(7)Zawgi (new version)

62 9 0
                                    

ကြိုးချင်းထားလို့ ကြိုးချင်းညှိ အိုးချင်းထားလို့ အိုးချင်းထိဆိုပဲ ကိုယ်သာ ကြိုးတစ်ချောင်းဆို မင်းက တကူးတက ညှိချင်စရာ မိုးပျံပူဖောင်းလေးခိုင်မြဲစွာ ဆွဲထားမယ် ဟိုးအဝေးလွတ်ထွက်မသွားအောင် "နိုင်ငံလုံးဆိုင်ရာ စကားရည်လုပွဲ မှာ ကျောင်းကိုယ်စားပြုသွားပြိုင်ရမယ် လွင် နင် ငါနဲ့အတူတူလိုက်ခဲ့ရမယ်နော် "ကျေင်းက ပြုလုပ်ကျင်းပတဲ့ ပွဲတွေတိုင်းမှာ တက်ကြွစွာ ပါဝင်လေ့ရှိပြီး ရှိသမျှဆုတွေသိမ်းကြုံးယူနိုင်တဲ့ မင်းက တကယ့်ကို တော်တဲ့ လူလိမ္မာလေးတစ်ယောက်။ ဆရာဆရာမတွေက တော်လို့ချစ်သလို ကျောင်းသားကျောင်းသူတိုင်းကြားမှာလည်း နာမည်ကြီးပြန်တယ်။ တကယ်ဆို ကိုယ်နဲ့ မင်းဆန့်ကျင်ဖက်တွေချည်းပဲ နေခြည်ငယ်။ ရေလိုက်ငါးလိုက် နေတတ်တဲ့ကိုယ်နဲ့ ကြိုးစားလွန်းတဲ့မင်းး အခုချိန်ထိတော့ အဆင်တွေပြေနေသေးတာပဲနော်။ တခြားမြို့ကို သွားပြိုင်ရတဲ့ ပြိုင်ပွဲမှာ ကိုယ်တို့ ကျောင်းက ကျောင်းသားကျောင်းသူတွေချည်း ခြောက်ယောက်။ တကယ်တော့ မိန်းကလေးအဖော်မပါတဲ့ မင်းအတွက် မင်းအိမ်က ကိုယ်နဲ့ စိတ်ချတယ်လို့ပြောကတည်းက ကိုယ့်မှာ ချက်ချင်းလက်ငင်း ကိုယ်ရံတော်ဘဝရောက်သွားသလို။ မနက်အစောကြီး အဆောင်ကနေ မင်းအိမ်ကို ထွက်ရမယ့် နာရီထက် တစ်နာရီစောရောက်သွားခဲ့လို့ မင်းတို့ မိသားစုတွေကတောင် အံ့အားသင့်နေခဲ့သည်။ ကိုယ်လာမှ အိပ်ယာကနေ ကမန်းကတန်းထတဲ့ မင်းဟာ ကိုယ့်ကို အပြစ်တင်နေခဲ့သေးတာပဲ။ လွင် မီမီခိုင်လို့မဟုတ်ဘဲ လူသားနှိုးစက်လို့ နာမည်ပြောင်းထားပါလားတဲ့။ ကိုယ့်ဇီဝ ဖြစ်အင်တွေအကုန်လုံးက မင်းမို့လို့ အထူးတလည် လည်ပတ်နေတာပါ နေခြည်။ အိပ်ချင်မပြေသေးလို့ ဆိုကာ ကိုယ်ဖျော်လာတဲ့ ကော်ဖီတွေလည်း လမ်းမှာတင်သောက်ပစ်တာ ကုန်ရောပဲ။ ဒါတောင် လမ်းမှာ စားဖို့ ယူလာတဲ့ အသားညှပ်ပေါင်မုန့်တွေကို ပြောင်အောင်စားပြီး ထပ် အိပ်သေးတာ..... မင်းကလေ တကယ် အပူအပင်ကင်းလိုက်တာများ။ ကြီးကြပ်ဖို့ လိုက်လာတဲ့ ဆရာတွေဆီကို စာရင်းပေးဖို့တာဝန်က