ဒီဇင်ဘာရဲ့ ပြင်းထန်တဲ့ ရာသီဥတုဟာ နယူးယောက်မြို့မှာလည်း မညှာမတာ အေးစက်နေဆဲ။ မကြာခင် ခရစ္စမတ်ရောက်တော့မှာမို့ ဈေးဝယ်ထွက်ကြသူတွေဟာ လမ်းမပေါ်မှာရော ရှော့ပင်းစင်တာတွေမှာပါ ပြည့်နှက်နေသည်။Hudson yardsရှိ ဆိုင်ခန်းပေါင်းစုံဟာ မကြာခင်ကျရောက်တော့မယ့် ခရစ်စမတ်အတွက် ပရိုမိုးရှင်းတွေအပြိုင်အဆိုင်ချနေတာကြောင့် စေ◌ျးဝယ်သူတွေအကြိုက်။ တစ်ခုသော ကော်ဖီဆိုင်ငယ်ဟာ အေးစိမ့်နေတဲ့ ရာသီဥတုကြောင့်လား ပိုလို့တောင် စည်ကားနေသည် ။ လိမ္မော်နီရောင် ယူနီဖောင်းကိုဝတ်ဆင်ထားတဲ့ ဆိုင်ဝန်ထမ်းမလေးတွေ မှာလည်း အားကြိုးမာန်တက် ကိုယ်စီတာဝန်ကျေနေကြသည်။ဆိုင်ထဲကို ဝင်လာတဲ့ ကောင်လေးတစ်အုပ်စုက အသံကျယ်လွန်းတာမို့ ရှိနေတဲ့ ဧည့်သည်တွေတောင် လှည့်ကြည့်မိသည်အထိ။ ဆယ်ကျော်သက်အရွယ်လေးတွေဖြစ်ပြီး မိဘတွေဆီက အလိုလိုက်ခံထားရတဲ့ အိမ်ကျယ်လေးတွေဖြစ်ပုံရသည်။ ဆိုင်အလယ်မှာရှိတဲ့ စားပွဲကို ကျကျနနယူနေရာယူလိုက်ပေမယ့် အချင်းချင်းနောက်ပြောင်ကျီစယ်နေတာကို အတောမသတ်နိုင်သေး။ အစခံနေရသည့် ကောင်လေးတစ်ယောက်က သူငယ်ချင်းဖြစ်သူကို သည်းမခံနိုင်စွာ ထ ရိုက်တဲ့အချိန်တဖက်ဝိုင်းကို ကော်ဖီဖြည့်ပေးနေသည့် စားပွဲထိုးကောင်မလေးအား တိုက်မိကာ ကော်ဖီပူတွေမှောက်ကြကုန်သည်။ပူလွန်းသည့်ကော်ဖီတွေဟာ စားပွဲထိုးကောင်မလေးရဲ့ အင်္ကျီပေါ်မှာ အကွက်လိုက်။ ဆောရီး ဆိုတာကို တစ်ခွန်းထဲပြောပြီး အချင်းချင်း ကျီစယ်လို့ကောင်းနေဆဲ ကလေးငယ်များကို လျစ်လျူရှုကာ ထွက်သွားသည့် စားပွဲထိုးကောင်မလေးကြောင့် ဆိုင်ထဲမှာ ဖြစ်လာတော့မယ့် အခြေအတင်များသည် ပျောက်ကွယ်သွားခဲ့ပြီ။ ခဏကြာတော့ အသစ်လဲလှယ်ထားသည့် ယူနီဖောင်းဖြင့် ထွက်လာကာ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးနေသည့် ကောင်မလေးကတော့ ဘာမှမဖြစ်ခဲ့သလို။ အော်ဒါတွေက များလွန်းပြီး လူကျနေချိန်ဖြစ်သောကြောင့် အားလုံးသည် ကိုယ့်အာရုံနဲကိုယ်မို့ ဆိုင်ဝန်ထမ်းအားလုံး ပျာယာခတ်နေကြသည်။ဒိုင်းကျယ်လောင်လှသော သေနတ်သံနှင့် ဆိုင်ထဲကို ဝင်ရောက်လာသည်က ဆန်တာမျက်နှာဖုံးစွပ်ထားသည့် လူတစ်ယောက်။ သေနတ်ရှည်ကို ကိုင်ကာ ခြိမ်းခြောက်စကားဆိုရင်း