32(Zawgi)

96 9 0
                                    


"အရာအားလုံးရဲ့ အစဟာ ဘယ်တော့မှ ရှိမလာခဲ့ရင် ကောင်းမယ်"လွန်ခဲ့တဲ့ သုံးနှစ်ကညတစ်ညမှာ သူမြေအောက်ရထားဘူတာရုံကို မသွားခဲ့မိရင်ကောင်းမယ်။ မဟုတ်လည်း အဲ့ဒီနေ့က ဆုံခဲ့ရသူကို မစွဲလန်းမိရင်ကောင်းမယ်။ ဒါမှမဟုတ် ခတ္တာခင်ဆိုတဲ့ သူမ ဘယ်တော့မှ မွေးဖွားမလာခဲ့ရင် ပိုကောင်းမှာပေါ့။ အခုတော့ အပြစ်ရှိပါတယ်လို့ ကိုယ်တိုင်ကိုယ်ကျ ဝန်ခံပြီးတာတောင် နေ့ရောညပါ ခြောက်လှန့်နေတဲ့ စိတ်ဟာ ဥပါဒါန်အစွဲတွေကြောင့် ဘေးသင့်ရပြီထင်ပါရဲ့။ သံတိုင်ပတ်လည် ကာရံထားတဲ့ အခန်းကျဉ်းလေးဟာ သူ ပုန်းခိုဖို့ နေရာတစ်ခုဟုတ်ခဲ့ဟန်မတူ။ ဘယ်နေရာကို သွားပြီး သူ့အပြစ်တွေ ဆေးကြောရမလဲလို့ ခတ္တာ စက္ကန့်မလပ်တွေးဖူးသည်။ အဖြေဟာ နတ္ထိ။ တကယ်တော့ ဘုရားသခင်က သူ့ကို ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကို ပိုအပြစ်ပေးချင်ပုံရသည်။ ချစ်ရသူအပ်ါမှာတော့ ရိုးသားချင်တယ် မုန်းတယ်ဆိုရင်တောင် စိတ်မနာဖို့ ဆုတောင်းမိပါရဲ့ အို ....စိတ်နာသွားတော့ရော ဘာအရေးလဲလေ .... "နောင်သံသရာ အဆက်ဆက် မင်းနဲ့ မတွေ့ပါရစေနဲ့" လို့ ပြောသွားတာကို ကြည့်ချင်းအားဖြင့် ခတ္တာခင်တစ်ယောက် ချစ်ရသူထံမှ အမုန်းတွေပါ ရသွားပြီထင်ရဲ့။ ခတ္တာခင်ရူးမိုက်ခဲ့မိပါသည်။ နေခြည်လင်းလက်ဆိုတဲ့အမျိုးသမီးကို ချစ်လွန်းအားကြီးလို့ ဒီလိုတောင် ရူးမိက်ခဲ့မိပါသည်။ "ချစ်မိရုံကလွဲပြီး အပြစ်မရှိပါ မ,ရယ်"လွင်မီမီခိုင်ဆိုတဲ့အမျိုးသမီးကို သေနတ်နဲ့ ပစ်သူဟာ သေချာပေါက် ခတ္တာမဟုတ်ပါ။ မ,ရဲ့ တသက်တာ အမြင်မှာ စွဲထင်နေမယ့် အနိဌာရုံမှာ သူမပါဝင်ချင်။ စေခိုင်းသူဆိုပေမယ့် အနည်ဆုံးတော့ မျက်နှာဖုံးတပ်ရမယ် မဟုတ်လား။ ခတ္တာ နဲ့ သွေးသားတော်စပ်သည့် သမီးဖြစ်သူကို စောင့်ရှောက်ပေးပါဆိုတဲ့ ကတိကိုတောင်းပြီး ခတ္တာအလိုရှိရာကို လုပ်သွားပေးသူက ဖိုးဖိုးရဲ့ အတွင်းရေးမှုးအမျိုးသမီး။ ခတ္တာကတော့ ဒီအတိုင်းလေးပဲ ရပ်ကြည့်နေရုံပါ။ မြင်ခဲ့ရတယ်။ မြင်ခဲ့ရတယ်လေ။ ခတ္တာခင်ရဲ့ အရှုံးကို ကွက်ကွက်ကွင်းကွင်း မြင်ခဲ့ရတယ်။ အစကတည်းက နိုင်မှာလို့ မထင်ထားပေမယ့် ကိုယ့်ရင်ကို တန်ပြန်တဲ့ ဆူးက တည့်တည့်မှန်တယ်။ ချစ်ရသူရဲ့ မျက်ရည်တွေကို မုန်းမှန်း သတိလွတ်သွားခဲ့လို့ ဒီလို လုပ်ရပ်ကို ကြံစည်ခဲ့တယ်လို့လဲ ဆင်ခြေမပေးချင်တော့ပါ။ သွေးတွေ...ရဲရဲနီနေတဲ့ သွေးတွေကြား အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်လို့ ငိုကြွေးနေသူဟာ တလောကလုံး ပျောက်ကွယ်သွားသလို ဖြစ်နေတာများ ကိုယ်တိုင်တောင် နာကျင်ရတယ်။ ကျေးဇူးတင်ပါတယ် လောကကြီးရေ မမျှတအောင် လုပ်ပေးလို့။ အခုတော့ အိမ်မက်ဆိုးတွေဟာ ကိုယ်တိုင်ဖြစ်လို့ပါပဲ။ "ခတ္တာခင် အမှတ်စဉ် ၉၂၉၇ ....ဆေးစစ်ဖို့ အသင့်ပြင်ပါ ဆရာဝန်ရောက်ပြီ" ထောင်ဝန်ထမ်းလေးရဲ့ ဒီအသံဟာ အပတ်စဉ် သောကြာနေ့တိုင်း ကြားရတတ်သည်။ စိတ်ကျဝေဒနာလို့ အမည်တပ်ခြင်းခံရပေမယ့် ခတ္တာ ထူးပြီးတော့ စိုးရိမ်မနေ။ အပတ်တိုင်းစစ်ဆေးပေးနေကျ ထောင်ဆရာဝန်ရဲ့ စမ်းသပ်ခန်းထဲကို ဝင်ခဲ့သည်။ ကုတင်လေးတစ်လုံးနဲ့ သစ်သားစားပွဲလေးတစ်လုံးသာရှိတဲ့ ဒီအခန်းထဲမှာ ခါတိုင်းတွေ့နေကျ ဆရာဝန်လေးမရှိ။ အခန်းတံခါးပိတ်သံကြားလို့ လှည့်ကြည့်လိုက်တဲ့ အခါ မြင်ဖူးပေမယ့် မရင်းနှီးတဲ့ မျက်နှာပိုင်ရှင်ကြောင့် ခတ္တာ အခြေအနေတစ်ခုကို သဘောပေါက်သွားသည်။ နောက်ဆုံးတော့..... "ခတ္တာခင် ငါတို့တွေ ဆုံကြပြီနော်" ချစ်ရသူနဲ့ တူတဲ့ အမျိုးသားက ခတ္တာရှေ့တည့်တည့် လျှောက်လာသည်။ ခတ္တာ သဘောတကျ ရဘ်လိုက်မိသည်။ နောက်ဆုံးတော့ ခတ္တာအတွက် လွတ်မြောက်ရာ နည်းလမ်းကို တွေ့တော့မှာပါလား။ အပြစ်တွေကနေတော့ မဟုတ်....ညတိုင်းခြောက်လှန့်နေတဲ့ အိမ်မက်ဆိုးကနေပေါ့။ ထို အမျိုးသားက ခတ္တာကို တစုံတစ်ခုကမ်းပေးလာသည်။ လက်မဝက်ခန့်ရှိတဲ့ ပုလင်းလေးတစ်လုံး။ "သောက်လိုက် ဒါအသက်သာဆုံးနည်းပဲ" ခတ္တာ မတုံ့ဆိုင်းဘဲ ပုလင်းလေးကို ယူလိုက်မိသည်။ ထို့နောက် တကျိုက်တည်း မော့ချလိုက်တာ တွန့်ဆုတ်ခြင်းမရှိ။ ပုလင်းအလွတ်လေးကို ရှေ့က အမျိုးသားထဲ ပြန်ပေးလိုက်ပြီး ကုတင်ပေါ်မှာ သွားလှဲနေလိုက်သည်။ "မ,ကို ပြောပေးပါ အရမ်းချစ်တယ်လို့ ပြီးတော့ တောင်းပန်ပါတယ်လို့...ပြောပေးပါ" ခတ္တာကို ကြည့်နေသူ အမျိုးသားက အသံတိတ်ခေါင်းညိတ်ပြလိုက်သည်။ ပြီးတော့ တစ်လှမ်းခင်း တိုးကာ ခတ္တာခင် လဲလျောင်းနေရာ ကုတင်နားထိ ရောက်လာသည်။ မျက်လုံးများမှိတ်ကာ ငြိမ်သက်သွားသော ခတ္တာကို တစ်ချက်ကြည့်ပြီး ခါးကိုကိုင်းကာ နားနားကပ်ပြီး တစုံတစ်ရာကို ပြောလိုက်သည်။ "ခတ္တာခင် အခုကစပြီး ကောင်းကောင်းမွန်မွန် ထွက်သွားပါတော့ သေပြီးတဲ့နောက် သရဲဝိဉာည်အဖြစ်နဲ့ရော နောင်ဘဝပြန်ဝင်စားရင်တောင် အိမ်မွေးတိရိစ္ဆန်အဖြစ်နဲ့တောင် ငါ့ညီမနဲ့ လွင်အနားရောက်မလာခဲ့နဲ့ " ချစ်ခြင်းမေတ္တာ ဟူသည် စွဲလမ်းခြင်းများလွန်ကဲလာလျှင် ကြမ္မာဆိုးကို ဖန်တီးတတ်သည်။ .......................................................................နှစ်ယောက်အတူသွားချင်တယ်ဆိုတဲ့ ပင်လယ်ကမ်းခြေက အိမ်လေးမှာ အခုတော့ သူတစ်ယောက်တည်း။ မှန်သားနံရံတွေကာရံထားတဲ့ အခန်းကနေ လှမ်းကြည့်ရင် သဲသောင် ဖြူဖြူနဲ့ ပင်လယ်ပြာဟာ လိုက်ဖက်စွာ ရှိနေသည်။ မကြာခင်မှာ မိုးသောက်တော့မယ်။ နွေနှောင်းပိုင်းဟာ ရှည်လျားလွန်းတဲ့ ညတာကို ကျော်ဖြတ်ဖို့ ပင်ပန်းလွန်းတယ်။ "ညတာရှည်မှာကိုကြောက်တယ် လွင်ရယ် ....ပိုကြောက်တာကတော့ မနိုးထနိုင်သေးတဲ့ ငါ့အိမ်မက်ဆိုးပဲ ဒီတခါ သိပ်ကို တာရှည်လွန်းတဲ့ အိမ်မက်ဟာ နာကျင်စရာတွေ ဖြစ်နေတော့ ပိုဆိုးတာပေါ့" တစ်ယောက်တည်း တိုင်တည်ပြောနေလည်း ကြားမယ့်သူမရှိတဲ့ အခန်းထဲကနေ စိတ်ပျက်စွာ ထထွက်လာမိတော့သည်။ မှန်တံခါးကို တွန်းဖွင့်လိုက်တယ်ဆိုရင်ပဲ မုတ်သုန်လေဦးဟာ သူ့ပါးပြင်ကို ညင်သာစွာ ရိုတ်ခတ်သည်။ "မကြာခင် မိုးဦးကျတော့မယ် လွင် ......