေါ် မှာ ဆေးပိုက်တန်းလန်းလေးနဲ့ ဖြစ်နေသည်။ ခေါင်းမှာလည်း ပတ်တီးလေးနဲ့ ဖြစ်ပြီး လွန်းမျက်ခွန်လေးတွေ နှုတ်ခမ်းလေးတွေက ဖူးယောင်နေသည်။ဗိုက်ကလေးကတော့ အနည်းငယ်ပူနေဆဲဖစ်သည်။
မုန်းသတိမထားမိခင် ပါးပြင်ပေါ်မှာ ပူနွေးနွေးအရည်တချို့ ဖြစ်သန်းစီးဆင်း သွားသည်။မုန်း ထိုမျက်ရည်တွေကိုလည်း မသုတ်မိပါ။

ESTÁS LEYENDO
သေလောက်အောင်မုန်းတယ်သေ သည်ထိချစ်မယ်...(Completed )
Paranormalသေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက်ရှိအရှပ်လေး" UKE. လွန်းစစ်သွေး အရပ်..5ပေ8 အသက်.25 "မုန်းလိုက်တာခများကိုသိပ်မုန်းတာပဲကျနော်ကိုချစ်တ...