(8)Zawgi (new version)

67 9 0
                                    

မနက်(၅)နာရီလောက်ပဲ ရှိသေးပေမယ့် လွင် ဝီရိယကောင်းစွာ နေခြည်တို့ အိမ်ရှေ့ရောက်နေသည်။ အိမ်အကူ ကောင်မလေးတစ်ယောက်က တံခါးလာဖွင့်ပေးလ်ု့ အိမ်ထဲ ရောက်တဲ့အခါ တစ်ယောက်မှ မတွေ့။"မမနေခြည်ကို မေမေကြီး သွားနိုးနေလို့ ခဏ ထိုင်စောင့်ပါဦးလို့မှာလိုက်ပါတယ်""ရပါတယ်"ပျာကလက်စိန် တစ်ယောက် အိပ်ယာမနိုးသေးဘူးဆိုတာ ကိုယ် သေချာပေါက်သိတာပေါ့။ သူ့အိမ်ကို အလည်လိုက်ချင်တယ်ဆိုလို့ လာခေါ်ခြင်းပင်။ ကျောင်းပိတ်ရက် တွေတိုင်းမှာ အိမ်ပြန်လေ့ရှိတဲ့ သူ့အတွက် တခါတလေ ပါလာသည့် ဟင်းတွေ မုန့်တွေကို အပိုင်စီးနေကျ ကောင်မလေးက ကိုယ်တိုင်ကိုယ်ကျ လိုက်လာပြီး မြည်းစမ်းချင်သည်တဲ့လေ။ ခဏကြာတော့ ညအိပ်ဝတ်စုံ ခရမ်းနုရောင်လေးနဲ့ ဆင်းလာတဲ့ ကောင်မလေး၊ မျက်နှာသစ်ရုံသာသစ်ထားပြီး ဘာမှ လိမ်းချယ်ခြင်းမရှိတဲ့ ကောင်မလေးဟာ အိပ်ချင်ပြေသေးပုံလည်းမပေါ်။ "ဝှား..... လွင် အစောကြီးပါလား ""အင်း မနက်ပိုင်းစေ◌ျးအမှီသွားရအောင်လေ မုန့်ဆမ်းစားချင်တယ်ဆို" "ဟုတ်သားပဲ မေမေ‌ရေ သမီးသွားတော့မယ် တနင်္ဂနွေနေ့ ညနေကျမှ ပြန်လာမှာနော် စိတ်ချ ""ညည်းကို စိတ်ချတယ် ငါက လွင်တို့တအိမ်သားလုံးအတွက်ပဲ စိတ်ပူတာ ...... လွင်ရေ သမီးမေမေကို ပြောလိုက်ပါဦးနော် အန်တီက ကြိုတောင်းပန်ပါတယ်လို့ အဲ့ဒီ ပျာကလက်စိန် အချိုးမပြောတာရှိရင်လည်း ဆုံးမပါလို့ "အန်တီက ကြိုတောင်းပန်ရှာသည်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ သူ့နောက်လိုက်လာတဲ့ ကောင်မလေးကတော့ အရေးတောင်မစိုက်၊ ကားပေါ်မှာ အကျအန နေရာယူပြီးပြီ။ ကားစထွက်တော့ အသင့်ဝယ်လာသည့် လက်ဖက်ရည်ချိုချိုလေးကို တိုက်ရပြန်သည်။ နေခြည်လေးက ကော်ဖီထက် လက်ဖက်ရည်ချိုကို ပိုကြိုက်သည်။ စားစရာ ရှိတာစား၊ သောက်စရာရှိတာသောက်ပြီးတော့ ထုံးစံအတိုင်း ထိုင်ခုံကျောမှီကို ချပြီး သက်တောင့်သက်သာ အိပ်ပြန်သည်။ ကားရေဒီယိုကို ဖွင့်လိုက်တော့ လွင့် အကြိုက်ဆုံးအဆိုတော်၏ သီချင်းသံက ခပ်အေးအေး ပျံ့လွင်လာသည်။ Darlin', darlin', darlin'I fall to