အပိုင်း ၃၄

5.8K 104 8
                                        

ep 34

လွန်း မုန်း သောင်းကြမ်းထားတာကြောင့် အပြန်ကားမမောင်းနိုင်တော့လို့ ဘေးကနေအိပ်လိုက်လာသည်။ အိမ်ရောက်တော့လည်း မုန်းကပဲပွေ့ချီကာအခန်းထဲသိပ်ပြီး သန့်ရှင်းရေးလုပ်ပေးကယ သူပါလွန်းကို ရင်ခွင်ထဲထည့် အိပ်လိုက်တော့သည်။

............

"ဟာ ကိုကိုကလဲကွာ မရဘူး မရဘူး လွန်းစားချင်နေတဲ့ဟာကို လာမတားနဲ့"

"ဟောဗျာ အချစ်ကလေးရယ် ကိုကိုက မစားစေချင်လို့ပြောတာမဟုတ်ပါဘူး အချစ်လေးဗိုက်အောင့်မှာဆိုးလို့"

"အီးဟီး.. ကိုကိုက လွန်းကို မချစ်တော့ဘူး သူများစားချင်တာကို ပေးမစားဘူး ကပ်စီးကုပ်နေတာ အီဟီး...အင်းပေါ့အချိန်တွေကြာပြီဆိုတော့ အချစ်တွေပေါ့ကုန်မှာပေါ့ အီဟီး"

မျက်ရည်တွေရော နှပ်ရေတွေရောပါထွက်အောင်ငိုနေတဲ့ လွန်းကြောင့် ceo မုန်းကြီးခမျာ ပြာယာခက်နေရပြီဖြစ်သည်။

"လွန်းကလည်းကွာ ကိုကိုက လွန်းကို ချစ်တာပေါ့ အခုဟာက အရမ်းစပ်လို့ပြောနေရတာလေကွာ ခများလေးကို မချစ်လို့မဟုတ်ရပါဘူး"

မုန်းပြောနေတဲ့လေသံကိုသာ တခြားသူတွေကြားရင် သွေးတက်သေလောက်မည်။ အေးပေါ့လေအခုပြောနေတာ တခြားသူမှမဟုတ်တာ လွန်းစစ်သွေး ဆိုတော့ မုန်းတံတိုင်း ရဲ့အချစ်တော်လေးကိုး။

"အီးဟီး...ခများလေးတဲ့...လူကို ခများတွေဘာတွေနဲ့ အီးဟီး...သေချာပါပြီ ကိုကိုက လွန်းကိုမချစ်တော့တာ အီးဟီး"

မုန်းခမျာ ရှေ့က သရက်သီးသုတ်ပန်းကန်ကို စားပွဲပေါ်ပြန်ချပြီး  စားပွဲကြီးပေါ်မျက်နှာအပ်ကာ ငိုနေတဲ့လွန်းကို ပခုံးကနေဆွဲယူတော့ အတင်းရုန်းနေသည်။

"လွန်း ကိုကို့ကိုကြည့် ကလေးလေးကလဲကွာ ကိုကို့ကို့ကို​ကြည့်လို့ အချစ်လေးရေ ကိုကို့အသဲအသက်လေးကလဲ"

"အီးဟီး...တွား ကြည့်ဝူး ခေါ်နက်"

"တကယ်မကြည့်ဘူးလား"

"ကြည့်ဝူး"

"ဟုတ်ပြီလေ လွန်းက မမြင်ချင်တော့ရင် ကိုကိုကထွက်သွားပါ့မယ်"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Donde viven las historias. Descúbrelo ahora