(11)zawgi

85 7 0
                                    

"စိတ်လှုပ်ရှားနေလား ""အင်း ငါ ငါ... ဖြစ်နိုင်ပါ့မလား လွင် "အေးစက်နေတဲ့ လက်အစုံဖြင့် လွင့်လက်ကို ကိုင်ဆွဲကာမေးလာသူလေး။ ဒုတိယနှစ် ဖိုင်နယ် အောင်စာရင်းထွက်ဖို့ တစ်နာရီခန့်အလို သူတို့နှစ်ယောက်လုံး ကျောင်းထဲက ငုဝါပင်တန်းအောက်က ထိုင်ခုံတစ်ခုမှာ ထိုင်ရင်း စိတ်လှုပ်ရှားနေကြသည်။ ဂုဏ်ထူးတန်း တက်ခွင့် ရဖို့ အသည်းအသန်ကြိုးစားခဲ့သူလေးဟာ မျှော်လင့်သလို ဖြစ်မလာမှာ စိုးရိမ်နေတာ။ လွင်ကတော့ ချစ်ရသူလေးအတွက် ကြိုတင် ရင်ခုန်စွာဖြင့် စိတ်လှုပ်ရှားနေတာလေ။ "နေခြည် စိတ်အေးအေးထားပါ ငါသိတယ် နင် သေချာပေါက် ဂုဏ်ထူးတန်းတက်ခွင့်ရမှာပါ နင်လောက် စာကြိုးစားပြီး တော်တဲ့သူကိုမှ မပေးရင် အဲ့ဒီပါမောက္ခတွေအကုန် မျက်စိပိတ်နားပိတ်ဖြစ်နေလို့နေမှာ ""ပြောလို့ရတာ မဟုတ်ဘူးလေငါကြားဖူးတယ် သူတို့က သူတို့နဲ့ သင့်ရာလူတွေကိုပဲ ဂုဏ်ထူးမှတ်ပေးတာတဲ့ တကယ်လို့ ငါမပါရင် ဘယ်လိုလုပ်မလဲ ""တလွဲမတွေးပါနဲ့ အဲ့လိုဆိုတိုင်း တကယ် အရည်အချင်းရှိတဲ့ သူကိုလည်း ချန်မထားပါဘူး စိတ်ချ နင်သေချာပေါက် ဂုဏ်ထူးတန်းတက်ရမှာ ပြီးတော့ နင်ဖြစ်ချင်တဲ့ တက္ကသိုလ်ကကထိက ဆရာမလေးဖြစ်လာမှာ နေခြည် .... မင်းလေးက တော်ပြီးသား "ဒီကောင်မလေးက သိပ်တော်တာ ။ ပြီးတော့ သိပ်ကို ကြိုးစားတာ။ ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ အောင်မြင်ချင်တဲ့ သူမလေးက ဆရာဆရာမတွေကို လာဘ်ထိုးတာ ဘာညာမရှိခဲ့သလိုဘယ်တုန်းကမှလည်း မိဘတွေရဲ့ နောက်ခံအင်အားကို အသုံးမပြုခဲ့။ ကိုယ်တိုင်ကြိုးစားထားတဲ့ အရည်အချင်းနဲ့ ဂုဏ်ထူးတန်းဝင်ခွင့်ရခဲ့ရင် အဦးဆုံး အသိပေးပြီး ချီးကျုးခံချင်တာ မိဘနှစ်ပါးဆီကတဲ့။ "ဒီမှာနေခဲ့မလား ငါ သွားကြည့်ပေးမယ်လေ ""ဟင့်အင်း ငါ ကိုယ်တိုင် ကြည့်ချင်တာ လွင် ဒါပေမယ့် ကြောက်လည်းကြောက်တယ် ""စိတ်မပူပါနဲ့ နေခြည် ငါ့ကိုယုံလိုက် အတူတူသွားကြည့်ရအောင် "နှစ်ယောက်သား လက်တွေ တင်းတင်းဆုပ်ကိုင်လို့ အောင်စာရင်းကပ်သည့် ကြော်ညာဘုတ်ပြားရှိရာသို့။ အားလုံးက သိချင်နေတာမို့ လူတွေက အလုအယက်တိုးရသည်။ နေခြည့်ကို ရှေ့ကထားပြီး ရင်ခွင်ထဲထည့်ကာ လူအုပ်ကို လွင် မနည်းတိုးရသည်။ "လွင် ကြည့်ပါဦး ငါ့နာမည်ပါတယ်မလား "ဘုတ်ရှေ့ရောက်နေတာတောင် မျက်စိကြီးမှိတ်ထားသည့် ကောင်မလေးကြောင့် လွင် ရယ်မိသေးသည်။ အရမ်းစိတ်လှုပ်ရှားနေတဲ့ ကောင်မလေးက ရည်ရွယ်ချက်လည်း ကြီးမားသလို လေးလေးနက်နက်လည်း ကြိုးစားခဲ့တာလေ။ ထိုက်တန်ပါ၏ ။ လွင် သေချာတွက်ထားသလို နေခြည် လိုချင်ခဲ့တဲ့ ဂုဏ်ထူးတန်း ဝင်ခွင့်ပါ ပါခဲ့သည်လေ။ သူတို့နှစ်ယောက် လူအုပ်ကြီးအလယ်မှာ အော်ဟစ်ခုန်ပေါက်ခဲ့သေးသည်။ စိတ်လွတ်ကိုယ်လွတ်ပေါ့။ အနာဂတ်မှာလည်း ပျော်စရာတွေကို အတူဝေမျှလို့ နာကျင်စရာတွေကိုလည်း အတူခံယူချင်ပါတယ် နေခြည်ရယ်။ သို့ပေမယ့် .....