pieces when I'm with you, I fall to pieces My cherries and wine, rosemary and thymeAnd all of my peaches (are ruined,My rose garden dreams, set on fire by fiendsAnd all my black beaches (are ruined)My celluloid scenes are torn at the seamsAnd I fall to pieces I fall to pieces when I'm with you. Cause I love you so much, I fall to piecesခပ်တိုးတိုး လိုက်ငြီးမိတဲ့ သံစဉ်တွေနဲ့ အတူ ကိုယ့် နှလုံးသားစည်းချက်တွေလည်း မြူးကြွနေခဲ့လေရဲ့။ ကိုယ့်စိတ်ကိုသာ အသိဆုံးမို့ ဒီအတိုင်း မင်းကို ငေးကြည့်နေရခြင်းမှာလဲ လိုဆင်ဆန္ဒဟူသမျှ ပြည့်စုံမြဲ။ အတူရှိတဲ့ နာရီတိုင်း မိနစ်တိုင်း စက္ကန့်တိုင်းကို ရပ်တန့်ထားမိချင်တဲ့အထိ ကိုယ် အတိတ်တွေကို နှမြောခဲ့တယ် နေခြည်ငယ်။ မပိုင်ရသေးတဲ့ မနက်ဖြန်တွေမှာ မသေချာခြင်းတွေရှိလာတဲ့ အခါ စိုးထိတ်မှုတွေနဲ့ အတိတ်ကိုသာ တွယ်ဖက်ချင်တဲ့ ကိုယ်ဟာ မင်းကို ချစ်ဖို့ကလွဲလို့ အရာရာမှာ သတ္တိမရှိသေးဘူး။မိုင်ပေါင်းများစွာ ခရီးနှင်လာပြီးတဲ့နောက် နှစ်ချို့တမာပင်တန်းကို လွန်လာခဲ့ပြီ။ ဘေးနားက ကလေးငယ်ကတော့ အိမ်မက်ကမ္ဘာမှာ ပျော်မွေ့နေဆဲ။ ကားအဲကွန်းပိတ်လိုက်ပြီးနောက် အလုံပိတ်ထားသော မှန်ချပ်များကို ချလိုက်သည်။ လတ်ဆတ်သောလေ ၊ တမာရနံ့တွေရောလွင့်နေသောလေ၊ လွတ်လပ်ခြင်းနှင့် အရိုင်းဆန်လှစွာသော လေထုသည် သက်ဝင်စွာ။ "နေခြည် ထ ထတော့ နေခြည်"ကိုယ့် အသံကြောင့် လူးလွန့်ကာ နိုးလာတဲ့ နေခြည်ငယ်ဟာ မျက်လုံးတွေကို ပွတ်သပ်ရင်း ပတ်ဝန်းကျင်ကို စူးစမ်းနေလေရဲ့။ ရောက်တော့မှာလား ဆိုတဲ့ မေးခွန်းကိုတောင် သန်းဝေရင်း မေးရှာသူ။လွင် ကားကို လမ်းဘေးထိုးရပ်လိုက်သည်။ သူတို့ရှေ့မှာ ရှိနေတာက ကားလမ်းကို ဖြတ်ကာ ဖောက်လုပ်ထားသည့် ကွန်ကရစ် ရေကျော်တံတားလေး။ နွေရာသီမို့ ကားလမ်းပေါ်မှာ ကြည်လင်သော ရေအလျင်က ခြေမျက်စိသာသာ ပမာဏအတိုင်း စီးဆင်းနေလေရဲ့။ တခါမှ မမြင်ဖူးသလို ထူးဆန်းနေသည့် နေခြည်ကြောင့် လွင် ပြုံးမိသေးသည်။ ကားအသွားအလာရှင်းတာမို့ သူတို့နှစ်ယောက် ရေထဲထိဆင်းကြသည်။ ဘေးနားပတ်လည် တမာရိပ်တွေကြားက ရေကျော်တံတားလေးသည် လွင်တို့မြို့၏ အမှတ်သညာတစ်ခု။ အလှကြိုက်တဲ့ ကောင်မလေးက ဓါတ်ပုံ ရိုက်ချင်သည်လို့ တောင်းဆိုလာတာကြောင့် လွင် မငြင်းနိုင်။ ပိုစ့်အမျိုးမျိုးပေးကာ ဓါတ်ပုံရိုက်နေတဲ့ ကောင်မလေးကို မနည်းတားရသည်။ ဆူပုတ်ပုတ်လေးဖြစ်နေတဲ့ ကောင်မလေးဟာ နောက်ကျရင် စေ◌ျးမမှီဘဲ စားချင်တဲ့ မုန့်မစားဘဲနေရလိမ့်မယ်ဆိုမှ သဘောတူတော့သည်။ လွင်တို့မြို့ဟာ မြို့ငယ်လေးဖြစ်တာကြောင့် သိပ်မစည်ကား။ မနက်ခင်းတိုင်းမှာ ရပ်ကွက်တစ်ခုတိုင်း၌ မနက်ပိုင်းစေ◌ျးရှိတတ်သည်။ မနက်ခင်း လေးနာရီလောက်က စခင်းသည့် စေ◌ျးဟာ ကိုးနာရီခွဲလောက်ဆို စေ◌ျးကွဲပြီ။ မြို့ကြီးတွေမှာ မရနိုင်သည့် ဒေသထွက်ကုန်အမျိုးမျိုးနဲ့ မြန်မာမုန့်အစုံရနိုင်သည်။ ဆောင်းဦးကာလ ကောက်သစ်ပေါ်ချိန်မှ ရတတ်သည့် မုန့်ဆမ်းစားချင်သည့် ကောင်မလေးမှာ မုန့်မစားရမှာကြောက်လို့ လွင့်စကားကို နားထာင်သည်။အိမ်ကို တန်းမပြန်သေးဘဲ စေ◌ျးကို ဝင်လာခဲ့တာမို့အစားသရဲလေးက ခုန်ဆွခုန်ဆွ နဲ့။ သူစိုးသူပိုင်နဲ့ စေ◌ျးထဲ လျှေက်သွားနေတဲ့ ကောင်မလေးဟာ စားချင်တဲ့ မုန့်ဆိုင်ရှေ့ရောက်ရင် သူ့ကို လှည့်ကြည့်ကာ မျက်နှာချိုသွေးတတ်သည်။ လွင်မီမီခိုင်တို့ဘဝမှာ အလျှော့ပေးခံရတယ့်သူဆိုတာ နေခြည်ငယ်လေးတစ်ယောက်ပဲ ရှိလိမ့်မည်။ လွင်တို့မြို့လေးက သိပ်ကျဉ်းတာမို့ တစ်ယောက်နဲ့ တစ်ယောက် မသိတာမျိုးလည်းမရှိ။ မေမေနဲ့ဖြစ်ဖြစ် မမနဲ့ ဖြစ်ဖြစ် လာလေ့ရှိတာမို့ စေ◌ျးသည်တွေက လွင့်ကို သိကြသည်။ အားလုံးက အစားပုတ်လေးကို သူငယ်ချင်းလားလို့မမေးဘဲ ညီမလေးလားလို့သာ မေးကြသည်။ ကိုယ့်စိတ်ထဲမှာတော့ မင်းဟာ ကိုယ့်သက်ဆိုင်သူလို့ပဲ ဖြေချင်ခဲ့တာ နေခြည်ငယ်ရယ်....လောကကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေကြား ကိုယ်တို့ချစ်ခြင်းတရားတွေ ဘယ်လောက်ထိ ပိတ်မိနေရဦးမှာလဲ။ "လွင် ငါတော့ အမှားလုပ်မိပြီထင်တယ် " အားရအောင် မြည်းစမ်းပြီးတော့ ကားဆီသို့ အပြန် မုန့်ထုပ်တွေ တပြုံတမကြီး ပိုက်ထားရင်းမှ မျက်နှာငယ်လေးနဲ့ ပြောလာသည်။ "ဘာလို့ လဲ ""တကယ်ဆို ငါနင့်အိမ်ကို အလည်လိုက်လာတာ‌လေ .... နင်တို့ မိသားစုကို အရင် နှုတ်ဆက်ရမှာ မဟုတ်လား ငါက မေ့ပြီး စေ◌ျးထဲဝင်ဖို့ ပြောလိုက်မိတာ "တခါတလေ ကြံဖန်ပြီး စိုးရိမ်တတ်သေးတာ။ "ကိစ္စမရှိပါဘူး မေမေကတောင် ပြောနေသေးတာ မင်းကို ကောင်းကောင်း လိုက်ပို့ဖို့ ""တကယ်လားဟင် သူ့ဆီအရင်လာနှုတ်မဆက်လို့ အန်တီက စိတ်မဆိုးဘူးလား ""လုံးဝပဲ မေမေက နားလည်မှုရှိတဲ့သူပါ ""လူကြီးတွေက နားလည်ပေးပေမယ့် ငါတို့က သိတတ်ရမယ်ထင်လို့ ""ထားလိုက်ပါ ယောက္ခမကို ပထမဆုံးအကြိမ်လိုက်နှုတ်ဆက်မယ့် သတို့သမီးလည်း မဟုတ်ဘဲနဲ့ အဲ့လောက် စိတ်ပူမနေနဲ့ "" အာ ဟုတ်တော့ဟုတ်သားပဲ "ကလေးတစ်ယောက်လိုပဲ အတွေးတွေက ဖြူစင်လွန်းတယ် နေခြည်ငယ်။ ဆိတ်ငြိမ်တဲ့ လူနေရပ်ကွက်တစ်ခုကို ဝင်လာတဲ့ သူတို့ကားလေးက ဝါးပင်တွေ တန်းစီစိုက်ထားတဲ့ ခြံကျယ်ကြီးထဲကို ကွေ့ဝင်လိုက်တယ်။ ခြံတံခါးမကြီးကနေ ငါးမိနစ်လောက်မောင်းဝင်လိုက်တာနဲ့ မှန်သားတွေကာရံထားပြီး ဂျပန်စတိုင်ဆောက်လုပ်ထားတဲ့ တစ်ထပ်တိုက်လေးက ဆီးကြိုနေလေ၏။ "ဝါး လှလိုက်တာ လွင်ရယ် နင်တို့အိမ်က တကယ် အကျယ်ကြီးနဲ့ သစ်ပင်တွေလည်းအများကြီးရော "ခေါင်းလုံးလုံးလေးကို ချာလပတ်လည်အောင် ငေးကြည့်နေရင်းမှ ချီးကျူးလာသည့် ကောင်မလေး။ "အယ် အယ် သလဲသီးပင်ကြီးရော ရှိတယ်ဟ လွင် လွင် ငါစားလို့ရလား " ကားရပ်ပေးလိုက်တော့ ခြံထဲက သီးပင်စားပင်တွေရှိရာကို အကြည့်ရောက်နေသူလေးကို အလိုက်တသိ လွင်ပဲ တခါးဖွင့်ကာ ထွက်စေလိုက်သည်။ "အင်း ခြံထဲက ရှိသမျှအားလုံး နင့်အတွက်ပဲ ...... ဟော ဟိုဘက်ထောင့်မှာ အိမ်သာ နှစ်လုံးတောင်ရှိသေးတယ် ""လွင် "သူ စလိုက်တော့ မျက်စောင်းကြီးထိုးကာ အော်ပြန်သည်။ "ဘာလဲဟ .... နင် အစားများသွားလို့ရှိရင် ကိစ္စရှင်းလို့ရတယ်လို့ပြောမလို့ပါ "အဲ့ဒီအချိန်မှာပဲ အိမ်ထဲက ထွက်လာတဲ့ လွင် မေမေနဲ့ မမ။ မျက်လုံးလေးပြူးကာ ကြည့်နေပုံက ဘယ်သူတွေမှန်းသိမယ့်ပုံမပေါ်။ ရုတ်တရက် ခါးလေးညွတ်ပြီး နှုတ်ဆက်စကားဆိုချလိုက်ပုံက...."