ကိုယ့်ဆီမှာ၊ ပြိင်ပွဲဝင်ကဒ်ပြားထုတ်တာကအစ၊ တည်းခိုဆောင်မှာ အခန်းယူဖို့ထိ ကိုယ်။ အခန်းပြန်ရောက်တော့ မွေ့ယာပေါ် ပစ်လှဲချရင်း တနေကုန် လျှောက်သွားနေရတာ ပင်ပန်းလိုက်တာဆိုပဲ။ "မနက်ဖြန်မှာ သေချာပေါက် ကောင်းကောင်းမွန်မွန် လုပ်လာခဲ့နော် နေခြည် "ရေချိုးခန်းက ထွက်တော့ ဆိုဖာပေါ်မှာ အာလူးကြော်တစ်ထုပ်နဲ့ ဇာတ်လမ်းတွဲကြည့်နေတဲ့ မင်းကို ကိုယ်စိတ်ပူရပြန်သည်။ တော်ရုံလူဆိုရင် ဖြတ်ရိုက်ချင်စရာ မျက်နှာပေးလေးနဲ့ ပြန်ဖြေလိုက်ပုံက "ဘယ်သူမို့လို့လဲ ငါက နေခြည်လင်းလက်ပါဟ အဟင်း စိတ်မပူပါနဲ့ "စိတ်မပူလို့ရမလား .... မနေခြည်လျှမ်းလက်အကြောင်းကိုယ် အသိဆုံး။ ဘယ်လောက်ထိ လျှမ်းလဲဆိုရင် နပိုလီယံ နဲ့ ငပလီကမ်းခြေကို မှားဖတ်တတ်သလို၊ ရောဘတ်နဲ့ ရိုဘော့ကိုလည်းလွဲ။ Nine ကို နီဏီးလို့ဖတ်လို့ဖတ် ။ ပြောမကုန်ဘူး ပြောမကုန်ဘူး နေခြည်ငယ် ..... မင်းလေးက တခါတလေကျ လျှမ်းလိုက်တာ လွန်ရော။ "အိပ်တော့ အိပ်ရေးဝမှ အာရုံစူးစိုက်မှုကောင်းပြီး ပြိုင်ဘက်တွေကို ကောင်းကောင်းအနိုင်ယူနိုင်မှာ ""အနိုင်ယူဖို့တော့ စိတ်မပူပါနဲ့ ဆုတွေအားလုံးက ငါ့အတွက် "ပြောမနိုင်လေးကို လျစ်လျူရှုပြီး လွင် ဆံပင်စိုနေတာကို အခြောက်ခံစက်နှင့် မှုတ်နေလိုက်သည်။ ဆယ်မိနစ်ခန့်ကြာတော့ တဖက်ကုတင်က လှုပ်လှုပ်ရှားရှားဖြစ်သွားသံကို ကြားလို့လှည့်ကြည့်တော့ စောင်ကို ခေါင်းမြီးခြုံကာ အိပ်ယာထဲ တိုးဝင်သွားသူ ။ လူသားဖက်ထုပ်လို စောင်ကို ရစ်ပတ်ပြီး အိပ်ယာဝင်သွားသူလေးကို မြင်လိုက်ရတော့ ပြုံးမိသေးသည်။ တကယ်ကို ကလေးဆန်တယ်လို့ ငြီးငြူရင်း ကျန်ရစ်ခဲ့တဲ့ မုန့်ခွံအမှိုက်တွေနဲ့ စားပြီးသား ခေါက်ဆွဲဗူးတွေကို ရှင်းရပြန်သည်။ ပြီးတော့ အသင့်ပါလာသည့် လာဗန်ဒါ ရေမွှေးပုလင်းကို ထုတ်ကာ တခန်းလုံးနှင့် အဲကွန်းရှေ့သွားဖြန်းလိုက်သည်။ ချစ်ရသူက ခရမ်းရောင်တွေကို မြတ်နိုးသလို လာဗန်ဒါတွေကိုလည်း ချစ်ပါသတဲ့။ လာဗန်ဒါသင်းရနံ့သာရှိရင် ဘယ်ချိန်မဆို ကောင်းကောင်းအိပ်စက်နိုင်ပါတယ်ဆိုတဲ့ စကားတွေဟာလည်း ကိုယ့်နှလုံးသားမှာ သံမှိုစွဲရိုက်ထားသလို မှတ်တမ်းရှိနေပြန်တယ်။ အမှောင်ချထားတဲ့ အခန်းတစ်ခုလုံးမှာ ကြည်ပြာရောင် ညအိပ်မီးပျပျလေးက ဖုံးလွှမ်းထားသည်။ ဘယ်ဖက်ကို ခေါင်းလှည့်လိုက်တော့ တုပ်တုပ်မှ မလှုပ် အိပ်မောကျနေတဲ့ ဖက်ထုပ်လုံးလေး။ တစ်ခန်းထဲမှာ အတူရှိနေပါလားဆိုတဲ့ အသိကြောင့် ကိုယ် ကောင်းကောင်းအိပ်မပျော်ဘူး နေခြည်ရယ်။ မင်းလေးအနားရောက်လာတိုင်း ကိုယ်ဟာ ကိုယ်မဟုတ်တော့သလို ပြောင်းလဲသွားတယ်ဆိုတာလဲ သိပါတယ်။ တကယ်တော့ မင်းအကြောင်းတွေမိတဲ့ ညတွေတိုင်းဟာ အိမ်မက်တွေရှည်ရသလို မင်းအကြောင်းမတွေးမိတဲ့ တနေ့တာအဆုံးသတ်ဆိုတာလည်း ကိုယ့် အဘိဓာန်မှာ မရှိဘူး နေခြည်ရယ်။ မနက်ခင်းတိုင်းရဲ့ အတူနိုးထရခြင်းတွေကိုလည်း ကိုယ်မက်မောမိပါရဲ့။ မိန်းကလေးတစ်ယောက်ရဲ့ ပကတိ အလှတရားကို မြင်ချင်တယ်ဆို အိပ်ယာထချိန်ကို ကြည့်ပါဆိုတဲ့ ရှေးစကားတွေဟာ ကိုယ့်အတွက် အသုံးမဝင်ခဲ့ဘူး။ မင်းက အချိန်တိုင်း လှနေတာမို့လေ။ ဂုတ်ထောက်ဆံပင် ပျော့အိအိတွေကို လက်နှစ်ဖက်နဲ့ ထိုးသပ်ပြီး ရေချိုးခန်းထဲ ဝင်သွားလည်း မင်းဟာ ကြည့်ကောင်းနေဆဲ၊ မျက်လုံးဖောင်းအစ်အစ်တွေကို မှိတ်ပြီး အမြှုပ်ဗာရပွနဲ့ သွားတိုက်ရင်း ငိုက်နေလည်း မင်းဖြစ်လို့လှတယ်၊ မနက်စာကို ပလုတ်ပလောင်းစားပြီး စကားတွေပြောနေလည်း ကိုယ့်အတွက် ကြည့်ကောင်းဆဲ ပန်းချီတစ်ချပ်လို..... ပြောင်းလဲ သွားခြင်းတွေဟာ နတ္ထိ။ ပြိုင်ပွဲစဉ်တစ်လျှောက်လုံး အာရုံစိုက်ပြီး အကောင်းဆုံး ကြိုးစားခဲ့တဲ့ မင်းဟာ တော်ခြင်းထက်မြက်ခြင်းတွေကြောင့်နာမည်ကျော်ရပြန်တယ်။ လွယ်လင့်တကူလေးရခဲ့တဲ့ ဆုတံဆိပ်တွေဟာ မင်းနဲ့ ထိုက်တန်ပါတယ်။ အို ...ချစ်သောနေခြည်ရယ် မင်း ဘဝမှာ ကောင်းခြင်းတွေနဲ့သာ ပြည့်စုံပါစေလေ။ ရွှေတံဆိပ်ဆုကြီးကို လည်ပင်းမှာ ဆွဲပြီး ဂုဏ်ယူနေတဲ့ မင်းအတွက် သီးသန့် ဓာတ်ပုံဆရာလည်း ကိုယ်ဖြစ်ပေးခဲ့တယ်။ တခြားတက္ကသိုလ်ကနေ မင်းဆီကို ဦးတည်လာတဲ့ ကောင်လေးတွေကိုလည်း မောင်းထုတ်ရပြန်တယ်။ အပေါင်းအသင်းတွေရဲ့ စွန့်စားမှုတစ်ခုဖြစ်တဲ့ သီးသန့်ဂုဏ်ပြုပွဲအတွက်လည်း