(23)zawgi

68 6 0
                                    

"အဲ့ဒီကောင်မလေးကိုသိပ်စိတ်ပူနေသလား"အိမ်ထဲကနေ တောက်ခ်တစ်ချက်ပြင်းပြင်းထန်ထန်ခေါက်ပြီး ထွက်သွားသော ချာတိတ်လေးကြောင့် ဖုန်းတကိုင်ကိုင် သက်ပြင်းတချချဖြစ်နေသော နေခြည့်ကြောင့် ကိုယ်တိုင်လည်း နေလို့မကောင်းတော့။ ထင်ထားတာထက်တောင် သံယောဇဉ်တွေတွယ်နေတဲ့ မင်းတို့နှစ်ယောက်ကို ရေရှည်မှာ ကိုယ်ကြည်ဖြူနိုင်မယ်မထင်ဘူး နေခြည်။ တို့တိတို့ကနန်းစားနေတဲ့ ညနေစာကို လက်စသတ်လိုက်ပြီး မင်းကို အာရုံပြောင်းဖို့ ဆွဲဆောင်ကြည့်မိလည်း သိပ်တော့မထူးတာကြောင့် ကိုယ်နှုတ်ကနေ ထုတ်မေးရပြီ။"ခတ္တာက သိပ်သနားစရာကောင်းတာ မိဘတွေက ကားအက်ဆီးဒင့်ကြောင့်ဆုံးသွားပြီး ကတည်းက တစ်ယောက်တည်း ရပ်တည်နေရတာ""သူ့အကြောင်း မင်း ဘယ်လောက်သိထားလဲ နေခြည်""ဟင် အင်းသိပါတယ် သူ့ကို ငယ်ငယ်ကတည်းက မိဘတွေစွန့်ပစ်သွားလို့ မွေးစားမိဘတွေနဲ့ နေခဲ့ရတာတဲ့ ဆုံးသွားတဲ့ မွေးစားမိဘတွေကလည်း ဆွေမျိုးအသိုင်းအဝိုင်းမရှိလို့ ကလေးက တကောင်ကြွက်ဖြစ်နေတာ အဲ့တာကြောင့် ငါ့ကို ပိုတွယ်တာတယ်ဆိုပါတော့"ဝိုင်တခွက်ကို အသာမော့ရင်း ပြုံးချင်နေတဲ့ ကိုယ့်စိတ်ကို ပြန်ထိန်းလိုက်ရတယ်။ မင်း ချာတိတ်လေးက ပိပိရိရိလိမ်ထားတာပဲ နေခြည်ငယ်။"သူနဲ့တိုက်ခန်းမှာနေဖြစ်တာ ကြာပြီလား နေခြည်""အင်း ကိစ္စတစ်ခုကြောင့် ငါအရင်က နေတဲ့ ကျောင်းအဆောင်ကနေပြောင်းလာတာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူကလည်း အခန်းဖော်အသစ်ရှာနေတာနဲ့ကြုံသွားလို့""အော် တော်တော်တိုက်ဆိုင်တာပဲနော်""အင်း သူက လူကောင်းပါ အခန်းလခကိုလည်း အများကြီးမယူဘူး အခန်းခအဖြစ် သူ့အတွက်အစားသောက်ပြင်ပေးပါတဲ့ အဲ့တာပဲ တောင်းဆိုတာ ကလေးက ငယ်သေးတော့ တစ်ယောက်တည်း ဘာမှမလုပ်တတ်ဘူးလေ ငါရှိမှ ဖွယ်ဖွယ်ရာရာ စားရတာ""အော် ဟုတ်မှာပေါ့ အဟွန်း"သိပ်ရယ်ရတာပဲ နေခြည်ရယ်။ မင်းအခုပြောလိုက်တဲ့ စကားကိုများ မင်းအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်က စာဖိုးမှုးတွေကြားရင် သွေးတက်ကုန်မလားပဲ။ မင်း ဟာမလေးက အဲ့ဒီစားသောက်ဆိုင်ကို အသက် ဆယ့်လေးနှစ်ကတည်းက ပိုင်လာတာ။ ရိုးသားလိုက်တဲ့ ငါ့ကောင်မလေးကို လှည့်စားထားတဲ့ ချာတိတ်ကလည်း မခေပါလား။ ပြန်မလာသေးတဲ့ကောင်မစုတ်လေးက ဖုန်းမကိုင်တော့ တစ်မိနစ်ခြားတစ်ခါစာပို့နေသည့် နေခြည့်ကို အာရုံလွှဲဖို့ ကိုယ်နည်းနည်းတော့ အကျင့်ယုတ်မိဦးမယ်။"နေခြည် ကိုယ် ပြောစရာရှိတယ်""အင်း ပြောလေ လွင် ဘာလုပ်ချင်လို့လဲ ဘယ်သွားချင်လို့လဲ""ဟို ကိုယ့်ကို တစ်ခုခုချက်ကျွေးပါလား""ဟမ် ရုတ်တရက်ကြီး ဘာလို့လဲ အခုနက ဆိုင်ကမှာပေးတာတွေကစားမကောင်းဘူးလား""အင်း ဘာရယ်မဟုတ်ဘူး နေသားမကျလို့ထင်ပါရဲ့ ပါးစပ်ကလေ မြန်မာထမင်းဟင်းပဲ စားချင်နေတယ်""အာ ဟုတ်လား ငါ ချက်ပေးမယ်လေ ခတ္တာကလည်း မြန်မာထမင်းဟင်းတွေကြိုက်တော့ ဟင်းချက်စရာတွေက အသင့်ရှိတယ် ခဏပဲစောင့်""ရပါတယ်"မီးဖိုဆောင်ထဲမှာ တလှုပ်လှုပ်ချက်ပြုတ်နေတဲ့ ကောင်မလေးကို ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်က လွတ်လွတ်လပ်လပ်ငေးကြည့်နေမယ့်ပုံရိပ်ကို တွေးမိတော့ ကိုယ်လုပ်တာတွေက မလွန်ပါဘူးနော်။ တိုက်ခန်းငယ်ဟာ သေသပ်လှပစွာပြင်ဆင်ထားတော့ ဟိုးအရင်က အခန်းကို ရှုပ်ပွအောင်ထားလို့ အမေဖြစ်သူဆီက ခဏခဏအဆူခံရတဲ့ ကောင်မလေးကို ကိုယ်လွမ်းတယ်။ ပြောင်းလဲသွားခြင်းတွေဟာ ကိုယ့်အတွက်တော့ မဟုတ်ခဲ့လို့ တော်ပါသေးရဲ့။"ဘယ်လိုလုပ်ဒီကို ရောက်လာတာလဲ လွင်"သခွားသီးစိမ်းတစ်လုံးကို အမျှင်ခြစ်နေရင်းက လှမ်းမေးတဲ့အခါ ကိုယ် တမင် မင်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် နေရာယူလိုက်တယ်။"အလုပ်ကိစ္စတစ်ခုကြောင့်ပါ ပြီးတော့ မင်းကို လွမ်းလို့""ငါဒီမှာရှိနေမှန်းဘယ်လိုလုပ်သိလဲ အမေရိကားက ဒီလောက်ကျယ်တာကို သေချာတယ် ကိုကိုကြီးက ပြောတာမဟုတ်ဘူးမလား"ဒီမေးခွန်းက မြန်မာပြည်က ဖြစ်ရပ်တွေနဲ့ ကိုယ်ဖြစ်စေချင်သလို မင်း ဝေးကွာနေတယ်ဆိုတာသိစေတော့ ဝမ်းသာပါတယ်။ မှောင်မိုက်တဲ့ ကိုယ့်ရဲ့ နောက်ထပ်ဇာတ်ကွက်ကို မင်းတစ်ယောက်မသိလေမှ အန္တရယ်ကင်းမှာ မဟုတ်လား။"မင့်ကိုကိုကြီးနဲ့ ကိုယ်အဆက်အသွယ်ရတာ မင်းထွက်သွားတဲ့နေ့ကနောက်ဆုံးပါပဲ အဲ့ဒီနေ့ကပဲ သိရတယ် နောက်တော့ ဒီရောက်မှ ကိုယ်စုံစမ်းရတာပေါ့""အော်"ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ လုပ်စရာရှိတာတွေကို လုပ်ရင်း စကားပြောလည်းမပျက်စေရ။"ကြည့်ရတာ အရသာရှိမယ့်ပုံပဲ ဘာချက်မို့လဲ နေခြည်""ပုန်းရည်ကြီးထမင်းသုတ် သခွားသီးသုပ် ကြက်ဉမွှေကြော် မြေပဲဆံကြော် ....