မင်္ဂလာပါ ညီမက လွင့်သူငယ်ချင်းပါ ..... လွင့် အစ်မတွေနဲ့တူတယ် ချောလိုက်တာနော် လွင့်လိုပဲ "မမနဲ့ မေမေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခဏ ကြောင်အန်းသွားပြီးနောက် ဝါးလုံးကွဲ ရယ်ချလိုက်သည်။ ထိုအခါမှ သူ့နားကို တိုးကပ်လာပြီး မျက်ခုံးလေးပင့်ကာ မေးလာသည်။ "ငါ ဘာမှားသွားလို့လဲ လွင် "ထိုအခါ မေမေ...."အယ် ညီမလေးက ဘာမှမမှားပါဘူး လာ လာ အစ်မက ညီမလေးစားဖို့ ဟင်းတွေချက်ထားတယ်နော် "နောက်ကလွင့်အစ်မဖြစ်သူမှာလည်း ရယ်နေသည့်ကြားမှ..."အငယ်လေး ကောင်မလေးက တကယ်ကို ချစ်မွှေးပါတာပဲ .... ဒါနဲ့ ညီမလေးက အစ်မတို့ကို ညီအစ်မတွေလို့ ခေါ်တာဆိုတော့ တခုမေပါရစေ ဒီက အစ်မကြီးနဲ့ အစ်မက သက်တူရွယ်တူလို့ ထင်ရလို့လား "နေခြည့်လက်မောင်းကို ချိတ်ထားသည့်‌မေမေနှင့် သူ့ကိုယ်သူ လက်ညှိုး တလှည့်စီထိုးပြီး မေးလာသည်။ "ညီအစ်မတွေ မဟုတ်ဘူးလားဟင် "လွင့်ကို မေးလာသူလေးအား ပြန်မဖြေဘဲ မှန်းကြည့်လေလို့ပဲ ပြောလိုက်သည်။ "ဟဲ့ သက်တူရွယ်တူလို့ပဲ ထင်မှာပေါ့ မဟုတ်ရင် ညည်းက ငါ့ထက် အိုစာချင်လို့လား "မေမေက ဝင်ပြောသည်။ "ညီအစ်မတွေ မဟုတ်ဘူးလား နေခြည်က အဲ့လိုထင်လိုက်လို့ နှစ်ယောက်လုံးက ချောလိုက်တာလေ လွင့်နဲ့ ဆို ညီအစ်မတွေလိုပဲ မဟုတ်ဘူးလားလွင် ""မဟုတ်ဘူး နေခြည်ရဲ့ ဒီဖက်က ကိုယ့်မေမေ ဒီဖက်က ကိုယ့်တစ်ဦးတည်းသော အစ်မ "ထိုအခါမှ ပါးစပ်ဟောင်းလောင်းလေးနဲ့ ဖြစ်သွားရှာသည့် ကောင်မလေး။ "ဟီး နည်းနည်းလေး လွဲသွားတယ်" "ကိစ္စမရှိပါဘူး အန်တီကလည်း အရွယ်တင်ပြီး နုပျိုနေတာဆိုတော့လေ ဖြစ်သင့်ပါတယ် သမီးရဲ့ ဟဲ ဟဲ ""ဟုတ်တယ် ဟုတ်တယ် အန်တီ သမီးကလေ လွင့်ကို တော်တော် ချောလှပြီထင်လိုက်တာတကယ်တော့ အန်တီကတောင် ပိုပြီး လှသေးတာ ""အဟမ်း သမီးကလည်း မြှောက်မနေပါနဲ့ လာ လာ အိမ်ထဲ အန်တီက ဟင်းတွေ ဖွယ်ဖွယ်ရာရာ ချက်ထားတယ် "လက်ချင်းချိတ်ပြီး အိမ်ထဲ ဝင်သွားသည့် ထိုနှစ်ယောက်ကို ကြည့်ရင်း လွင်နဲ့ မမ အထုပ်အပိုးတွေနဲ့ အတူ ကျန်ရစ်ခဲ့ရတော့၏။ တတိုင်းမွှေး(26/11/22)A/N-မီးတွေ အကြာကြီးပျက်လို့ တင်ပေးဖို့နောက်ကျသွားပါတယ်။ ဖတ်ရှုပေးတဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်နော်။

ရွှေချည်ကြိုးဆွဲရာ(GL)Donde viven las historias. Descúbrelo ahora