အပိုင်း ၁၂

5.5K 110 3
                                    

EP 12

မြန်မာနိုင်ငံအလယ်ပိုင်း၊ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်ရှိ ပုဂံဒေသတဝိုက်တွင် ရှေးဟောင်းအဆောက်အအုံများသည်လက်ညိုးထိုးမလွဲ။ ဦးရေအားဖြင့် (၂၀၀၀)ခန့်ရှိသောပုဂံမြေသို့ မုန်းတို့အလည်ရောက်နေပြီဖြစ်သည်။

ချစ်ရသူကိုစိတ်မချလို့ ကိုယ်ပိုင်လေယာဥ်နဲ့ရန်ကုန်ကနေပုဂံကိုလာခဲ့ခြင်းဖြစ်သည်။

လမ်းတလျှောက်လုံး တက်ကြွနေတဲ့ချစ်ရသူလေးကို ပုဂံအဝင်မှာ မုန်းလက်ကလေးကို ကိုင်ထားရင်း အမေးပြုလိုက်သည်။

"လွန်း...ရှုခင်းလေးတွေကို သိပ်သဘောကျတာပဲလား"

"ဒါပေါ့  ခရီးသွားရတာကိုလည်း ကြိုက်တယ် သဘာဝတရားကြီးကို ကြည့်ရတာသဘောကျတယ် အရမ်းပဲ"

"ကိုယ်ကတော့...လွန်းနဲ့အတူရှိနေတာရရင် ဘယ်နေရာမဆို ပျော်တယ်"

"ငရဲပြည်ဆိုရင်ရော ပျော်မှာလား"

"ဟက်...လွန်းကငရဲသွားမှာမို့လား...ကိုယ့်အကြောင်းကိုတော့သိသားပဲကွာ"

မုန်း စလိုက်တော့ဆူပုတ်သွားတဲ့မျက်နှာလေးနဲ့ ချစ်ရသူလေး။

"သွားစရာလား  ...ဟွန့်...ကုသိုလ်ကောင်းမှုတွေလုပ်ထားတာမှအများရီးနော်...သေရင်တောင်နတ်ပြည် အော်တိုရောက်မှာ"

"ဟား...ဟား...ဟုတ်ပါပြီ ဗျာ.. စွာလိုက်တာ"

လေယာဥ်ဆိုက်တော့ ကားတဆင့်စီးရသေးသည်။ ကားစီးပြီး နောက်ဆုံးတော့ မုန်းတို့နေမဲ့နေရာသို့ရောက်သည်။

"ဟင်...ဒါကဘယ်နေရာလဲ...ဟိုတယ်မှာမတည်းဘူးလား"

လွန်း ရှေ့မှာခြံအကျယ်ကြီးတခြံရှိနေပြီး အရမ်းကိုအရိပ်ကျကာ သစ်ပင်ကြီးများကအုံမှိုင်းလျှက်ရှိနေသည်။

ခြံအဝင်ကဆိုင်းပုဒ်နမည်ကြီးနမည်ကလည်း အထင်းသားရှိနေသည်။

"တောဇီးကွပ်...ပုန်းရည်ကြီးခြံလုပ်ငန်းလား...ဒါက"

"ဟုတ်တယ်လေ ဒါကိုယ့်ခြံ ပုဂံမှာကိုယ်ပိုင်ဟိုတယ်တွေရှိတယ် ...ဒါပေမယ့် မတည်းချင်ဘူး အေးဆေးနေချင်လို့ လွန်းမနေချင်ရင်တော့ ကိုယ်ဟိုတယ်တစ်ခုလုံးကိုပိတ်ခိုင်းလိုက်မယ် ကိုယ်တို့ပဲနေရအောင်"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Donde viven las historias. Descúbrelo ahora