ဖြတ်လို့မရတဲ့ သံယောဇဉ်တွေထဲ မေတ္တာအလျင်ကို ရောနှောလို့ ရင်နာစရာတွေဖန်တီးပြန်တယ် ဒါကို ဘဝလို့ ခေါ်တယ်မဟုတ်လား"အဲ့လောက်တောင် ပျော်လား နေခြည်""အင်း အရမ်းအ ရမ်းပေါ့"မေးမယ့်သာ မေးလိုက်တာ ပါးစပ်စိမရအောင် ပေါ်လွင်နေတဲ့ အပြုံးတွေက လွင့်ဆီမှာသာ။ ချစ်ရသူရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေဟာ ကိုယ့်ဆီရောင်ပြန်ဟပ်လေတော့ ဒီလူမှာ မျက်နှာအမူအရာတွေတောင် အငှားကြွားနဲ့။"လွင် ဆယ်ဖီရိုက်ရအောင်ဒီကိုကြည့်"ကားမောင်းနေရင်းမှ ချစ်ရသူအလိုကျ လွင် ကိုယ်နေဟန်ထား အဆင်ပြေအောင် ညှိပေးလိုက်ရသည်။ အပြုံးတွေထပ်တူညီနေတဲ့ အမျိုးသမီးငယ်နှစ်ယောက်ရဲ့ ဓါတ်ပုံလေးဟာ အင်စတာဂရမ်မှာ Congractulation for our shinning day ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ။မင်းအပြုံးတွေကို မြင်ခွင်ရတဲ့ ကိုယ့်နေ့ရက်တွေတိုင်းဟာ တောက်ပမှုတွေနဲ့ပါ နေခြည်ငယ်။"မေမေ မေမေရေ သမီးပြောစရာရှိတယ် မေမေ ဘယ်ရောက်နေလဲ"ခြံဝန်းထဲ ကားရောက်ရောက်ခြင်း ပြေးဆင်းသွားတဲ့ ကောင်မလေးဟာ အမေဖြစ်သူကို တစာစာခေါ်လျှက်။ တိတ်ဆိတ်နေသော အိမ်ကြီးအတွင်းမှ အိမ်အကူအဒေါ်ကြီးတစ်ယောက်သာ ထွက်လာသည်။"မမကြီးက အခုနကမှ အပြင်ထွက်သွားတယ် နေခြည်လေးရဲ့""ဟင် အဲ့တာဆို အိမ်မှာ ဘယ်သူမှ မရှိဘူးလား ကိုကိုကြီးရော""မသိ မသိဘူး နေခြည်ရဲ့ အလုပ်ရှိလို့သွားကြတာနေမယ် ဒေါ်ကြီး မုန့်လုပ်ထားတယ် သူငယ်ချင်းနဲ့ အတူတူစားလိုက်ပါလား""ဟင့်အင်း မစားချင်ပါဘူး နေခြည်က မေမေတို့ကိုပြောစရာရှိလို့ဟာကို"အောင်မြင်မှု့အတွက် ကြွေးကြော်ချင်တဲ့ ကောင်မလေးဟာ နားထောင်ပေးမယ့် သူတွေကို မတွေ့တော့ စိတ်ကောက်ချင်နေပြီ။ လွင်ကပဲ စိတ်လျှော့ဖို့ပြောရသည်။ ဆိုဖာပေါ်မှာ ပြောင်းထိုင်ပြီး ဖုန်းကို ကောက်ယူကာ နှိပ်နေလေသည်။ ဘေးနားက ဒေါ်ကြီးကို အအေးတစ်ခွက်လောက် ဖျော်လာပေးဖို့ လွင်တောင်းဆိုလိုက်သည်။"ဖေဖေ့ဖုန်းက မကိုင်ဘူးရော မေမေကို့ဆက်ကြည့်ရမယ်"အောက်နှုတ်ခမ်းကို အသာကိုက်ကာ ဖုန်းခေါ်ဆိုနေသည့် ကောင်မလေးက သူ့အာရုံနဲ့သူ။ ဟလိုဆိုသည့် ထူးသံလေးနှင့် တဖက်က ပြောလာသည်များကို ငြိမ်ပြီးနားထောင်နေသည့် ကောင်မလေး။ လွင် ငေးကြည့်နေတုန်းမှ အာရုံက နံရံမှာ ကပ်ထားသည့် တီဗီဆီသို့။ သတင်းချန်နယ်တစ်ခုရဲ့ ရုပ်သံမှတ်တမ်း အစီအစဉ်ဖြစ်ပြီး အောက်ဖက်မှာ စာတန်းထိုးထားသည်က ပြည်တွင်းသတင်းအတိုအထွာတွေ။ လွင့်ကို ဆွဲဆောင်နေသည့် စာလုံးနီနီများ....