လွင် မှတ်မိလား""အင်း ကိုယ်မှတ်မိတာပေါ့ အိမ်မှာ ကိုယ်တို့အိမ်မှာ မင်းလာလည်ရင် မနက်စာအနေနဲ့ မေမေလုပ်ကျွေးနေကျပဲ""အင်း အန်တီ့လက်ရာမမှီပေမယ့် စားကောင်းမှာပါ ခတ္တာကလည်း မြန်မာထမင်းဟင်းကြိုက်တော့ ဟင်းချက်စရာတွေဝယ်ထားတတ်တာ အတော်ပဲဖြစ်သွားတယ် လွင် လာ စားလို့ရပြီ"စားပွဲပေါ်ရောက်လာတဲ့ ထမင်းသုပ်ပန်းကန်လှလှလေးဟာ စားချင့်စဖွယ့်။ ကြက်ဉမွှေကြော်ကိုမှ မကျက်တကျက်လေးကလည်း ကိုယ့်အကြိုက်နဲ့ကွက်တိ။ ပုဇွန်ခြောက်နဲ့ သုပ်ထားတဲ့ သခွားသီးသုပ်မှာ ညှပ်ပြီးသား ငရုတ်သီးတွေပါသွားလို့ တူနဲ့ပြန်ဖယ်ပေးနေတဲ့ မင်းကြောင့် ပိုလို့တောင် ဝမ်းသာမိပါတယ်။ အမှတ်တမဲ့တွေသာ ဖြစ်မယ်ထင်ထားပေမယ့် အမှတ်ရပေးလို့ ကျေးဇူးပါ နေခြည်ငယ်။"ဘယ်လိုလဲ အရသာကောင်းလား"ပထမတစ်ဇွန်းကို ခပ်စားကြည့်လိုက်တော့ ကိုယ်အရင်ဆုံး ထိတွေ့မိတာက မျှော်လင့်ချက်တွေပြည့်နေတဲ့ မင်းမျက်ဝန်း။"အင်း အရသာရှိတယ်""တော်သေးတာပေါ့ အန်တီလက်ရာကို မမှီတာတော့သိပေမယ့် အဆိုးကြီးမဟုတ်လို့""အရမ်းကောင်းတယ်နေခြည် တကယ်ကောင်းတယ် ကိုယ်ဒီအရသာကိုလွမ်းနေတာကြာပြီ""ဟင် အန်တီက လုပ်မကျွေးတော့ဘူးလား"ကိုယ် ရုတ်တရက်စကားမှားသွားတယ်။ နေခြည်လေး မသိသေးတဲ့ အကြောင်းအရာတွေက တစ်ခုနှစ်ခုမှမဟုတ်တာ။ အမှန်တရားမဟုတ်ပေမယ့် မင်းစိတ်သက်သာရာရစေဖို့တော့ ကိုယ်ကြိုးစားပါ့မယ်။"တကယ်တော့ ကိုယ် ဒီနှစ်တွေမှာ မေမေတို့နဲ့ အတူရှိနေတာမဟုတ်ဘူး""လွင် ငါ့ကို ဖုံးကွယ်ထားတာတွေများနေသလားလို့"ဖုံးကွယ်ထားတယ်မဟုတ်သော်ငြား ရည်ရွယ်ချက်ရှိရှိမင်းကို လျို့ဝှက်ထားမိပါတယ်နေခြည်ရယ်။ တချိန်ကျရင် ကိုယ်မဟုတ်တဲ့သူတွေက မင်းအတွက်ရည်စူးတဲ့ ကိုယ့်လုပ်ရပ်တွေကို နားမလည်ဘဲ ဝေဖန်လာတဲ့ အခါ မင်းကို မနာကျင်စေရုံပါ။ မင်းအတွက် ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းမှာ သိပ်ချစ်ရပါတဲ့ မိခင့်ဆီက အမွေပြတ်စွန့်လွတ်ခံလိုက်ရပါတယ်လို့ ကိုယ် ဘယ်တော့မှ ထုတ်ဖော်ပြောဖြစ်မှာ မဟုတ်ဘူး