ကိုယ့်မှာ အားလုံးနဲ့ တစ်ယောက်ဖြစ်ရပြန်တယ်။ လူငယ်တွေချည်းပဲမို့ ဂုဏ်ပြုပွဲဟာ သေချာပေါက် အယ်လ်ကိုဟောတို့ ကင်းလွတ်မနေ။ ဆယ့်ရှစ်နှစ်ပြည့်ဖို့ နှစ်လနီးပါးလိုသေးတဲ့ မင်းကို ကိုယ်က ဘာအကြောင်းနဲ့များ အရက်သောက်ဖို့ ခွင့်ပြုရမှာလဲ။ နှုတ်ခမ်းဆူကာ စိတ်ကောက်သွားတဲ့ မင်းကို ကိုယ်အလျော့မပေးနိုင်ပါ။ ဒါပေမယ့်ကိုယ်သိခဲ့တာ တစ်ခုက မင်းကို ကိုယ် ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးဆိုတာပဲ။ အချိုရည်ဘူးထဲကို ခိုးထည့်ထားတဲ့ ဝိုင်တစ်ချို့ကို ကိုယ်မိချိန်မှာ မင်းလေးတစ်ယောက်လည်း ခေါင်းကို မထူနိုင်တော့ဘူး။ ကိုယ် ဆုံးဖြတ်ခဲ့တယ် နေခြည်ငယ် ..... ရှေ့ဆက်ရမယ့် နေ့ရက်တွေတိုင်းမှာ ကိုယ်ဟာ မင်းကို ချုပ်ချယ်မှု့ကင်းကင်းနဲ့ပဲ ကာကွယ် စောင့်ရှောက်ပါ့မယ်... ကိုယ် စေတနာခြုံထည်အောက်မှာ မင်းဘဝလေး လုံခြုံနွေးထွေးပါစေသား။ "လွင်မီမီခိုင် အဘွားကြီး ဒိတ်အောက်နေတဲ့ အာဂျီးမား အရက်သောက်တာ ဘာဖြစ်မှာလဲလို့ အလကား ပွားနေသေးတယ် အဟမ့် ငါ့ကို ဘယ်သူတားရဲလဲ "ဘယ်သူတားရဲလဲလို့ စိန်ခေါ်နေတဲ့ မရွှေချောခမျာ ခေါင်းတင်မဟုတ်ဘဲ တကိုယ်လုံးကို မထူနိုင်စွာ သူ တွဲခေါ်ရာသို့ ပါလာရသည်။ ခြေလှန်းတွေဆို သုံးလှမ်းလှန်းရင် နှစ်လှမ်းက ခွေခေါက်ကာ မြေပြင်ပေါ် လဲလုမတတ်။ အခန်းထဲ ရောက်တော့ လွင် မွေ့ယာပေါ် ပစ်ချလိုက်သည့်အတွက် အင့်ခနဲ လဲကျသွားရသည်။ "အာ့ နာတယ် အမေ့ကယ်ပါ ""ဘာ အမေမှ မကယ်ဘူး ငါနင့်ကို အန်တီနဲ့ ဖုန်းဆက်တိုင်ဦးမှာ နေခြည်လင်းလက် ""အမ် ဘယ်သူလဲ ဘယ်သူလဲ"လို့ ငါ့ကို ဘယ်လေသံတွေနဲ့ပြောနေတာလဲ နာတော့မယ် အာ့ အမေ့....ခေါင်း နာတယ် မျက်လုံးမပွင့်ဘဲ ရန်ထောင်နေတဲ့ အမူးသမားကို လွင် ခေါင်းခေါက်ချလိုက်သည်။ ချစ်တာက ချစ်တာပဲ လွင်တို့က နားညည်းတဲ့ ဒဏ်တော့ မခံနိုင်ပါ။ ငြိမ်ကျသွားသော အကောင်းစား သခင်မလေးကို ထားခဲ့ကာ လွင် ရေချိုးခန်းထဲ ဝင်ပြီး ရေလဲဇလုံနှင့် တသတ်တစ်ထည် ဝင်ယူရသည်။ ခြေလက်နှင့် မျက်နှာကို သန့်ရှင်းရေးလုပ်ပေးတော့လည်း ငြိမ်ခံနေ၏။ မူးနေတဲ့ လူကို အခွင့်အရေးယူတာ မဟုတ်ပေမယ့် လွင် အမူးသမားလေး၏ တင်ပါးကို နှစ်ချက်သုံးချက် ဆင့် ရိုက်လိုက်သေးသည်။ "စကားနားမထောင်တဲ့ဟာလေး .....