(6)zawgi(new version)

71 8 0
                                    

လူတစ်ရပ်မက မြင့်မားသော တံတိုင်းကြီးတွေပတ်လည်ကာရံထားသည့် ခြံကျယ်ကြီးအတွင်း၌ တည်ရှိသော အိမ်ကြီးမှာလည်း ခမ်းနားလှသည်။ ဥရောပ စတိုင်ဆောက်လုပ်ထားသော သုံးထပ်တိုက်ကြီးရဲ့ နံရံတွေမှာ ခရမ်းရောင် wisteriaပန်းနွယ်တွေတွယ်တပ်နေတာကိုလည်း မြင်ခဲ့ရသည်။ ပြီးတော့ ဆင်ဝင်အောက်က နေရာလွတ်မှာ စိုက်ထားသည့် လီလီပန်းတစ်ခင်းကြောင့် လွင် အနည်းငယ်အံ့သဩမိသည်။ ပြဇာတ်ကတဲ့ နေ့က နေခြည်ငယ်ယူလာသည့် ဂုဏ်ပြုပန်းစီးမှ လီလီပန်းတွေရဲ့ အရောင်နဲ့ ဆင်တူနေသည်မဟုတ်လား။ "လွင် ရောက်လာပြီလား လာ ငါနင့်ကို စောင့်နေတာ "လွင် လီလီပန်းခင်းရှေ့မှာ အတွေးလွန်နေတုန်း ရောက်လာသည့် ချစ်ရသူ။ သုံးရက်လောက် နေမကောင်းခဲ့တာမို့ မျက်နှာလေးတောင် ချောင်သွားသယောင်။ ဒီနေ့ သူရောက်လာသည့်အကြောင်းက နေမကောင်းဖြစ်လို့ ခွင့်ယူထားရသည့် နေခြည့်ကို စာတွေကူးပေးရမှာမို့။ "အင်း ရောက်လာပြီ ဒါနဲ့ ဒီပန်းတွေကလေ ....""အတူတူပဲ ""ဟင်""နင့်ကိုပေးတဲ့ ဂုဏ်ပြုပန်းစီးက ငါကိုယ်တိုင် လုပ်ထားတာ ဒီပန်းခင်းကပန်းတွေနဲ့ ....ပြီးတော့ အဲ့တာတွေက ငါကိုယ်တိုင် စိုက်ထားတာ" ချစ်ရသူက ပန်းတွေပျိုးတယ်တဲ့လား။ ပြီးတော့ သူက ချစ်ရသူလက်ဖဝါးနုနုနဲ့ ပျိုးထားတဲ့ ပန်းတွေကို ပိုင်ဆိုင်ခဲ့ဖူးတယ်တဲ့လေ..... ဒီလောက်ဆို ကံကြမ္မာက သူ့ဖက်မှာ ရှိနေတယ်လို့ သတ်မှတ်လို့ရတယ်မလား။ "ကျေးဇူး ကျေးဇူးအများကြီးတင်တယ် နေခြည် "ပန်းတွေကိုပျိုးပါချစ်ရသူ တမူထူးတာက မင်းကိုမနာကျင်စေဘူး အလွမ်းတွေကို ခံနိုင်ရည်ရှိအောင်လုပ်ပါ ရင့်ကျက်မှုလေးတော့ ဖြစ်ထွန်းစေတာမို့တည်ငြိမ်တဲ့ အပြုံးလေးနဲ့ တုံ့ပြန်တဲ့မင်းရဲ့ ပုံစံဟာ ကိုယ့်နှလုံးသားထဲ စွဲရိုက်ထားတဲ့ နောက်ထပ် ပန်းချီကားချပ်အလား။ အပြင်ပိုင်းက အနောက်တိုင်းဆန်ပေမယ့် အိမ်အတွင်းပိုင်းပြင်ဆင်မှု့ဟာ ခေတ်ဟောင်းပုံစံဖြစ်နေတာက ချစ်ရသူရဲ့ မိခင်ဖြစ်သူက စီမံသည်တဲ့လေ။ တိတ်ဆိတ်နေသော အိမ်ကြီးရဲ့ နေရာတိုင်းမှာ အလုပ်ကိုယ်စီ လုပ်နေတဲ့ အိမ်အကူတွေက လွဲရင် ချစ်ရသူရဲ့ မိသားစုဝင်တစ်ယောက်ကိုမှ မတွေ့ရ။ အပေါ်ဆုံးထပ်က အခန်းကျယ်ကြီးတစ်ခုကို ဦးဆောင်ခေါ်သွားတဲ့ မင်းက တလမ်းလုံး ပါးစပ်ကို မပိတ်ဘဲ နေမကောင်းတဲ့ ရက်တွေမှာ ဘယ်လို အထီးကျန်ကြောင်း တိုင်တောနေသေးတာ။ "လွင် ဒါက ငါ့အခန်းလေ "ခရမ်းရောင် လာဗန်ဒါခင်းထဲ ရောက်သွားသလို ခံစားမိလိုက်တယ်။ အေးစိမ်တဲ့ လေအေးပေးစက်ရဲ့ လေပြေထဲမှာ တကယ်ပဲ လာဗန်ဒါပန်းရနံ့တွေရောပါလာတယ်။ ဒါကြောင့် ချစ်ရသူရဲ့ ကိုယ်သင်းရနံ့ဟာ လာဗန်ဒါလို မွှေးပျံ့နေတာပေါ့။ ရိုးရှင်းတယ်။ သပ်ရပ်တယ်။ အိပ်ယာ၊ စာကြည့်စားပွဲ၊ အဝတ်ဗီရို၊ စာအုပ်စင် အားလုံးမှာ ခရမ်းရောင်ချယ်သော အငွေ့အသက်တွေ နဲ့ ပြည့်နှက်နေပေမယ့် သပ်ရပ်မှုတို့ကလည်း အထင်းသား။ "လွင် ခဏနော် ငါ နင်စားဖို့တခုခု သွားလုပ်လိုက်ဦးမယ် "ချစ်သူ့ကိုယ်သင်းနံ့တွေ ထုံလွှမ်းနေတဲ့ အခန်းကျယ် ထဲမှာ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့ပြန်တယ်။ လိုင်းလတ်ပန်းပုံ ပန်းထိုးထားသည့် ဇာခန်းဆီးတွေက ငြိမ်သက်လျှက်။ စာကြည့်စားပွဲပေါ်က စားပွဲခင်းမှာလည်း ခရမ်းရောင် ဗေဒါပန်းတွေဟာ လက်ရာမြောက်စွာ။ နံရံပေါ်က ဓါတ်ပုံပေါ်ကို အကြည့်မလွှဲနိုင်။ လတ်တလောကမှ ကြိုးစားပြီး နားထောင်နေတဲ့ ပြည်တွင်းသတင်းတွေမှာ ဇာတ်လိုက်ကျော်တစ်ယောက်လို နာမည်ကြီးတဲ့ ဝန်ကြီးချုပ်တစ်ဖြစ်လဲ နေခြည်ဖေဖေရယ်၊ ထည်ဝါတဲ့ အရှိန်အဝါတွေပြည့်နေတဲ့ မိခင်ဖြစ်သူရယ်၊ ပြီးတော့ နေခြည်နဲ့ မျက်နှာပေါက်ချင်းဆင်တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၊ထိုအမျိုးသားနှင့်ဆင်တူသော အပြင်အဆင်များဖြင့် အမျိုးသမီးတစ်ယောက်ရယ် ပါဝင်နေသည့် မိသားစုဓါတ်ပုံ ။ အားလုံးသော လူတွေထဲ လွင့်အတွက်တော့ နေခြည်လင်းလက်တစ်ယောက်ကသာ ကြည့်ကောင်းဆုံးဖြစ်နေသည်။ "အဲ့တာ ငါတို့မိသားစုလေ "လွင် ဓါတ်ပုံကို ကြည့်နေတုန်း ကော်ဖီလင်ဗန်းလေးကိုင်ကာ အခန်းထဲပြန်ဝင်လာသည့် နေခြည်။ "အင်း သိသာပါတယ် ""ဘယ်လိုလဲ ငါ အချောဆုံး အလှဆုံးမဟုတ်လား "ကော်ဖီဗန်းကို နီးရာ စားပွဲပေါ်တင်ခဲ့ပြီး သူရပ်နေရာ နံရံရှေ့သို့ရောက်လာချလာပြီးမေးသည်။ "မေးရဲတယ်နော် ""ဟာ အတည်ပြောနေတာကို ငါလေးအလှဆုံး မဟုတ်လား ""အင်း နင်လှတယ်..... သေချာကြည့်လိုက်တော့ တကယ်ပဲ နင့်မိသားစုဝင်တွေနဲ့ မတူဘဲ နင်က သီးသန့်ခွဲထွက်နေသလိုပဲ .....