prologue

5.5K 173 3
                                    

ကြိုတင်မသိနိုင်တဲ့ ကံကြမ္မာတစ်ဖက်ခြမ်းကို သူစိမ်းတစ်ယောက်အတွက်ပုံအပ်ပြီး စွန့်စားရဲသလား....

 စိတ်ကူးနဲ့တောင် တွေးကြည့်လို့မရတဲ့ ရူးမိုက်မိုက်လုပ်ရပ်တွေကိုဟာ တစုံတစ်ယောက်ကို ကာကွယ်ဖို့ဆို ရွေးချယ်စရာမလိုခဲ့ဘူး ။

ကမ္ဘတစ်ဖက်ခြမ်းကို အပြေးသွားခဲ့ပြီး ဒူးထောက်ခဲ့ရတဲ့ ကိုယ့်မာနတွေ.....

ရင်ထဲထိစူးစိုက်ဝင်နေတဲ့ စိတ်ဒဏ်ရာတွေ.......

မျှော်လင့်မိသမျှ ရိုက်ချိုးခံခဲ့ရတဲ့ အိမ်မက်တွေ......

မကချင်တဲ့ ဇာတ်ကွက်မှာ  ပျော်ပျော်ကြီး သရုပ်ဆောင်ရင်း ကိုယ်တိုင် ကိုမေ့သွားလောက်ရတဲ့အထိ သူ့အတွက် ပေးဆပ်ခဲ့ရပုံများ .... မယုံနိုင်စရာတွေ ။ 

အာဃာတတွေ ရှိသလားမမေးပါနဲ့ လူတစ်ယောက်ကို မေတ္တာသက်ဝင်ပြီးတဲ့နောက် အဲ့ဒီလူရဲ့ ချစ်ခြင်းမုန်းခြင်းတွေအားလုံးကို ခံယူမှတ်သားရင်း ပေးဆပ်မှာမို့ ပြန်ရတာ ဥပက္ခာဆိုလည်း အဆင်ပြေပါတယ်။ 

ဘဝထဲကို နွေးထွေးစွာ ဝင်ရောက်လာတယ် နေရောင်ခြည်လေးလို့ပေါ့ ......... အော် သူမသည်လည်း နေခြည်လို့ခေါ်တာပဲကိုး။ 

မေတ္တာတွေတိုးလို့  ချစ်တာကို ပိုပိုသာသာလေးပြောချင်ပါရဲ့ နေခြည်ရယ်................

ကမ္ဘကုန်ကျယ်သရွေ့ဆိုတဲ့ မင်းအကြိုက်ဆုံး စာသားလေးလိုပေါ့ ကိုယ့်မေတ္တာတရားဟာ အစအဆုံးမဲ့အချိန်အကန့်အသတ်မဲ့ပါတယ်ကွယ်။   

လိုချင်ရင်ယူပါ မလိုရင်လည်း လွယ်ကူစွာ စွန့်ပစ်နိုင်ပါတယ် ကိုယ်ဟာ မင်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ရင်ကို ကျေနပ်ပါတယ် နေရောင်ခြည်ငယ်.... တိတ်ဆိတ်စွာ ပြိုလဲခြင်းတွေကို မျက်ကွယ်ပြုနိုင်ပါစေ။ 

ကဗျာတွေကို မကြိုက်သလို စာတွေလည်း မစီတတ်တာမို့ မင်းနဲ့ ဝေးချိန်မှာ သီချင်းတွေကိုသာ အဖော်ပြုဖြစ်တယ်.... "  မုန်းလျှင်အပြစ် ချစ်လျှင်အကျိုး  မြတ်နိုးတော့သဒ္ဒါ.....  " အဲ့ဒီနောက်က စာသားကိုတော့ ဆက်မဆိုနိုင်တော့တာ နားလည်ပေးပါ။ 

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now