ထဦး ညဝတ်အင်္ကျီလဲမယ် "မနိုး။ လွင် စိတ်မရှည်တော့ ကိုယ်တိုင် လဲပေးဖို့ပဲ ဆုံးဖြတ်လိုက်သည်။ အခုနက ပါတီမှာ အရက်တွေ မှောက်လာသည်မို့ အဝတ်အစားတွေက အနံ့စွဲနေချေပြီ။ အဖြူရောင် ချည်သား အင်္ကျီလေးရဲ့ ကြယ်သီးတို့ တစ်လုံးပြီး တစ်လုံး ပြုတ်ကုန်သည်။ သုံးလုံးမြောက်..... လွင် သတိတရ ရှိသွားကာ မျက်နှာလွှဲလိုက်မိသည်။ လက်အစုံက ငြိမ်ငြိမ်မနေတဲ့ အမူးသမားလေးကြောင့် နူးညံ့မှု တစုံတရာကို တိုက်ခတ်မိသွားချိန် လွင် သွေးပျက်စွာ မတ်တပ်ထရပ်လိုက်မိသည်။ ဝင်လေ.... ထွက်လေ.... ဝင်လေ.....ထွက်လေ.... အင်း အဲ့နဲ့ အသံမြည်ကာ လူးလွန့်လာတဲ့ ကိုယ်ငယ်လေးမှာ အရက်ရှိန်ကြောင့် ချွေးတွေတောင် စို့နေသယောင်။ အိုခေ ဘာမှမဖြစ်ပါဘူး ဘာထူးဆန်းတာကျလို့ အားတင်းကာ စိတ်ထိန်းလိုက်ပြီး လွင် ကြယ်သီးတွေ ဆုံးခန်းတိုင်အောင်ဖြုတ်ပြီး တီရှပ်တစ်ထည်ကို ခေါင်းကနေ စွပ်ချပေးလိုက်သည်။ ထို့နောက် .......ဘာမှမကွာဘူး ငါ လုပ်ပေးနေကျ အရုပ်တွေကို အဝတ်ဝတ်ပေးသလိုပဲ လို့တွေးကာ ဘောင်းဘီတစ်ထည်ကို အောက်ပိုင်းကို စွပ်ပေးလိုက်သည်။ ထို့နောက် ..... အခန်းထဲက ထွက်ပြေးကာ တည်းခိုဆောင် အပေါ်ထပ်သို့ ဦးတည်လိုက်သည်။ ရောက်ရောက်ချင်း မျက်စိရှေ့က ရေကူးကန် ပြာလဲ့လဲ့ ထဲ ဒိုင်ပင် ထိုးချလိုက်သည်။ ညှပ်ရိုးပေါ်က မှဲ့နက်လေး အိုခေ အဲ့တာက မဆန်းဘူး အရေပြားပေါ်က အမှတ်အသားတစ်ခုသာသာပဲ ။ အနီရောင်ဇာပန်းခက်များဖုံးလွှမ်းထားသော ရပ်ဝန်းငယ်နှစ်ခုဘာထူးဆန်းလဲ ငါ့မှာလဲ ရှိတယ် ....အဲ့တာ မိန်းကလေးတိုင်းရဲ့ ဂုဏ်ယူစရာပိုင်ဆိုင်မှု အလှတရားပဲ။ သွယ်လျတဲ့ကောက်ကြောင်းထက်က တဖျတ်ဖျတ်တောက်ပနေတဲ့ စိန်ပွင့်လေး။ shit .... နေခြည်လင်းလက် ဘယ်ချိန်က belly piercing သွားလုပ်ထားတာလဲ။ လုပ်ပေးတဲ့သူကရော အထီးလား အမလား။ အဲ့ဒီ သွယ်လျတဲ့ ခါးနဲ့ ဗိုက်သားဖွေးဖွေးလေးတွေကိုရော ကိုင်သေးလား။ အို ... ဒါငါ့အကြောင်းမဟုတ်ပါဘူး။ ဆယ်စက္ကန့်ကြာပြီးနောက်.....