တစ်လလောက်စောင့်ပြီးရင် နင်သိပ်ကြိုက်တဲ့ ယုဇနပန်းတွေပွင့်တော့မယ်" တလှမ်းချင်းနင်းလျှောက်သွားတဲ့ သဲပြင်ဟာ အေးမြမှုတွေ ကျန်သေးသည်။ ဖိနပ်အပါးလေးကို အိမ်ခြံစည်းရိုးနားလေးမှာပဲ ချွတ်ထားလိုက်သည်။ ကမ်းခြေက သဲတွေက သူ့ခြေဖဝါးအောက်မျာ တတိတိကျန်ရစ်ခဲ့သည်။ စူးခနဲ ဖြစ်သွားတဲ့ နာကျင်မှုကြောင့် ငုံ့ကြည့်လိုက်တော့ ဝင်ကစွပ်ခွံတစ်ခုကို နင်းမိတာပဲ။ အသာအယာကောက်ယူလိုက်စဉ် လက်သူကြွယ်က စိန်လေးဟာ နေရေင်မလင်းတာတောင် ဖျတ်ခနဲ လက်သွားသည်။ "လွင် လွင် နွေကျောင်းပိတ်တိုင်း ပင်လယ်ကမ်းခြေကို လာကြရအောင်" အတိတ်တုန်းက ကောင်မလေးနှစ်ယောက်ဟာ တစ်ယောက်လက်ကို တစ်ယောက်တွဲလို့ ကမ်းစပ်က လေပြင်းတွေကြား စကားတွေ ဖောင်ဖွဲ့ကာ ပြောခဲ့ဖူးသည်။ "အဲ့လောက်တောင် ပင်လယ်ကို ကြိုက်တာလား ပြောတော့ ရေကြောက်တယ်ဆို နေခြည်ရဲ့""အာ ကြောက်တော့ကြောက်တယ် ဒါပေမယ့် ငါ့မှာ အကြံတစ်ခုရှိတယ်လွင် ဒီမယ်ကြည့် ခရုခွံ့တွေ ကမ်းခြေမှာ ပေါလို့သောလို့ အလကားပဲ ငါတို့ ကောက်ပြီး အမှတ်တရ အရောင်းဆိုင်ကလို လက်စွပ်တို့ ဆွဲကြိုးတို့ လုပ်ရောင်းရအောင်....ကျန်း ဘယ်လောက်မိုက်လဲ အများကြီးစုမိမှာ ကျောင်းဖွင့်ရင် မုန့်တွေအများကြီး ဝယ်စားလို့ရမှာ" "တော်တော်လေးကို စီးပွားရေးသောင်းကျန်းနေတယ်ပေါ့ ဟုတ်လား အခုနကတော့ နေပူလို့ နောက်တခါ မလာချင်ဘူးဆို" "အဟီး... စိတ်ပြောင်းသွားပြီ ...နော် ...ဘယ်လိုလဲ ငါပြောတဲ့ အကြံကောင်းတယ်မလား လွင်ရဲ့ ဖြေပါဦး" "အင်း မင်းသဘောလေ နေခြည်""ဟီးဟီး ကတိနော်လွင် ....ခရုကောက်ရောင်းလို့ ပိုက်ဆံအများကြီးစုမိရင် ဟောဒီအစ်မကြီးက လွင့်ကို ရှယ်အမ်းဦးမှာ" အတိတ်ကို ပြန်မြင်ယောင်တော့ မျက်ရည်တွေကြားက ငိုမိပြန်တယ် လွင်ရယ်။ ဝင်ကစွပ်လေးကို အိမ်ပြန်ပို့ပေးဖို့ ပင်လယ်ရေစပ်နားတိုးသွားလိုက်တယ်။ မနက်ခင်းနေရောင် အောက်က ပင်လယ်ရေဟာ မျှတပါဘိ. ထိတွေ့မိလိုက်တိုင်း ပြန်လည် တောင့်တမိရတဲ့ အထိပဲ။ အော် အိမ်မက်ထဲမှာတောင် ကြောက်တဲ့ ရေတွေဟာ ခုံမင်စရာ အသွင်ဖြစ်နေပြန်တယ်။ ခြေမျက်စိ, ဒူးကောက်ကွေး၊ လက်ဖျားစပ်ထိလာတွေ့တဲ့ ပင်လယ်လှိုင်း‌တွေက ကိုယ့်ကို ငြို့ငင်နေတယ်။ လက်နှစ်ဖက်နဲ့ ကာဆီးလိုက်တဲ့အခါ ထည့်ထည့်ပြေးလာတဲ့ လှိုင်းလုံးဟာ ဖွာထွက်သွားတယ်။ ရှေ့ကို တစ်လှမ်းတိုးလိုက်တယ်ဆိုရင်ပဲ ရုန်းမထွက်နိုင်တဲ့ ဆားငန်ရေတွေဟာ ကိုယ့်ကို ထွေးးပွေ့ထားတယ်။ သတိရလိုက်တာလွင်ရယ်....မင်းလက်မောင်းကြား မင်းရင်ခွင်မှာ ခိုနားခဲ့ဖူးသလိုမျိုးပဲ ဒီပင်လယ်လှိုင်းတွေဟာ မာယာများတယ်။ သိမ့်ခနဲ ဖြစ်သွားတဲ့ လှိုင်းရိုက်ချက်ဟာ တါတုန်းက မင်းကိုယ့်ကို ပွေ့ချီဖူးသလိုမျိုးပဲ။ "အာ ...ဟုတ်ပြီ ကိုယ်သဘောပေါက်ပြီလွင်"ကိုယ် အိမ်မက်က နိုးထလာတော့မယ်။ လက်တွေ့မှာ မင်းက ကိုယ့်ကို ထွေးဖက်ထားတယ် ဒီလိုနွေးထွေးမှုမျိုးနဲ့ပေါ့။ ကိုယ်မျက်လုံးဖွင့်လိုက်ရင် မင်းရင်ခွင်ကျယ်ကြီးကို တွေ့ရတော့မယ် မဟုတ်လား။ ဒီလိုဆို သိမ်းပိုက်ပါ ဒီရေလှိုင်းတွေ....ကိုယ့်ကို ရစ်သိုင်းလို့ခေါ်ဆောင်သွားပါ ပင်လယ်ကြီးရယ်။ အိမ်မက်ဆိုးက နိုးရင် လွင်မီမီခိုင်ဆိုတဲ့ ချစ်ရသူလေးက သူ့ကို ထွေးပွေ့ထားလိမ့်မယ်။ အပြာရောင်ပင်လယ်ရေကနေတဆင့် နက်ရှိုင်းတဲ့သမုဒ္ဒရာကြမ်းပြင်ဆီ ဖြေးညင်းစွာကျဆင်းသွားတဲ့ လက်ထက်လက်စွပ်လေး...မိုးသောက်ချိန်မှာ အချိန်ကိုက် ရွာချလာတဲ့ မုတ်သုန်မိုးဦးရဲ့ မိုးစက်ပွင့်များ.....ကမ်းခြေတစ်လျှောက် ထင်ကျန်ရစ်တဲ့ မိန်းမငယ်လေးရဲ့ ခြေရာတွေ.....ပြန်ဆုံတွေ့ခြင်းဆိုတဲ့ ကမ္ဘာတစ်ဖက်မှာ ကောင်းချီးပေးနေရခြင်းကြောင့် ထိုနေ့က ကောင်းကင်ပြင်မှာ နေမထွက်ခဲ့ပါ။..................................တတိုင်းမွှေး(2/2/23)........................................................

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now