(34)Unicode

1K 95 4
                                    

အခုဆို လွင်နဲ့ ရှိနေတာ ငါးနှစ်တောင်ပြည့်တော့မယ်။ လွင်တို့ခေါ်သလို နေခြည်ဆိုတဲ့ နာမည်နဲ့တောင် သူနေသားကျနေပြီ။ သော်ကမြိုင်အိမ်ကြီးနဲ့ မိသားစုဝင်တွေအကုန်လုံးက သူ့ကို သိပ်ချစ်ကြသည်။ ဒါပေမယ့် သူကတော့ မိသားစုဝင်တွေရဲ့ အကြောင်းတွေကို အကုန်အစင်မသိသေးဘူးဟု ပြောရမည်။ ဆရာဝန်ကြီးဖြစ်တဲ့ ဒယ်ဒီဟာ လူတွေနဲ့ ရောနှောနေလေ့မရှိသလို ဖေဖေကလည်း ကွန်ပျူတာ တစ်လုံးနှင့် အလုပ်လုပ်ကာ အိမ်အပြင်သိပ်ထွက်လေ့မရှိ။ ရာဇဝတ်မှုကျူးလွန်သူတွေမဟုတ်သော်ငြား လူကြီးနှစ်ယောက်လုံးက ကိုယ့်ခြံကိုယ့်အိမ်မှာပဲ တိတ်တဆိတ်နေလေ့ရှိသည်။ လွင်ကတော့ သူနဲ့ အနေများပြီး တခါတလေ သူ့ကိုတစ်ခါသာ ခေါ်သွားဖူးတဲ့ အခန်းထဲမှာ အချိန်ကုန်လေ့ရှိသည်။ အဲ့ဒီအခန်းနဲ့ ပတ်သက်လို့မေးတိုင်းလည်း ဟက်ဟက်ပက်ပက်မဖြေ။

အမှတ်တရတွေရှိတယ် တချိန်ကျမင်းသိလာလိမ့်မယ်.....လို့သာအဖြေပေးသည်။

ဒီတစ်နှစ် ကျောင်းဖွင့်ချိန်မှာ နှစ်ယောက်လုံး အတန်းစတက်ရမည်။ နေခြည်မရောက်ခင်က ကျောင်းပြင်ပပညာရေးစနစ်ဖြင့်သင်ကြားခဲ့သော လွင်က အရည်အချင်းစစ်စာမေးပွဲ ဝင်ရောက်ဖြေဆိုပြီးနောက် နေခြည်နဲ့ တစ်တန်းထဲ တခန်းတည်း တက်ရသည်။ ဒယ်ဒီကတော့ ပြောသည် တကယ်ဆို လွင့်အရည်အချင်းနဲ့ဆို နေခြည့်ထက် ပိုမြင့်တဲ့ အတန်းမှာ တက်ရမှာတဲ့ ။ နေခြည် စိတ်မကောင်းဖြစ်လို့ ထုတ်ပြောမိတော့ လွင်က နေခြည့်ပခုံးကို ဆုပ်ကိုင်ကာ ....

"မင်းနဲ့ အတူတူရှိနေချင်တာမို့ ဘာမှစိတ်မကောင်းမဖြစ်နဲ့" တဲ့

ဒီလိုအဖြေစကားတွေကြားမိတိုင်းလည်း နေခြည့်စိတ်တွေ ချမ်းမြေ့ရတာချည်းပါ။ လွင်နဲ့တွေ့ပြီးတော့မှ နေခြည် တကယ် ဘဝမှာ နေပျော်လာတာ။ မိသားစုရဲ့ နွေးထွေးမှု၊ အချစ်ခံရမှုတွေဟာ လွင်တို့ ဒယ်ဒီတို့နဲ့ တွေ့ပြီးမှ ဖြစ်ရတာလေ။

ကျောင်းအတူတူတက်တဲ့ တလျှောက်လုံး လွင်က ဘေးမှာ ဖေးဖေးမမနဲ့ ရှိနေပေးသည်မို့ နေခြည်ကျောင်းပျော်သည်။ လွင်ကစာတော်တာမို့ အတန်းထဲမှာ နာမည်ကြီးပဲ။ ပြီးတော့ လွင်က ပိုလှလာတယ်။ ကြာလေကြာလေ နေခြည့် အိမ်မက်ဟောင်းထဲက အမျိုးသမီးနဲ့ ပိုတူလာလေပဲ။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now