အပိုင်း ၃၇

5.8K 106 7
                                        

ep 37

လွန်းရဲ့ဗိုက်လေးဟာ တနေ့တစ်ခြားပူပူလာသည်။ ဗိုက်လုံးလုံးလေးနဲ့လွန်းဟာ အစားအသောက်ဆို လာထားအာဘွားမို့ အခုဆိုလူက ဝတုတ်ပြဲလေးနဲ့ ဗိုက်ပူလေးလွန်းဟာ အသဲယားစရာကောင်းသည်။

လွန်းမိဘတွေကလည်း သူတို့သားလေးအတွက်ဝမ်းသာပြီး လိုလေသေးမရှိအောင်ကို ပြင်ဆင်ပေးကြသည်။

"ကြီးမြ ဒီနေ့စျေးသွားပြီး ကြက်မြစ်ကြက်သဲဆီပြန်လေးချက်ပေးပါ့လား လွန်းစားချင်လို့"

မနက်စာ စားနေတဲ့လွန်းက နေ့လည်စာအတွက်ကြီးမြကို ပူစာနေသည်။ကြီးမြကလည်း ခေါင်းတညိမ့်ညိမ့်နဲ့ လွန်းစကားကို အလိုလိုက်ကာထောက်ခံနေသည်။

ကလင်!...ကလင်!

ဧည့်ခန်းက အိမ်ဖုန်းက ဖုန်းလာတာကြောင့်ကြီးမြသွားကိုင်လိုက်သည်။

"သခင်ကြီး ဆေးရုံကတဲ့ ဖုန်းလာနေတယ်"

"ဟုတ်ပြီ လာပြီ"

မုန်း ကြီးမြစီကဖုန်းကို လက်လွဲယူကာ နားထောင်းလိုက်တော့

*ceo မုန်းပါလားခဗျာ"

"ဟုတ်တယ်"

*ဟုတ်ကဲ့ ကျွန်တော်ဆေးရုံအုပ်ကြီးပါ ceoမုန်းရဲ့လူနာ ပြည့်စုံအောင်သတိရလာပါပြီ*

"သူ့မိဘတွေရော အသိပေးပြီးပြီလား"

*ဟုတ်ကဲ့လာနေကြပါပြီတဲ့ဗျ အခုကျွန်တော်ceoကိုအကြောင်းကြားတာပါဗျ"

"အင်း...ဟုတ်ပြီ အကောင်းဆုံးဂရုစိုက်ပေးလိုက်ကြ"

*ဟုတ်ကဲ့ဗျ... ဒါဆိုceo ဖုန်းချလိုက်တော့မယ်ဗျ*

ဆေးရုံအုပ်ကြီးခမျာ ဆေးရုံတစ်ခုလုံးကို ဟောက်စားလုပ်နေပေမယ့် မြန်မာနိုင်ငံရဲ့ No.1သူဌေးကြီး ဦးမုန်းတံတိုင်းကို တော့ဝပ်ပြားနေအောင် ဆက်ဆံပြောဆိုသည်။

မုန်း ဖုန်းချကာ မနက်စာစားနေတဲ့ လွန်းဘေးပြန်ထိုင်ကာ လွန်းနှုတ်ခမ်းထောင့်လေးမှာ ပေနေတဲ့မုန့်စလေးတွေကို တစ်ရှူးလေးနဲ့အသာလေးဖိသုတ်ပေးရင်း ဟန်လင်းရောင်ကိုပြောလိုက်သည်။

"ပြည်စုံအောင် သတိရလာပြီ အဲ့ဒီတော့ မင်းသူနဲ့သွားပြန်နေပေးလိုက် "

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Onde histórias criam vida. Descubra agora