(33)unicode

1K 91 1
                                    

ငယ်ရွယ်စဉ်က ချစ်ခင်စုံမက်ဖူးသည့် သတို့သမီးပျို

ကြမ္မာတစ်ပတ်လည်ချိန် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လို့လာ

သေခြင်းတံခါးကို ဖြတ်ကျော်ပြီးတဲ့နောက်

မင်းနှလုံးခုန်သံလေးကို မေ့မရနိုင်ခဲ့ပါ

တစ်ဘဝစာမှ သံသရာတစ်ခုလုံးစာရည်ရွယ်တာ

သေချာပေါက် မှတ်မိပေးပါ မိတ်ဆွေဟောင်းလေးရယ်

မေတ္တာရိပ်မွန် မိဘမဲ့ဂေဟာလို့ရေးထိုးထားတဲ့ သစ်သားဆိုင်းဘုတ်လေးအောက်မှာ ထိုးရပ်လိုက်သည့် အိမ်စီးကားအနက်ရောင်တစ်စီး။ တကယ်ဆို ဒီနေရာကို သူတို့ တကြိမ်တစ်ခါမှ လူကိုယ်တိုင် မရောက်ဖူးခဲ့။ နှစ်စဉ် နွေဦးကာလရဲ့ တစ်နေ့ကို ရောက်ရင် မပျက်မကွက် လွှဲအပ်လှူဒါန်းပေးနေတဲ့ သူတို့ရန်ပုံငွေတွေကသာ ရောက်ရှိနေခဲ့တာ လူကတော့ အကြောင်းမတိုက်ဆိုင်လို့ မရောက်ဖြစ်။

"ရောက်လာပြီလား ဆရာဝန်ကြီးတို့ ကြွပါ ကြွပါ အထဲကို ဝင်ထိုင်ကြပါ"

အသက်လေးဆယ်အရွယ် ခပ်ချောချောအမျိုးသားတစ်ဦးက ဂေဟာ အဆောက်အဦးထဲက ထွက်လာပြီးသူတို့ကို ခရီးဦးကြိုမှုပြုသည်။ သူကိုယ်တိုင်ကတော့ ကားပေါ်မှ ဆင်းဆင်းချင်း ဂေဟာဝန်းထဲက ဥယျာဉ်ခြံအပြင်အဆင်ကို သဘောကျစွာငေးနေသည့် သားအဖနှစ်ယောက်ကို လက်တို့ကာခေါ်ရသည်။

"သမီးငယ် ဒယ်ဒီတို့အထဲ ဝင်ကြည့်ရအောင် ဖေဖေ့လက်ကို တွဲထားနော်"

အနက်ရောင်ပိုးသား ဂါဝန်ပျော့လေးကို ဝတ်ဆင်ထားသည့် သမီးက သူ့ကို ခေါင်းညိတ်ရုံသာ ခေါင်းညိတ်ပြသည်။ ဘေးနားက ချစ်ရသူကတော့ အဆင်ပြေကြောင်း သူ့ကို ပြုံးရယ်ပြသည်။ ခပ်တည်တည်သာ နေတတ်သော သမီးအကျင့်တွေကို သူတို့ နှစ်ယောက်လုံး ကျင့်သားရနေပါပြီ။

ဂေဟာ၏ ပင်မအဆောက်အဦးသည် အနောက်တိုင်းစတိုင်ဖြင့်တည်ဆောက်ထားပြီး အလွန်လှပသော ပန်းချီကားများမှာလည်း နံရံတွေထက်ချိတ်ဆွဲထားသည်။ သူတို့ကို လာရောက်ကြိုဆိုသူက ဖုန်းကနေ တစ်ဆင့် ရင်းနှီးနေပြီးသားဖြစ်သည့် ဂေဟာ၏ အုပ်ချုပ်သူ။ အရင်က ဒီဂေဟာရဲ့ ကျောင်းသားဟောင်းဖြစ်ခဲ့ဖူးသည်ဟုဆိုသည်။ သတိထားမိသလောက် အဆိုပါ အုပ်ချုပ်သူရဲ့ ဘေးနားမှာ တောက်တဲ့လို ကပ်နေသည့် နောက်ထပ်အမျိုးသားတစ်ယောက်လည်းရှိသည်။ ဘာရာထူးလည်းဆိုတာ မသိပေမယ့် အုပ်ချုပ်သူကို အတော်လေး ဂရုစိုက်တာ‌တွေ့ရသည်။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now