(26)Unicode

1K 97 6
                                    

ပထမဆုံးအကြိမ်ရောက်ဖူးတဲ့ မွေးရပ်မြေဟာ အထူးအဆန်းတွေနှင့်သာကြုံရသည်။ကြိုတင်အကြောင်းကြားထားခြင်းမရှိတာမို့ အိမ်တော်ကို ရောက်ဖို့အတော်လေး ကြိုးစားလိုက်ရ၏။ လေဆိပ်ကငှားလာတဲ့ တက္ကစီသမားဟာ အိမ်တော်လိပ်စာကို ကြားပြီးကတည်းက သူ့ကို ရိုရိုသေသေဆက်ဆံတာကို သတိထားမိသည်။ ကားသမားဖွင့်ထားတဲ့ ရေဒီယိုလိုင်းမှ သီချင်းသံအဆုံးသတ်သွားသောအခါ နောက်ထပ်လာသည့် အစီအစဉ်က ပြည်တွင်းသတင်း။ ကားသမားက သူ့ကိုနောက်ကြည့်မှန်မှ တချက်အကဲခတ်တာကို မြင်လိုက်ရသည်။ ရေဒီယိုပိတ်လိုက်တော့မည့် အရိပ်အယောင်တွေ့တာမို့ သူမခေါင်းခါပြလိုက်သည်။ ကားမှန်တံခါးကနေ ငေးကြည့်နေတဲ့ လမ်းမပေါ်မှာတော့ ရှုပ်ထွေးနေသည့် ယဉ်များကြား အရဲစွန့်ကာ ကူးလူးနေသည့် ကလေးတွေ။ လက်ထဲမှာကိုင်ထားသည်က ပန်းကုံးများ ဂျာနယ်များအပါအဝင် တိုလီမုတ်စတွေ။ တချို့ကလေးတွေကတော့ လည်ပင်းကနေ ရစ်သိုင်းထားသည့် ကြိုးတပ်ဗန်းငယ်ထဲမှ စီးကရက်နှင့် ကွမ်းယာ ကို မီးပွိုင့်မိနေသည့် ကားများပေါ်သို့ လက်မလည်အောင်ရောင်းနေရသည်။

နိုင်ငံသားတစ်ဦးချင်းစီ၏ အခြေခံလုပ်ခလစာကို နိုင်ငံတကာအဆင့်မှီအောင် ပြုပြင်ပြောင်းလဲနိုင်တော့မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးပြောကြား.....

ရေဒီယိုမှလာနေသည့် သတင်းကြေညာသူ၏ အသံသည် ထင်းခနဲ သူမနားထဲ ဝင်ရောက်လာသည်။ နောက်ထပ်ထွက်ပေါ်လာသည့် သတင်းတစ်ပုဒ်ကြောင့် ပျင်းတိပျင်းရွဲငေးမောနေရာမှ သူမ စိတ်ဝင်စားလာသည်။

...အဆိုပါအမှု့ဟောင်းကို ပြန်လည်စုံစမ်းစစ်ဆေးဖို့ ဗဟိုတရားရုံးက ဒီမနက်မှာပဲ အမိန့်ချလိုက်ပါပြီ။ အယူခံတင်သွင်းသူမှာ နစ်နာသူ ဝန်ကြီးဦးလင်းလက်၏သားကြီးဖြစ်သူ ဦးသော်ဇင်လင်းလက်ဖြစ်ပြီး ၎င်းကိုယ်တိုင်မှာလည်း မိဘတွေနှင့်အလားတူ လုပ်ကြံခံခဲ့ရကြောင်း သတင်းမီဒီယာတစ်ခုမှာ ဝန်ခံထားပါတယ်.....

လွင်မီမီခိုင်ဆိုတဲ့ အမျိုးသမီးက တိကျသားပဲ။ တက္ကစီမောင်းသူ၏ အိမ်တော်ကို ရောက်ပြီဖြစ်ကြောင်း အသိပေးစကားကို ကြားတော့မှ သူလည်း အတွေးတွေရပ်နိုင်တော့သည်။ အိမ်တော်ခြံဝန်းနှင့် ပင်မဆောင်သည် လမ်းလျှောက်လျှင် အတော်လေးလှမ်းတာမို့ တက္ကစီသမားကို မောင်းဝင်သွားဖို့ပြောတော့ ခြံဝန်းတခါး ပိတ်ထားသည်တဲ့။ ဒီလိုနဲ့ပဲ သူကိုယ်တိုင် လူခေါ်ခေါင်းလောင်းကို သွားတီးတော့ အမျိူးသမီးတစ်ယောက်က ပြန်ဖြေသည်။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now