အိုး..... ဒါငါ့အကြောင်းပဲ။ ဟုတ်တယ် ငါ့အကြောင်း။ နေခြည်ဆိုတာ ငါ့အပိုင်လေးလေ။ သူ့ကို ငါပိုင်တယ်၊.... အဲ့ဒီဗိုက်သားဖွေးဖွေးလေးတွေကိုရော၊ သိပ်လှတဲ့ ပေါင်တံသွယ်သွယ်လေးတွေရော၊ ဘယ်ဖက် ခြေသလုံးထက်က အမာရွတ်လေးရော .... နေခြည့်ကိုယ်ပေါ်က အရာ အားလုံးငါ့အပိုင်မို့..... ငါ့အကြောင်းတွေချည်းပဲ။ မဖြစ်ဘူး .... အဲ့ဒီတစ်ယောက်နဲ့တော့ မဟုတ်သေးပါဘူး။ နောင်ဆို ဘယ်တော့မှ တစ်ယောက်ထဲ မလွှတ်ထားတော့ဘူး။ အော် အခုက စ လို့ပေါ့။ ရေကူးကန်ထဲမှာ ခေါက်တုံ့ခေါက်ပြန်ကူးနေရင်း ဥစ္စာစောင့် ဘဝသို့ နေ့ချင်းညချင်းကူးပြောင်းသွားပါသည့် လွင် မီမီခိုင်ဟာ ......အခန်းမှာ ကျန်ခဲ့သည့် ရတနာလေးကို စိတ်မချလို့ ရေကန်ထဲက တက်တက်ခြင်း ရေစို အဝတ်တွေနဲ့ အခန်းပြန်သွားခဲ့သည်။ လမ်းတစ်လျှောက်လုံးမှာ သူမကို မြင်တွေ့ခဲ့ရသည့် ပုရိသ အပေါင်းတို့မှာ ရေစိုကာ ကပ်ရပ်နေသော သူမ ကိုယ်ခန္ဓာ အလှကြောင့် အသက်ရှုနှုန်းတွေ ကမောက်ကမဖြစ်သွားတာကိုတော့ သတိမထားခဲ့မိပါ။ သူမသည်လည်း မိန်းမလှ တစ်ဦးဖြစ်သည့်တိုင် အဘယ်ကြောင့်သော မျိုးတူ မိန်းမတစ်ယောက်ကိုမှ ခံစားချက်တွေ လွန်ကဲ နေရသနည်းဟု မေးလာလျှင် အဖြေသည်ကား ရိုးရှင်းပါ၏။နက်ရှိုင်းမှုတို့သည် သာမန်မဟုတ်သော သဘောကို ဆောင်သည်မို့ ထိုလူသား ဤလူသားဟူ၍ အမည်သတ်မှတ်လို့မရ .... ထိုလူသားတိုင်း ဤလူသားတိုင်း၌လည်း ခံစားချက်တို့ မဖြစ်ပေါ်။ အရာရာသည် ချစ်ခင်နှစ်သက်မြတ်နိုးခြင်းကိုသာ အခြေခံ၏။မြတ်နိုးရသူ ချစ်ခင်ရသူ နှစ်သက်ရသူသဘောကျရသူ နှိုင်းယှဉ်လို့မရသော တစ်ဦးတည်းသောသူ အက္ခရာ စာပေတို့နှင့် ဖော်ညွှန်းရလျှင် အခြားသူတို့၌ မဖြစ်ပေါ်ဖူးသော ခံစားချက် စိတ်အလျဉ်တို့သည် သက်ဆိုင်ရာ တစ်ဦးတည်းသော ကိုယ်ပိုင်နာမ်တို့တွင်သာ ဖြစ်တည်လေ့ရှိသည်။ တတိုင်းမွှေး(24/11/22)A/N- ကိုယ့်စာဖတ်သူတွေက ရှယ်ချေတယ်ဗျာ..... ဘာမှတောင် ပြောမသွားကြဘူး။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now