အဲ့တော့....." "အဲ့တော့ ဘာလဲဟင် "လွင့် စကားကို အဟုတ်ကြီးမှတ်ကာ စိတ်ဝင်တစား နားထောင်နေသူလေးရဲ့ မျက်ဝန်းတွေက တဖျတ်ဖျတ်။ "မဟုတ်မှ နင့်မိသားစုက နင့်ကို မွေးစားထားတာလား ဥပမာ နင့်မိဘတွေက နင့်ကို တနေရာက ကောက်ယူလာပြီး မွေးစားထားတာများလား" "ဟင် "လွင့် စနောက်လိုက်သည့် စကားကို အံ့ဩသွားပုံရသည်။ တခဏာတာ တိတ်ဆိတ်သွားပြီးနောက် လွင့်ကို ကျောခိုင်းကာ တရွေ့ရွေ့ ထွက်သွားပြီး အိပ်ယာပေါ်သို့ တက်ထိုင်နေလေသည်။ တခုခုမှားသွားပြီ။ "နေခြည် နေခြည် ဘာဖြစ်တာလဲဟင် ငါ တခုခု အမှားလုပ်မိတယ်မဟုတ်လား တောင်းပန်ပါတယ် "အိပ်ယာထောင့်စွန်းမှာ ပုံ့ပုံ့လေးထိုင်နေရင်း မျက်ရည်တွေကျနေသူကြောင့် လွင့် ရင်တွေပူလောင်လှသည်။ သူတကယ်ပဲ နေခြည်လေးပြုံးပျော်နေစေချင်လို့ စနောက်ခဲ့ရုံသပ်သပ်သာ။ "မငိုပါနဲ့ ငါ ငါ တောင်းပန်ပါတယ် ငါ စတာပါ မကြိုက်ရင် မပြောတော့ပါဘူး နော် ""အဟင့် ဟင့် ဟင့် ဟင့် "ချော့နေရင်းမှ ပိုတိုးလို့ငိုလာတာကြောင့် နေခြည်မနေတတ်တော့။ ဘေးနားက သူ့ရင်ခွင်ထဲ ဆွဲပွေ့လိုက်တော့ အလိုက်သင့် တိုးဝင်ရင် ငိုလာတာမှ ကြူကြူပါလို့။ "တောင်းပန်ပါတယ် ""ငါက မွေးစားသမီးဆိုတာ ဘယ်လိုသိလဲဟင် အဲ့လောက်တောင် သိသာနေလားဟင် "ရင်ခွင်ထဲကနေ ငိုသံတဝက်နဲ့ ဝူးဝူး ဝါးဝါး အသံတွေထွက်လာသည်။ လွင် တကယ် စနောက်ချင်ခဲ့တာပါ။ ဒီလို စိတ်မကောင်းစရာ အကြောင်းတစ်ခုနဲ့ တိုက်ဆိုင်သွားပြီး ဝမ်းနည်းစေမယ်လို့မထင်ခဲ့။ အရာ အားလုံး ပါးစပ်စည်း မစောင့်သည့် လွင့် အမှားတွေချည်းသာ။ "အဲ့တာက ကိစ္စတစ်ခုမဟုတ်ပါဘူး နေခြည့် ကိုယ့်ကိုကြည့်ပါ ဒီမှာ ကိုယ်ပြောမယ် မိသားစုဆိုတာ သွေးသားတော်စပ်မှုနဲ့ ချည်နှောင်တာ မဟုတ်ဘူး မေတ္တာတွေနဲ့ ချည်နှောင်တာ မင်းပြော မိသားစုက မင်းကို အခု ဘယ်လိုဆက်ဆံလဲ သူတို့မင်းကို ချစ်ကြတယ်မလား ""အင်း "သူ့ရင်ခွင်ထဲကနေ မထွက်သေးဘဲ ခေါင်းတွေချည်း ငြိမ့်ပြသလို လွင့် ခါးကို ပိုတိုးလို့ ဖက်လာသည့် လက်တစ်စုံ။ "ဒီလိုဆို မင်းပျော်သင့်တယ်... တချို့ မိသားစုဆို သွေးသားအရင်းတွေဖြစ်နေပါလျှက် တစ်ယောက်နဲ့ တစ်ယောက် မနာလိုတာ မချစ်ခင်တာ ရန်လိုတာတွေနဲ့ ပျော်စရာ မကောင်းတဲ့ ဆက်ဆံရေးတွေရှိကြတယ် မင်းက တကယ်ကို ကံကောင်းပါတယ် သူတို့နဲ့ မတူဘူး အဲ့တော့ အဲ့ဒီသတ်မှတ်ချက်ကြီးကို မေ့ထားလိုက်နော် နောက်ဆို ဘယ်သူဘာပြောပြော ဂရုမစိုက်နဲ့ ကြားလား""အင်းပါ ဂရုမစိုက်ဘူး ""လိမ္မာတယ် နေခြည်လေးက