ep 43
မုန်း လွန်းလက်ကလေးကို မလွှတ်တမ်းဆုပ်ကိုင်ထားသည်။ လွန်းလက် ကလေးတွေကလည်း တုန်ရီလို့နေသည်။
ဆေးရုံက တွန်းလှည်းပေါ် မှာ လွမ်းဟာ ဖွားခန်းထဲသို့ ဝင်ရန် တွန်းလှည်းနဲ့ သွားနေတာဖြစ်သည်။
ဗိုက်ထဲက နာကျင်လွန်းတာကြောင့် လွန်းမျက်ရည်များကလည်း ကျဆင်းနေသည်။သို့ပေမယ့် ရင်သွေးလေးက လူ့လောကထဲရောက်ဖို့ အားတင်းထားသည်။
"လွန်း အားတင်းထားနော် မကြောက်နဲ့ ကိုကိုရှိတယ်"
"ဟင့် ကိုကို့ နာတယ်"
"သားလေးရယ် ခနပဲနော် သည်းခံထားပါကွယ်"
လွန်းမေမေကလည်း အားပေးနေသည်။
လွန်း သားဖွားခန်းထဲရောက်သွားပြီး တံခါးပိတ်တဲ့အထိ မုန်း မျက်စိတဆုံးကြည့်နေမိသည်။
"သား အင်္ဂုလိမာလ သုတ်ရလား"
"မရဘူး အမေ"
"အေးပါ အမေပဲရွတ်လိုက်မယ် အဲ့တာက မီးဖွားရ လွယ်ကူတယ်လေ "
မှိုင်းတခွင်ရော ဖိုးရှန်ရော လွန်းမိဘတွေရော အကုန် အစုံလင် ရှိနေကြသည်။
မုန်းခမျာ တံခါးဝမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။
.........
⌚⌚⌚(နာရီအနည်းငယ်ကြာသော်)
သားဖွားခန်းထဲကနေ ဆရာဝန်ကြီးထွက်လာသည်။
"သားလေး မွေးပါတယ်ခမျာ အချိန်က 3:24 ဖြစ်ပြီး သောကြာသားလေးဖြစ်ပါတယ်...ဖခင်ရော ကလေးရော ကျမ်းမာပါတယ်...ခနနေ အဆောင်ပြောင်းပြီးရင် တွေ့လို့ရပါပြီခမျာ"
ခနအကြာ လွန်းကို ဆရာဝန်တွေက အဆောင်ပြောင်းဖို့ သားဖွားခန်းထဲကနေ ခေါ်သွားတော့ လွန်းက သတိမရသေးဘူးဖြစ်သည်။
မုန်းတို့ အခန်းထဲကို တန်းမဝင်ရသေပေ။ ခနအကြာမှ မုန်းအခန်းထဲဝင်လာရသည်။
လွန်းက ကုတင်လေးပေါ်မှာအိပ်နေပြီး သားက ပုခတ်လေးထဲမှာ အိပ်နေတာဖြစ်သည်။
မုန်း လွန်းစီသွားကာ နှဖူးလေးကိုအနမ်းပေးလိုက်သည်။
"ကိုကို့ ကလေးလေး ပင်ပန်းနေရောပေါ့ အနားယူပါအုန်း အချစ်လေးရေ"
VOCÊ ESTÁ LENDO
သေလောက်အောင်မုန်းတယ်သေ သည်ထိချစ်မယ်...(Completed )
Paranormalသေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက်ရှိအရှပ်လေး" UKE. လွန်းစစ်သွေး အရပ်..5ပေ8 အသက်.25 "မုန်းလိုက်တာခများကိုသိပ်မုန်းတာပဲကျနော်ကိုချစ်တ...
