EP 10
ဒေါက်တာ ထွက်လာတာမြင်တော့ လွန်းဒေါက်တာ့အနားအပြေးသွားမိသည်။
"လူနာက ခေါင်းမှာသွေးယိုနေပါတယ် အရေးပေါ်သွေးလိုအပ်နေတယ် ပီးတော့လှေကားပေါ်ကပြုတ်ကျတဲ့အချိန်ခေါင်းကို အတော်ထိခိုက်ထား တာတွေ့ရပါတယ် ဒါကြောင့်ကျွန်တော်တို့အနေနဲ့ခွဲစိတ်ရပါမယ် လူနာရှင်သဘောတူပါလား"
"ဗျာ.. ခွဲစိတ်ရမယ်..ဟင့် .."
"ဟုတ်ကဲ့ အရေးပေါ်အခြေအနေမို့လို့ပါ"
လွန်း အရမ်းကြောက်နေမိပြီး သူ..သူကိုတခုခုဖြစ်သွားမှာကို အရမ်းစိတ်ပူနေမိသည်။
"ဟုတ်ကဲ့..သဘောတူပါတယ်...အကောင်းဆုံးကြိုးစားပေးပါ"
"ကျွန်တော်တို့လည်း ceo မုန်းကို အကောင်းဆုံးကုသပေးပါ့မယ်"
လွန်း လက်မှတ်ထိုးပီးခနအကြာ ခွဲစိတ်ခန်းထဲကိုဆရာဝန်ကြီးတွေဝင်သွားကြသည်။
"သား....သားငယ်လေး"
"မေမေ ...ဟင့်..မေမေသားလေ ..သား...သူ့ကိုသေချာလုပ်တာမဟုတ်ပါဘူး...အဟင့်..သားမရည်ရွယ်ပါဘူး...သား သူတခုခုဖြစ်သွားမှာကို..ဟင့်...ကြောက်တယ်"
"သား...သားလေး...မေမေ့ကိုကြည်စမ်း...သားစိတ်ကိုလျော့ထားနော် ...သားမုန်းက ဘာမှဖြစ်မှာမဟုတ်ပါဘူးကွယ်"
မေမေက လွန်းမျက်ရည်လေးတွေ သုတ်ပေးရင်းပြောလာသည်။ လွန်းမေမေ့ ရင်ခွင်ထဲမျက်နှာအပ်ပီးငိုနေမိသည်။ မေမေပြောတဲ့စကားသံတွေကိုလည်းဘလွန်းမကြားတော့ပါ။
အခုချိန်လွန်းနားထဲက ကြားယောင်နေတာက ကားပေါ်မှာ မုန်းပြောခဲ့တဲ့စကားများကိုသာဖြစ်သည်။
အဲ့စကားကို ကြားလိုက်တဲ့အချိန် လွန်းရဲ့နှလုံးသားလေးထဲ အနည်းငယ်တုန်လှုပ်သွားရသည်။
"သား..ဘယ်လိုတွေဖြစ်ရတာလဲသားရယ်...ဖေဖေကိုပြောပါအုန်း"
လွန်းအကြောင်းစုံပြောပြတော့ဖေဖေက လွန်းခေါင်းလေးပုတ်ပြီး စကားတချို့ပြောလာသည်။
"သား..သားသိလား..မောင်မုန်းတံတိုင်းသားကိုလက်ထပ်ချင်တယ်ပြောတုန်းက အဖေတို့ငြင်းခဲ့တယ်"
STAI LEGGENDO
သေလောက်အောင်မုန်းတယ်သေ သည်ထိချစ်မယ်...(Completed )
Paranormaleသေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက်ရှိအရှပ်လေး" UKE. လွန်းစစ်သွေး အရပ်..5ပေ8 အသက်.25 "မုန်းလိုက်တာခများကိုသိပ်မုန်းတာပဲကျနော်ကိုချစ်တ...