တကယ့်ကို ရင့်ကျက်တဲ့ ကောင်မလေးပဲ"ခေါင်းလေးကို ဖွဖွ ပုတ်ကာ နေခြည် ချီးကျူးပေးလိုက်သည်။ အော် .... သူ့ကောင်မလေးက တကယ်တော့ စိတ်ဒါဏ်ရာတွေနဲ့ ပြည့်နေသူလေးပါလား။ သူ များများ ဖေးမပြီး နွေးထွေးမှုတွေပေးရမယ်။ သူ့ကြောင့် ဒီကောင်မလေးရဲ့ အနာဂတ်မှာ အပြုံးတွေနဲ့ ချည်းပြည့်နေစေရမယ်။ ခစ် ခစ် ခစ် အခုတောင် ရယ်သံလေးကြားနေရပါလား။ တဆိတ်လောက်.... ထူးဆန်းတယ် အဲ့အသံက။"အဟီး ခစ် ခစ် ခစ် အဟား" တခုခုကို ကျေနပ်ပီတီဖြစ်နေသံကြီး။ ထို့နောက် သူ့ရင်ခွင်ထဲကနေ ထွက်ကာ ကြမ်းပြင်မှာ အူလှိမ့်အောင် ရယ်နေသူ။ "ဟား ဟား လွင် နင် ...နင်... အဟား ခဏ ငါ တအား ရယ်ချင်နေလို့ အမလေး ရယ်ရတာ ဗိုက်တောင်အောင့်တယ် ""ဘာဖြစ်နေတာလဲ နေခြည်""ဟားဟား နင် ငါပြောသမျှကို ယုံတယ်နော် "ဘာလဲ သူအခု အရူးလုပ်ခံလိုက်ရတာလား ။ "ဟီး ဟီး ငါနောင်နှစ် ပြဇာတ်အသင်းဝင်လို့ရလောက်ပြီလား လွင် ဘယ်လိုလဲ ငါ သရုပ်ဆောင် ကောင်းရဲ့မဟုတ်လား ""နေခြည်လင်းလက် "သူ သည်းမခံနိုင်စွာ ပိတ်အော်လိုက်သည်။ ရယ်ကျဲကျဲလေးဖြစ်နေသည့် မျက်နှာမှာ သူ့အော်သံထွက်ပေါ်လာပြီးနောက် ချက်ချင်းငြိမ်ကျသွားသည်။ "အိုး စိတ်ဆိုးသွားပြီလား"ဝုန်းခနဲ မြည်အောင် တံခါးကို ပြန်ပိတ်လိုက်မိချိန်မှာ လွင် ခရမ်းရောင်အခန်းငယ်ထဲကနေ ထွက်လာပြီးပြီ။ နောက်ကနေ သူ့နာမည်ကို တကျော်ကျော်အော်ပြီး လိုက်ခေါ်နေသည့် ကောင်မလေးကို ဂရုမစိုက်ဘဲ လှေကားတွေကနေ ပြေးဆင်းလာမိသည်။ သူ့ကတော့ အမှန်အကန်တွေ နှစ်သိမ့်ပေးလိုက်ရတာ သုံးနှစ်သမီးအရွယ် ဉာဏ်ရည်နဲ့ နေခြည်လင်းလက်ကတော့ ပြောင်လို့ နောက်လို့ကောင်းတုန်း။ "အင့် အမေ့ ""ဟာ ဆောရီး "လှေကားထောင့်ချိုးရောက်တော့ အပေါ်တက်လာသည့် လူတစ်ယောက်နဲ့ လွင် တိုက်မိသည်။ ထိုသူကလည်း လှေကားကို မကြည့်ဘဲ လက်ထဲက စာရွက်စာတမ်းတွေကိုသာ ကြည့်ပြီးတက်လာတာမို့ အလောတကြီးဆင်းလာတဲ့ လွင်နဲ့ ရှောင်ချိန်မရဘဲ တည့်တည့်ကို တိုးတော့သည်။ "ဘယ်သူလဲ မသိဘူး.... ဘာဖြစ်သွားသေးတုန်း "လွင်က ပြန့်ကျဲသွားသည့် စာရွက်တချို့ကို ကောက်ပေးပြီး အဲ့ဒီလူရဲ့ မျက်နှာကို ကြည့်မိသည်။ နေခြည့်အခန်းထဲက ဓါတ်ပုံမှာ ပါသည့်သူ။ နေခြည့် အစ်ကိုပေါ့။ "ဟော အစ်ကိုကြီး ပြန်လာပြီလား အဲ့တာ သမီး သူငယ်ချင်း "နောက်ကနေ အပြေးတပိုင်းရောက်လာသည့် နေခြည်ငယ်က ရှင်းပြသည်။ လွင်လည်း ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ပေမယ့် ဘေးနားက သုံးနှစ်သမီးကို လျစ်လျူရှုထားလိုက်သည်။ "သူငယ်ချင်း ဟုတ်လား ငယ်လေးမှာ သူငယ်ချင်းရှိတယ်ပေါ့ ""ဟာ အစ်ကိုကြီးကလဲ သမီးမှာ သူငယ်ချင်းမရှိရအောင် သမီးက ဘာဖြစ်နေလို့လဲ ဟွန့် လူကိုဆို အထင်သေးလှချည်လား ""ဟား ဟား စတာပါ ငယ်လေးရဲ့ အစ်ကိုကြီးက ထူးဆန်းနေလို့မေးကြည့်တာ ငယ်လေးက ဘယ်တော့မှ သူငယ်ချင်းတွေကို အိမ်မခေါ်ဘူးဖူးမလား ""ဟီး ဒါက သမီးရဲ့ အထူးစပယ်ရှယ် သူငယ်ချင်း အော် သူ့နာမည်က လွင်တဲ့ "အထူးစပယ်ရှယ်တဲ့လား။ ဘာလဲ လူကို မုန့်များထင်နေလား။ ဘာပဲပြောပြော လွင့်ရဲ့ စိတ်ဆိုးနေမှု့ ဒီကရီတွေတော့ လျော့သွားသလိုပဲ။ အော် အစကတည်းက .....တကယ်စိတ်ဆိုးနေတာ မဟုတ်ဘဲ အချော့ခံချင်လို့ဆိုတာတော့ ကိုယ်စောင့်နတ်နဲ့ ကိုယ်ပဲ သိတယ်လေ။ သူဘယ်လောက်တောင် အပျော်လွန်သွားလဲဆိုတော့ နေခြည့်အစ်ကိုကြီးက နှုတ်ဆက်တော့မှ အသိဝင်လာတယ်။ "အစ်ကိုကြီးသွားမယ် သူငယ်ချင်းနှစ်ယောက် အရသာရှိတာတွေဝယ်စားနော် "သူလည်း ခေါင်းငြိတ်ကာပြန်နှုတ်ဆက်လိုက်သည်။ ဘေးနားက သုံးနှစ်သမီးကတော့ လက်ချောင်းတွေကြားမှာ တစ်သောင်းတန် အထပ်လိုက်ကို ဖြန့်ကိုင်ကာ ရေတွက်နေလေသည်။ "အဟီး မုန့်ဖိုးတွေရပြီ လွင် ဘာစားချင်လဲ ငါဝယ်ကျွေးမယ် "သူ့ကို မုန့်နဲ့ မျှားရအောင် သူက ငါးနှစ်သမီးလား။ ကလေးပေါက်စလား။ တကယ်ပါပဲနော် ။"သွားမယ် ဟော့ပေါ့ဆိုင်ကို..... အချစ်မခံရတဲ့ မွေးစားသမီးဝယ်ကျွေးတာ ဘယ်လိုလဲလို့ စားဖူးအောင် စားကြည့်ရမယ် ""စိတ်မဆိုးနဲ့တော့နော် ငါက ပျော်စေချင်လို့စတာပဲကို လွင်ရဲ့ ငါ့ရဲ့ အထူးစပယ်ရှယ် သူငယ်ချင်းကြီးရဲ့ "အချစ်ရဲ့ သွင်ပြင်ငယ်ဟာ ခရမ်းရောင်တွေလိုပဲ မဟာဆန်တယ်။ နူးညံ့တဲ့ နှလုံးသားကတော့ တခါတလေ ကလေးဆန်တယ်။ ကိုယ်ကတော့ အချစ်နဲ့တွေ့ရင် အရာရာမှာ သုညဆန်တယ်။ တတိုင်းမွှေး(22/11/22)A/N- အစကတော့ မတင်သေးဘူးလုပ်နေတာ (၁၂)လပိုင်းထဲ လုပ်စရာတွေရှိလို့ အခုကတကည်းက ရေးပြီးသမျှတွေ တင်ထားပေးပါ့မယ်။ ...........................................................................................................

ရွှေချည်ကြိုးဆွဲရာ(GL)حيث تعيش القصص. اكتشف الآن