ကြားဖြတ်သတင်း/ .....ပြည်နယ်သို့ နယ်လှည့်ခရီးစဉ်အတွက်ရောက်ရှိနေသော အဂတိလှိုက်စားမှု့တိုက်ဖျက်ရေးနှင့် တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဝန်ကြီးချုပ်ဦးလင်းလက် ၏ယဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ၊ဝန်ကြီးချုပ်၊ ကိုယ်ရေးအရာရှိနှင့် ယဉ်မောင်းအပါအဝင် သုံးဦး နေရာတွင် ကွယ်လွန်ခဲ့ကြောင်းသိရ....လွင့်တကိုယ်လုံး မိုးကြိုးပစ်ချခံလိုက်ရသလိုခံစားလိုက်ရသည်။ ချက်ချင်းဘေးကို လှည့်ကြည့်လိုက်တော့ ဖုန်းကို နားနားမှာ ကပ်ပြီး ကြောင်အစွာ သူမကို ငေးကြည့်နေသည့် နေခြည်။ မျက်လုံးများက အရည်ကြည်များ ဝေ့သီကာ တဆတ်ဆတ်တုန်နေသော နှုတ်ခမ်းပါးမှ စကားလုံးများက ထစ်အစွာ..."လွင် လွင် ဖုန်း ဖုန်းထဲက လူက ဘာပြောနေတာလဲ မသိဘူး ငါ ငါ မေမေ့ဆီကို ဆက်တာ သူ ဘာ ဘာပြော အင့် ဟင့် လွင်"ဖုန်းကို ဆတ်ခနဲ ဆွဲလုလိုက်ကာ တုန်ယင်နေသော ခန္ဓာကိုယ်အား ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်သည်။တီဗီဆီသို့ အကြည့်မရောက်စေရန် ခေါင်းလုံးလုံးလေးအား ရင်ခွင်ထဲ ထိန်းထားရင်း ..."ဟလို ပြောပါ""ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်တို့.....ဆေးရုံကပါ ဒီဖုန်းပိုင်ရှင် အန်တီကြီး မေ့လဲသွားလို့ အရေးပေါ်ခန်းပို့ထားရတယ် မြန်မြန်လာပေးပါ ခွဲစိတ်ဖို့လိုတာမို့ မိသားစုခွင့်ပြုချက်လို""ခွင့်ပြုတယ် လုပ်စရာရှိတာလုပ် မြန်မြန်လုပ်""ဒါနဲ့ ဒီဖက်က ဘယ်သူလဲမသိ""မိသားစုလို့ သူ့မိသားစုလို့ မြန်မြန်ကယ် မဟုတ်ရင်..."ဖုန်းကို ဆက်မပြောနိုင်တော့ဘဲ လွင် ကမန်းကတမ်းချပစ်လိုက်သည်။ကျေးဇူးပြုပြီး ကယ်ပေးပါ။ မဟုတ်ရင် ကိုယ့်နေခြည်လေး ဝမ်းနည်းရလိမ့်မယ်။နေခြည်လေးက ပျော်ရဦးမှာလေ။ သူဂုဏ်ထူးတန်းတက်တာကို မိဘတွေဆီ အသိပေးရဦးမှာ ပြီးရင် မိသားစုလိုက်ဂုဏ်ပြုပွဲလည်း လုပ်ပေးဦးမှာတဲ့ သူ့ဖေဖေက ကတိပေးထားတာ။ တက္ကသိုလ်က ဆရာမလေးအဖြစ်မြင်ချင်တာ မိခင်ဖြစ်သူရဲ့ တခုတည်းသော ဆန္ဒတဲ့ ။ အဲ့တာကြောင့်မို့လို့ အားလုံးကို နေရာတကျ ဖြစ်အောင် ပြန်လုပ်ပေးကြပါ။လောကမှာ ရှိတဲ့ တန်ခိုးရှင်တွေအားလုံးကို လွင်တောင်းဆိုပါတယ် နေခြည်လေး