အခန်း(၁)

4.1K 35 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၁) 💜

"ရှင်က ‘ကမ္ဘာကျော်’ကုမ္ပဏီပိုင်ရှင်ရဲ့သားဆို ----"

'ပန်းလေး'မျှော်လင့်တကြီးမေးလိုက်ပေမယ့် အဲ့ဒီ့လူက 'ပန်းလေး'မေးတာကိုဖြေချင်သလိုလို မဖြေချင်သလိုလို အင်တင်တင်ဖြင့် ဟိုကြည့်ဒီကြည့်လုပ်နေလေသည်။ ဟိုကြည့်ဒီကြည့်ဆိုတာ 'ပန်းလေး'ကိုကြည့်နေတာတော့ မဟုတ်။ လမ်းပေါ်ကိုကြည့်သလိုလို ဆိုင်ထဲကိုကြည့်နေသလိုလိုဖြင့်။ 'ပန်းလေး'ကိုရှိတယ်လို့တောင် ထင်ရဲ့လားမသိဘူး။ အင်းပေါ့လေသူဌေးသားတွေဆိုတော့လည်း---

"အင်းဆိုပါတော့ --- "

စကားပြောပုံကိုကလည်း သူနဲ့ပြောနေတဲ့တခြားလူကိုဘယ်လိုဆက်ပြောရမှန်းမသိတဲ့အထိ စိတ်ထဲမှာ ဖြစ်သွား စေနိုင်သည်။

"ဒါဆို'ပန်းလေး'ကိုလေအဲ့ဒီ့ကုမ္ပဏီမှာအလုပ်ခန့်ပေးလို့ရမလား ---"

သူ့အကြည့်တွေက သူမဆီသို့ရောက်လာလေသည်။ သူမကကျစ်ဆံမြီးနှစ်ဖက်ကိုဆုပ်ကိုင်ကာ သူ့ကိုပြန်ကြည့် နေ၏။

"မင်းက--- "

သူက'ပန်းလေး'ကိုဘာပြောချင်မှန်းတော့မသိ။ 'ပန်းလေး'က'ပန်းလေး'ရဲ့နာမည်ကိုမေးတယ် ထင်သွားမိပြီး

"သြော် --- ဟုတ်'ရင်ဝှက်ပန်း'လို့ခေါ်ပါတယ် ---'ပန်းလေး'လို့ခေါ်လည်းရပါတယ် ---"

သူက'ပန်းလေး'ကို လက်ညှိုးထိုးနေရင်းကနေအကြည့်လွှဲလိုက်ကာ

"ဆောရီးငါမေးတာမင်းနာမည်မဟုတ်ဘူး ----"

သူမမျက်နှာအနည်းငယ်တော့ညှိုးကျသွားလေသည်။

"မင်းက'ခိုင်ဦး'ရဲ့အသိဆိုတာနော် ----"

"ဟုတ်ပါတယ် --- 'ကိုခိုင်ဦး'နဲ့အိမ်နီးနားချင်းပါ ----"

'ပန်းလေး'ဖြေလိုက်တော့ သူကခေါင်းကိုငြိမ့်သည်ဆိုရုံသာငြိမ့်လိုက်ပြီး အကြည့်တွေက တခြားသို့ပြန်ရောက် သွားပြန်သည်။

"'ခိုင်းဦး'က ငါနဲ့တော့သိပ်မရင်းနှီးပါဘူး --- ဒါပေမယ့် သူ့အသိတစ်ယောက်က အလုပ်လုပ်ချင်တယ်ဆိုပြီး ငါ့ဆီအကူအညီတောင်းလို့ ငါမင်းကိုတွေ့ကြည့်တယ်ဆိုရုံပဲ ---"

ဟန်​ဆောင်အမုန်း (Completed)Où les histoires vivent. Découvrez maintenant