နေခြည်။ကိုယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာ မင်းသိဖို့မလိုဘူးမင်းကို ဘယ်လောက်ချစ်တယ်ဆိုတာပဲ မင်းသိဖို့လိုတယ်ကိုယ် ဘယ်လို အနစ်နာခံခဲ့ရတယ်ဆိုတာ မင်းကို တိုင်တယ်မှာမဟုတ်ဘူးမင်း ကိုသိပ်ချစ်ကြောင်းပဲ လောကကြီးကို ကြွားဝါလိုက်မယ်အချစ်ရဆုံးရေ နောက်ဆုံးသော အချိန်မှာ ကိုယ့်ကို ရွေးချယ်ပေးပါအချစ်ရဆုံးရေ အရာရာနဲ့ ယှဉ်ရင် ကိုယ့်ကိုပဲရွေးပါကိုယ်နဲ့ ကိုယ့်ကိုနှိုင်းယှဉ်ရင်တောင် မင်းကို ပိုချစ်တဲ့ ကိုယ့်ကိုပဲ ရွေးပါ"နေခြည် ကိုယ် ပြောမယ် သေချာနားထောင်နော် .....ကိုယ် မင်းမရှိတဲ့ နှစ်တွေမှာ တချို့အရာတွေ လုပ်ခဲ့တယ် အခုချိန်မှာ မင်းကို မပြောဖြစ်သေးတာပဲရှိတယ် သပ်သပ်မဲ့ ဖုံးကွယ်ထားတာမျိုးမဟုတ်ပါဘူး နောင်ကျ နောင်ကျရင် အကုန်မင်းကို ပြောပြမယ်""လွင် ကိစ္စမရှိဘူး အဆင်ပြေတယ်သိလား"စားပွဲပေါ်တင်ထားတဲ့ လက်တစ်ဖက်က နွေးသွားလို့ ကြည့်လိုက်တာ့ ဆုပ်ကိုင်ထားတဲ့ လက်သွယ်သွယ်တစ်စုံရဲ့ ပိုင်ရှင်က မင်းပဲ။ အကြည့်ချင်းဆုံသွားတဲ့ တခဏ ကိုယ် တစ်စုံတစ်ခုကို ဖမ်းမိလိုက်လေသလို။မဟုတ်မှ နေခြည်ငယ်ဟာ ကိုယ့်ကို.....?"တကယ်အဆင်ပြေပါတယ် လွင် ဘာတွေပဲလုပ်လုပ် ဘာတွေပဲကြုံနေကြုံနေ ငါ့ကို မပြောပြလည်း ကိစ္စမရှိဘူး ဘာမှမဖြစ်ဘူး....တစ်ခုပဲ ...တခုပဲရှိတယ် အဆင်ပြေရဲ့လား လွင်""အဆင်ပြေလား"သံယောင်လိုက်မိတဲ့ စကားလုံးဟာ သိပ်ကို အံ့ဩလွန်းလို့ပါ။ ငယ်ငယ်က လဲကျလို့ဒဏ်ရာရချိန် ဘေးနားကနေ နာသွားသေးလား ဘာဖြစ်သွားသေးလဲလို့ မေးလိုက်မှ ရှိုက်ကြီးတငင် ထငိုတတ်တဲ့ ကလေးလိုပဲ။ ကိုယ်တိုင်သာဆိုရင် လိုလိုလားလား ရွေးချယ်တဲ့ လမ်းကြမ်းကို အားတင်းပြီး အဆုံးထိလျှောက်ဖို့ မာန်တင်းထားပြီးသားပေမယ့် မေတ္တာကို ပခုံးထမ်းတင်လို့ စွန့်ဝံ့စေသူ သခင်မက မေးလာတဲ့ အခါ ပိုပိုသာသာလေး ချွဲပြချင်တော့တယ်။"အဆင်မပြေရင် ရပ်လိုက်ပါလွင် ဘာမှန်းမသိပေမယ့် အဆင်မပြေရင် ဆက်မလုပ်တော့နဲ့ စိတ်ချမ်းသာဖို့က အရေးကြီးတယ်"ဆင်စွယ်လက်တစ်စုံပေါ်ကျသွားတဲ့ မျက်ရည်တစ်စက်က ကိုယ့်ဆီက ထင်ပါတယ်။ ပါးပြင်ထက်က စီးကြောင်းတစ်ခုကိ ခပ်ကြမ်းကြမ်းသုတ်လိုက်မိတဲ့ အချိန်မှာပဲ ကိုယ်နောက်တစ်ကြိမ် လာဗန်ဒါခင်းထဲ ရောက်သွားရပြန်ပြီ။မင်း ခါးသွယ်သွယ်လေးကို ဖက်ပြီး လာဗန်ဒါတွေသင်းတဲ့ မင်းရင်ခွင်ထဲ ခေါင်းတိုးက ငိုမိတဲ့ ကိုယ်ဟာ အက်သီနာဆိုတဲ့ ဖြစ်တည်မှု မဟုတ်ခဲ့ပါ။"ကိုယ်က မင်းရဲ့ လွင်ပါ..... နေခြည့်ရဲ့ လွင်ပါ.... ကိုယ် နေခြည့်ရဲ့ လွင်ပဲဖြစ်ချင်တယ်"မင်း နားလည်လောက်မှာ မဟုတ်တဲ့ မြည်တမ်းသံတွေဟာ ကိုယ့်ကိုကိုယ်တော့ ရှက်ရွံ့စိတ်ဝင်စေမိတယ်။ဒီနှစ်တွေမှာ ကိုယ်အိမ်မက်ဆိုးတွေ မွေးမြူထားမိတယ်။ ကိုယ် မအောင်မြင်ခဲ့ရင် မင်း အပြုံးတွေနောက်ထပ် မမြင်နိုင်တော့မှာလည်းကြောက်တယ်။ မင်းဘေးနားကို လွင်မီမီခိုင်အဖြစ်နဲ့ ပြန်မလာဖြစ်တော့မှာလည်းကြောက်တယ်။"ဟုတ်ပါတယ် လွင်က ငါ့ရဲ့လွင်ပါ အမြဲတမ်းအတွက် ငါ့ရဲ့ လွင်ပါ ဘာတွေဖြစ်နေမှန်းမသိပေမယ့် လွင်က ငါ့အတွက် လွင်ပဲဖြစ်နေမှာ ဒါကိုငါသေချာကတိပေးနိုင်တယ် ဒါ့ကြောင့် ဝမ်းမနည်းပါနဲ့လွင်"အေးဆေးညက်ညောတဲ့ နှစ်သိမ့်စကား တစ်ခွန်းဟာ တစ်ခွန်းဆိုသလောက် ကိုယ့်ရင့်ကို နွေးထွေးစေတယ်။ မင်းဖြစ်နေလို့ပါပဲ။"ဟင်"နဖူးထက်ကို အသာအယာကျရောက်လာတဲ့ အနမ်းတစ်ပွင့်။ အံအားသင့်စွာမော့ကြည့်မိတော့ နှုတ်ခမ်းပါးလေးက ကိုယ်နဲ့ နီးကပ်စွာ ငုံ့ကိုင်းထားလျှက်သား။ မင်းက ကိုယ့်ကို အနမ်းတစ်ပွင့်ပေးတယ်။ အဦးဆုံး ပေးတဲ့ အနမ်းတစ်ပွင့်ဟာ သည်းထန်စွာ ငိုရှိုက်နေမိတဲ့ လူကြမ်းတစ်ယောက်အတွက် မမျှော်လင့်ဘဲ ရရှိခဲ့သည့် ဘုရားသခင်ရဲ့ ကောင်းချီး။"အရာအားလုံးမရှိတော့ရင်တောင် ငါက လွင့်အတွက်ရှိနေပေးမယ်... ထာဝရ...အင်း ထာဝရအတွက် လွင့်ဘေးမှာ ငါရှိတယ်"ကတိတွေလည်းမဖြစ်စေချင်သလိုအပေးအယူတွေလည်း ဟုတ်မနေခဲ့ဒီအတိုင်းလေး လူသားတစ်ဦးက တခြားတစ်ဦးအတွက် ထားရှိတဲ့ ရည်စူးချက်လေးသာ ဖြစ်တော့သည်။"ကိုယ့်အတွက် လုံလောက်ပါပြီ နေခြည်"ကိုယ် အရဲကိုးမိတဲ့ အနမ်းတစ်ပွင့်ကတော့ မင်း နှုတ်ခမ်းပါးတစ်စုံဆီသို့ နှုးညံ့မှုတွေဖြင့် ခစားစေသား။တတိုင်းမွှေး(30/12/22)A/N-ကိုယ်ပြန်လာပါပြီ။ နှစ်သစ်မှာ လိုအင်ဆန္ဒအားလုံးပြည့်စုံကြပါစေ။ ....................................................

ရွှေချည်ကြိုးဆွဲရာ(GL)Nơi câu chuyện tồn tại. Hãy khám phá bây giờ