(22)unicode

1K 93 0
                                    

ဧည့်ခန်းထဲက ဆိုဖာခုံပေါ်မှာ ခြေချိတ်ထိုင်နေတဲ့ အဲ့ဒီအမျိုးသမီးကို ခတ္တာ တကယ်ကြည့်မရတော့ဘူး။ ရှည်သွယ်တဲ့ အရပ်အမောင်း၊ ဖြူဝင်းတဲ့ အသားအရေ၊ ပြီးတော့ အတော်လေးလှတယ်လို့ ပြောလို့ရတဲ့ မျက်နှာကျနဲ့ စတိုင်သိပ်မိတဲ့ အမျိုးသမီးကို ခတ္တာ အကြောင်းမဲ့ မုန်းနေတာတော့မဟုတ်။ သူများတကာရဲ့ ကြည်နူးနေတဲ့ နှစ်သစ်မနက်ခင်းလေးကို အချိန်ကိုက်ရောက်လာပြီး ဖျက်ဆီးတဲ့ ဒီအမျိုးသမီးက သူမချစ်နေရတဲ့သူရဲ့ ...အင်း ဘယ်လိုခေါင်းစဉ်တပ်ရရင်ကောင်းမလဲ။ မ,က အခုနက မိတ်ဆက်ပေးတာတော့ သူငယ်ချင်းလို့ပြောသွားတယ်။ ဒါပေမယ့် အဲ့ဒီအမျိုးသမီးက မ,အပေါ် သူငယ်ချင်းထက်မကဘူးဆိုတာ ခတ္တာ မြင်စကတည်းက သိတယ်။

တကယ်ဆို နေထွက်တာကို ကြည့်ရင်း မ,ကို ချစ်ခွင့်ပန်ဖို့ ပြင်ဆင်လာတာလေ။ ကျစ်..အချိန်ကိုက်ကြီး ရောက်လာရသလား။ ပိုဆိုးတာက အဲ့ဒီအမျိုးသမီးနာမည်ကို ကြားလိုက်ရတော့သူ့အစီအစဉ်တွေ နှောင့်နှေးကုန်ပြီဆိုတာ ပိုသေခါသွားရသည်။ မုန်းလိုက်တာ ...အဲ့ဒီ လွင်ဆိုတဲ့ အမျိုးသမီးကို ခတ္တာတကယ်မုန်းရပါသည်။

"ချာတိတ် ကိုယ့်ကို တခုခု ပြောစရာရှိနေလား"

မျက်နှာချင်းဆိုင်က အမျိုးသမီးက ထုတ်မေးလာတော့ ခတ္တာ မလုံမလဲဖြစ်ရပြန်သည်။ မ,က မီးဖိုဆောင်ထဲမှာ စားစရာတစ်ခုခုလုပ်နေလို့ သူတို့နားရှိမနေ။ အပြုအမူနဲ့ စကားပြောပုံအရ ခေလှတဲ့သူမဟုတ်ကြောင်း ခတ္တာ ခန့်မှန်းမိသည်။ သူမထက်မလျော့တဲ့ အရှိန်အဝါမျိုးပြန်ဖမ်းလိုက်ကာ ခတ္တာ ခပ်တည်တည်ပဲ စားပွဲပေါ်က ဆေးလိပ်ကို ကောက်ယူမီးညှိလိုက်သည်။ တရှိုက်လောက် ဖွာပြီးမှ ....

"အဒေါ်ကြီးက မ,ရဲ့ သူငယ်ချင်းလား"

ခွီး...ရယ်ချင်စရာကောင်းလိုက်တာ မျက်နှာကြီးက အဒေါ်ကြီးလို့ခေါ်လိုက်လို့ ဖြစ်ပျက်သွားတာများဗျာ။ဒါပါးပါးလေးပဲရှိသေးတယ် .... ခတ္တာခင်လေ တခြားသူမှ မဟုတ်တာ။

"သူငယ်ချင်း... အင်း အခုထိတော့ သူငယ်ချင်းလို့ပဲပြောရမှာပေါ့ အဟင်း ဟင်း မကြာခင်မှာဆိုရင်တော့ တမျိုးတစ်ဖုံဖြစ်လာနိုင်တယ်လေ"

ရွှေချည်ကြိုးဆွဲရာ(GL)Où les histoires vivent. Découvrez maintenant