အပိုင်း ၂

13.2K 245 2
                                        

ဒေါသတို့ကို မြိုသိပ်ကာ ထိုနေမှမောင်းထွက်လာသည့် မုန်းတံတိုင်း။

"မကြာခင် မင်းကကိုယ့်အပိုင်ဖြစ်လာစေရမယ်"

စူးရှသည့်အကြည့် ချွန်ထက်တဲ့နှာတံရဲ့အောက်မှာ ပနာတင့်စွာစေ့စေ့ပိတ်ထားတဲ့နှုတ်ခမ်းကနေထွက်ကြလာတဲ့ထိုစကား...

တွန့်ချိုးနေသည့်မျက်ခုံးအစုံတို့ကလည်း ယခုချိန်ထိပြေလျှော့ခြင်းအလျှင်းမရှိပါဘဲ မောင်းလာသည့်ကားလေးရဲ့ဦးတည်ရာက လွန်းစစ်သွေး တို့အိမ်ကိုဖြစ်သည်။

........
........

တိုက်ခက်လာတဲ့ လေပြေညှင်းလေတွေနဲ့အတူလွန်း နှုတ်ဖျားမှထွက်ကျလာသည့်စကားလေးများက အနည်းငယ်တုန်ယင်လို့နေသည်။

"ကိုယ်တို့ လမ်းခွဲကြရအောင်သစ္စာ"

"ရှင်..ကို.ဘာပြောလိုက်တယ်"

ထွက်ပေါ်လာတဲ့ချစ်ရသူရဲ့အသံလေးက ရင်ကိုအစိမ်းလိုက် ခွဲနေသလိုနာကျင်ရပြန်သည်။

"ကို...ကိုယ်.တောင်းပန်ပါတယ်သစ္စာ "

"ဟင့်အင်း...ကို..သစ္စာကိုမနောက်ပါနဲ့ ကိုရယ် ဟင့်..အလိုကြီး မစပါနဲ့လားဟင်"

ငိုသံရောရှိုက်သံပါ ရောနေသည့်ချစ်ရသူရဲ့အသံလေး...
လွန်း ရင်ထဲနာကြင်ရပါသည်။

"ဖြေရှင်းချက်ပေး ကို ...သစ္စာကို ဖြေရှင်းချက်လေးတော့ပေးပါ"

တိတ်ဆိတ်နေမိသည်။ ကိုယ့်စီကဖြေရှင်းချက်ကိုလိုချင်သည်တဲ့လားကွာ။

ဘယ်လိုပြောထွက်ရက်ပါ့မလဲ။ သူ့ကိုလမ်းခွဲပီးယောကျာ်းတယောက်နဲ့လက်ထက်ရမယ့် အကြောင်းကိုလေ။

မနေ့ညက တညလုံး ထိုကိစ္စကိုသေချာစဉ်းစားမိသည်။

အဖြေက ဘယ်လိုပဲဖြစ်ဖြစ်နောက်ဆုံး ဆုံးဖြတ်လိုက်ရသည်က ထိုသူကိုလွန်းလက်ထပ်ရန်ပင်ဖြစ်သည်။

"ကိုယ့်..လက်ထပ်ရတော့မယ် သစ္စာ ဖေဖေစီစဉ်တဲ့မင်္ဂလာပွဲကို ကိုယ်​ငြင်းလို့မရတော့ဘူး"

"ကို.. ရယ် သစ္စာကိုယ့်ကိုချစ်တယ် မခွဲနိုင်ဘူး ဟင့်..မထားခဲ့ပါနဲ့"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Where stories live. Discover now