EP 24
ဧည့်သည်လာတယ်ဆိုလို့ မုန်းအောက်ထပ်ဆင်းလာတော့ လာလည်သည့်ဧည့်သည်က ပြည့်စုံအောင်။ပြည့်စုံအောင်က မုန်းနဲ့ စီးပွားတူမိတ်ဆွေတွေဖြစ်ပြီး အဖိုးနဲ့လည်းသားချင်းမကင်းပေ။ အဖိုးညီရဲ့မြေးလို့ဆိုပြီး မုန်းနဲ့ကတော့ညီအကိုတွေလိုပါပဲ သူကမုန်းထက် အနည်းငယ် ငယ်သည်။
"အကို အလုပ်များနေလား"
"မများပါးဘူးကွာ လာရင်းကိုဆိုစမ်းပါအုန်း"
ပြည်စုံအောင်က သက်ပြင်းသဲ့သဲ့ချလိုက်ပြီးမှ လာရင်းကိစ္စကိုဆိုလာသည်။
"ဒီလိုပါအကို ကျွန်တော့်ကောင်လေးနဲ့ ကျွန်တော့ကို အိမ်ကသဘောမတူဘူးအကို.. ဒါပေမယ့်ကျွန်တော်သူ့ကို သိပ်ချစ်တယ်အကိုရယ် သူကလဲ ကျွန်တော့ကိုချစ်ပါတယ်"
"အင်း ဆက်ပြောပါအုန်း"
"အိမ်က အကြောင်းကိုလဲ အကိုသိတဲ့အတိုင်ပဲ အခုလုံးဝခါးခါးသီးသီးဖြစ်နေတာ.. ဒုက္ခပေးကြလိမ့်မယ်ဆိုတာ ကျွန်တော် သိနေတယ်ဗျာ.. ကျွန်တော့်ကောင်လေးတွက် အလုံခြုံဆုံးက အကို့အရိပ်မို့ပါဗျာ ကူညီပါ"
"တခြားသူသာဆို အကိုမကူညီနိုင်ပေမယ့် မင်းမို့အကိုကူညီမေးမယ် တခုပဲ အကို့စည်းကမ်းကိုလိုက်နာမှရမယ်နော်"
"ဟုတ်ကဲ့ပါအကိုရယ် ကျွန်တော်ပြောပြထားပါ့မယ်"
"ဟုတ်ပြီ ဘယ်နေ့လာမှာလဲ"
"အခုပါလာတယ် အကို "
"အင်း ခေါ် လိုက်ပါ"
ပြည့်စုံအောင်သွားခေါ်တုန်း သူလည်းအပေါ်ထက်တက်ပြီး ချစ်ရသူကို သွားခေါ်သည်။လွန်းလည်းသိထားရမယ်လေ ဒါမှအခြေအနေအကဲခတ်ပြီး လွန်းနဲ့အဆင်မပြေရင် တခါတည်းလုပ်သင့်တာလုပ်ရအောင်လို့ပေါ့။
"လွန်း "
ရုတ်တရက်ခါးကိုလာဖက်ကာ ဂုတ်လေးကိုနမ်းရှိုက်နေတဲ့သူကြီး။
"လွန်း အိမ်ကို ဧည့်သည်တစ်ယောက်လာနေမယ် ကိုကို့မိတ်ဆွေရဲ့ကောင်လေး........"
မုန်းအကြောင်းစုံ ပြောပြလိုက်တော့လွန်းက ခေါင်းလေးငြိမ့်ရင်း ပြန်ဖြေလာသည်။
ESTÁS LEYENDO
သေလောက်အောင်မုန်းတယ်သေ သည်ထိချစ်မယ်...(Completed )
Paranormalသေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက်ရှိအရှပ်လေး" UKE. လွန်းစစ်သွေး အရပ်..5ပေ8 အသက်.25 "မုန်းလိုက်တာခများကိုသိပ်မုန်းတာပဲကျနော်ကိုချစ်တ...
