အပိုင်း ၄၇

7K 93 3
                                        

Ep 47

မုန်းတို့ မိသားစုလေးယောက်သား အခုပုဂံကိုရောက်နေတာဖြစ်သည်။

သားကြီး မုန်းမဟာသွေးလေးက အခုဆို ငါးနှစ်ပြည့်ကာ သမီးငယ် မုန်းလင်္ကါသွေးလေးက တော့ သုံးနှစ်ပြည့်ပြီဖြစ်သည်။

သားနဲ့သမီးအတွက် အဆင်မပြေမှာဆိုးလို့ မုန်းက hotel မှာပဲတည်းဖို့​ပြောပေမယ့် လွန်းကခြံထဲမှာသာ တည်းမည်ဟု ရာဇသံပေးတဲ့အတွက် မုန်းခမျာ သားနဲ့သမီးကို စည်းရုံးရပြန်သည်။

အခုတော့ သားနဲ့သမီးက ခြံထဲမှာ အတော်ပျော်နေပုံရသည်။ ဘကြီးမိုးတို့ရယ် တခြားသူတွေရယ်တဲ့အတူ ခြံထဲပတ်ကစားနေကြသည်။

"ကိုကို ညကျမီးပုံပွဲ လုပ်ကြရအောင်"

"လွန်းသဘော"

"ကိုကို ညကျ အသားကင်လေးရောနော်"

"လွန်းသဘောပါ ဗျာ"

"ကိုကို ညကျ လွန်း..."

"ကဲ တော်ပါတော့စစ်သွေးရယ် လူလဲ နားတွေ ငြီးနေပြီ "

ဘေးနားမှာ ထိုင်နေတဲ့ မှိုင်းတို့ကိုမှ အားမနာ ကဲကဲသဲသဲလုပ်နေသော သူငယ်ချင်းအားကြည့်မရလို့  မှိုင်းတခွင် ဝင်ပြောလိုက်ရသည်။

"ဟ... နားငြီးရင် နားပိတ်ထားလေ "

"နားနဲ့မဆံတော့ဘူး မင်းဟာကလွန်ကို..."

"မှိုင်း မောင်နဲ့ ခနလိုက်ခဲ့အုန်း...သူဌေး ခွင်ပြုပါအုန်းနော်...အကိုစစ် သွားလိုက်ပါအုန်းမယ်ဗျ"

စစ်မှူး လင်တော်မောင်အား မနည်းချောစွဲခေါ်လာရသည်။

သူပြောချင်တာသာ စွတ်ပြောနေတာ ဘေးပတ်ဝန်းကျင်လည်း မသိဘူး။ ဟိုက မျက်ထောင်နီကြီးနဲ့ကြည့်နေတာ ကိုယ်တော်ချောက မသိဘူး ဒါကြောင့်အမြန်လစ်ပြီး မှိုင်းကို မှူးခေါ်လာရသည်။

မှိုင်းတို့ထသွားတော့ လွန်းက မုန်းလက်လေးကို အသာချိတ်ပြီး လက်မောင်းလေးနား ပါးလေးအပ်လိုက်သည်။

"လွန်း စကားမဆုံးသေးဘူး ဆက်ပြောမယ်နော်ကိုကို"

"ပြောလေ အချစ်ရယ်"

မုန်းက လွန်းဆံပင်လေးအား သပ်တင်ပေးရင်ပြောလိုက်သည်။

"ညကျ ​ လွန်းလေ..ဟို...ပင်ကျရေလေး နည်းနည်းသောက်မယ်နော် ကိုကို"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Completed )Место, где живут истории. Откройте их для себя