မျက်ရည်ကျရမယ့် ကိစ္စတွေ မရှိအောင် ကာကွယ်ပေးကြပါ။"မငိုနဲ့ နေခြည် အန်တီဘာမှမဖြစ်ဘူးနော်"ဆေးရုံကို ဘယ်လိုရောက်လာမှန်း သတိမထားမိ။ ကားပေါ်က ဆင်းဆင်းချင်း မျက်စိရှေ့တွေ့သမျှကို တွန်းတိုက်ပြီး ပြင်ပလူနာဌာန ဧည့်ကြိုဆောင်သို့ ရောက်အောင်သွားနေသော နေခြည်ငယ့်ကို မြင်မှ လွင်လည်း အာရုံစုစည်းမိသည်။ အန်တီနာမည်မေးတော့ အရေးပေါ်ခွဲစိတ်ခန်းမှာ ခွဲစိတ်နေတုန်းဆိုသဖြင့် လွင် နေခြည့်ကို ထိန်းကူကာ သွားရသည်။ခွဲစိတ်ခန်းရှေ့မှာ မျက်စိပျက်မျက်နှာပျက်နှင့် ထိုင်နေသောသူကို လွင် တန်းမှတ်မိသည်။ နေခြည်တို့ မေမေရဲ့ ကိုယ်ပိုင်ယဉ်မောင်း။"နေခြည်လေး ရောက်လာပြီလား မမကြီး အထဲမှာ""ဦးဦး မေမေက ဘယ်လိုဖြစ်ရတာလဲဟင် မေမေ့ကို တွေ့ချင်တယ်""ခွဲစိတ်နေတုန်း‌ နေခြည်လေး စိတ်အေးအေးထား..."ယဉ်မောင်းဦးလေးကြီး၏ စကားသံအဆုံး ခွဲစိတ်ခန်းထဲက ထွက်လာကြသော ဆရာဝန်များ။ နေခြည် အငိုတိတ်သွားသလို အားလုံးကလည်း စိတ်ဝင်စားစွာ ငြိမ်သက်သွားကြသည်။"တောင်းပန်ပါတယ် ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် လူနာက နဂိုနှလုံးရောဂါရှိတဲ့ အပြင် စိတ်လှုပ်ရှားမှု လွန်ကဲပြီး သွေးတိုးရာက ဦးနှောက်သွေးကြောတွေ အကုန်ပေါက်သွားခဲ့လို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး""သွေးတိုးတယ် စိတ်လှုပ်ရှားတယ် ....ဘာတွေပြောနေတာလဲ မေမေက မနက်တုန်းကတောင် အကောင်းကြီးပါ ဘယ်လိုဖြစ် ဟင် ...ဦးဦး ပြောလေ မေမေဘယ်လိုဖြစ်တာလဲလို့"ယဉ်မောင်းဦးလေးကို ကိုင်လှုပ်ပြီးမေးနေသည့် နေခြည်ငယ်ဟာ မယုံနိုင်ခြင်းများစွာဖြင့် မျက်ရည်လည်ရွဲ။ သူ့ကို တချက်လှမ်းကြည့်သည့် ယဉ်မောင်းဦးလေးကို လွင် ခေါင်းရမ်းကာ မပြောဖို့ အချက်ပေးလိုက်သည်။ တဆက်တည်း ခွဲစိတ်ခန်းထဲက ထွက်လာသည့် တွန်းလှဲပေါ်မှ အဝတ်ဖြူအုပ်ထားသည့် ရုပ်အလောင်း။ကျက်သရေမရှိသည့် အဖြူရောင် အဝတ်စကို ဆွဲဖယ်ရှားရင်း အန်တီရဲ့ အေးစက်စက်ကိုယ်ခန္ဓာအား ဖက်ကာ ငိုယိုနေသည့် နေခြည်။ လွင်ကိုယ်တိုင်လည်း မတားမိ။"လွင် လွင် အဲ့တာ မေမေ မဟုတ်ဘူးမလား ဟင် လွင်လို့""နေခြည်ရယ်"မျက်ရည်များဟာ အတိုင်းအဆမရှိ။ မင်းမျက်ရည်တွေဟာ ကိုယ့်အတွက် ပူလောင်လွန်းလှတယ်။ တတ်နိုင်မယ်ဆိုရင် ကိုယ်လေ ဒီအရာတွေအားလုံးကို တားဆီးပေးချင်လိုက်တာ။ အခုတော့ မစွမ်းသာနိုင်ခြင်းတွေနဲ့ မင်းရဲ့ မျက်ရည်တွေကို ခွင့်ပြုရပြန်တယ်။တတိုင်းမွှေး(1/12/22)

ရွှေချည်ကြိုးဆွဲရာ(GL)Donde viven las historias. Descúbrelo ahora