(14)Unicode

1.1K 121 5
                                    

ဒီလိုနဲ့ အတိတ်ကစခဲ့တဲ့ နိဒါန်းတွေဟာ ပစ္စုပ္ပန်မှာ အကြောင်းအရာတွေဖြစ်ခဲ့ပြီ။

မြို့လယ်က အဆောက်အဦးတစ်ခု.....မကြာသေးခင်ကမှ ပေါ်လာတဲ့ အဆောက်အဦးသစ်ကြီးဟာ ပိုင်ရှင် ဘယ်သူမှန်းမသိကြသေး။ ပြင်ပလူ ဝင်ခွင့်မရှိလို့ ရေးထားတဲ့ ဆိုင်းဘုတ်ဟာ အဝင်ဝက မှန်လည်တံခါးကြီးရှေ့တည့်တည့်ရှိနေသည်။ ကြံ့ခိုင်ပြီး သေချာလေ့ကျင့်ပေးထားပုံရသည့် လုံခြုံရေးနှစ်ယောက်ကလည်း အသင့်။ သူတို့ရှေ့တည့်တည့်ကို ဆိုက်ရောက်လာတဲ့ ကားတစ်စီးကို မြင်တာနဲ့ လုံခြုံးရေးတစ်ယောက်ကို သွားရောက်ကာ ကားတံခါးဖွင့်ပေးလိုက်သည်။ ဆင်းလာသူက သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး အနောက်တိုင်းဝတ်စုံအနက်ရောင်ကို ဝတ်ထားသည်။ လက်တစ်ဖက်က ပြောလက်စဖုန်းကို နားနားကပ်ထားပြီး ကျန်လက်တစ်ဖက်က ခပ်ထူထူဖိုင်တစ်ခုကို ကိုင်ထားသည်။ ခြေလှမ်းတွေက ခပ်သွက်သွက်နဲ့ ဦးတည်ရာက ဓါတ်လှေကားဆီ။

နံပါတ် ၁၃ သို့မဟုတ် လူတိုင်းတတ်ရောက်ခွင့် မရှိသော အထပ်သို့ ဦးတည်လိုက်သည့် ထိုအမျိုးသား။ မိနစ်ဝက်ခန့်အကြာ ဓါတ်လှေကားက ပွင့်သွားပြီး ပြောလက်စဖုန်းကို ချကာ အခန်းတစ်ခုဆီသို့ ဦးတည်လိုက်သည်။ လက်ဗွေရာနှင့် ဖွင့်ရသော အခန်းတံခါးနောက်ကွယ်မှာတော့ မြင်ကွင်းက တစ်မျိုးပြောင်းသွားသည်။ ကြီးမားသော စကရင်တွေက နံရံပတ်လည်မှာ နေရာယူထားပြီး ခန်းမအလယ်က နေရာလွတ်မှာ ကိုယ်စီကွန်ပျူတာများနှင့် အလုပ်ရှုပ်နေကြသူများ၏ ရုံးခန်း။ စတီးကြောင်လိမ်လှေကားမှ တဆင့် တက်သွားတော့ မှန်နံရံတွေကာရံထားသည့် သီးသန့်ခန်းတစ်ခုရှိနေသည်။

"ရောက်လာပြီလား လုပ်ခိုင်းတာတွေ အားလုံးအဆင်ပြေရဲ့လား "

သူဝင်ဝင်ချင်း ဆီးကြိုကာမေးခွန်းမေးလိုက်သူက အခန်းထဲက တခုတည်းသော စားပွဲမှာ နေရာယူထားသည့် နောက်ထပ် လူရွယ်တစ်ယောက်။ ပထမလူက ခါးကိုင်းကာ အရိုအသေပြုလိုက်ပြီး လက်ထဲက ဖိုင်ကိုလည်း စားပွဲပေါ် တင်လိုက်ရင်း....

" ပြေပါတယ် ဆရာ ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်ခွင့်လည်း ဒီနှစ်ပတ်အတွင်း ကျလာပါလိမ့်မယ် ပြီးတော့ နောက်တစ်ခုက ဆရာထည့်ခိုင်းတဲ့ သတင်းကလည်း မနက်ဖြန်မနက်ခင်းထွက်မယ့် သတင်းစာနဲ့ ဂျာနယ်တိုင်းမှာ ပါလာပါလိမ့်မယ် "

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now