ဦးတည်နေသည်မှာ ငွေသိမ်းကောင်တာဆီသို့။ အားလုံးက အလန့်လန့်အဖျတ်ဖျတ်နဲ့မို့ ကိုယ့်အသက်ကိုသာ အာရုံထားနေကြသည်။ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ချိန် သေနတ်နှင့်ချိန်ကာ ငွေတွေကို အိတ်တလုံးထဲ ထည့်ခိုင်းနေသည့် ဓါးပြ မှာ သိပ်ကို ကျင်လည်လွန်းပုံရသည်။ ထိုအချိန်ဘယ်သူနှိပ်လိုက်မှန်းမသိသည့် လုံခြုံရေးခလုတ်က ထမြည်လာသည်။ဒေါသတကြီးနဲ့ ဆဲရေးလိုက်သည့် ဓါးပြမှာ အလျှင်အမြန်ပြန်ထွက်ဖို့ ပြင်နေချိန် ဆိုင်ရှေ့ရောက်နေပြီဖြစ်သည့် မောလ်အစောင့် နှစ်ဦးကို မြင်လိုက်ရသည်။ နောက်ဖေးတံခါးကို တချက်ကြည့်ပြီး လက်ထဲက သေနတ်နှင့်ချိန်ကာ ဓါးစာခံအဖြစ် ဆိုင်ဝန်ထမ်းမလေးကို ခေါ်သွားလိုက်သည်။ တုန်တုန်ယင်ယင်နဲ့ လိုက်ပါသွားသည့် ဆိုင်ဝန်ထမ်းလေးမှာ အခုနက ကော်ဖီမှောက်ကျသွားသည့် ကောင်မလေးပင်။ ဒီနေ့က သူ့အတွက် အတော်ကို ကံဆိုးလိုက်လေသလား။မန်ဟတ်တန်ရဲ့ လမ်းကြိုလမ်းကြားတွေကြား ဒီအဖြစ်အပျက်မျိုးဟာ အဆန်းတကျယ်မဟုတ်တော့ ဘယ်သူကမှ အရေးတယူလုပ်မနေတာလည်း မထူးဆန်းပါ။ ဓါးစားခံကောင်မလေးကို ဘယ်သူမှလည်း ကူညီပေးမည်မဟုတ်သလို ကျူးလွန်သူကလည်းသနားညှာတာဖို့ အစီအစဉ်ရှိပုံမပေါ်။ တဖက်ပိတ်လမ်းကြားလေးဟာ စီစီတီဗီလည်း မရှိတာမို့ ခြေရာဖျောက်ဖို့ လမ်းစကောင်းဖြစ်ပုံရသည်။ ကျူးလွန်သူက ကောင်မလေးကို တွန်းလှဲခဲ့ကာ ကာရံထားသော သံခြံစည်းရိုးကို ကျော်တက်ဖို့လုပ်နေသည်။ ကြောက်လန့်တကြားဖြစ်နေတဲ့ကြားမှ ထိုနေရာကနေ လွတ်မြောက်ရန် ကြိုးပမ်းနေသူကောင်မလေးမှာ ခြေလှမ်း သုံးလေးလှမ်းသာရှိသေးချိန် မျက်နှာချင်းဆိုင်ဖက်မှ ထိုးရပ်လာသည့် ကားအနက်တစ်စီး။ မှန်တဝက်တပျက်ချလိုက်ချိန် ထွက်ပေါ်လာတာက အသံတိတ်ပြောင်းတပ်ထားသည့် သေနတ်တစ်လက်။မြင်မြင်ချင်းမြေပြင်ပေါ်ဝပ်ချလိုက်ပေမယ့် သိပ်တော့မျှော်လင့်မထား။ ဘေးနားကဖြတ်သန်းသွားသည့် လေအလျှင်ကို ခံစားမိလိုက်ပေမယ့် အော်သံခပ်ကြိတ်ကြိတ်နဲ့ အတူလဲကျသွားသည်က သူမကို ဖမ်းခေါ်လာခဲ့သည့် ဓါးပြ။ ပိုက်ဆံအိတ်ကို ပိုက်လျှက် ခြံစည်းရိုးကို ကျော်ခွနေစဉ် ထုတ်ချင်းခတ်မှန်သွားသည့် သေနတ်ဒါဏ်ရာဖြင့် လဲကျသေဆုံးသွားသည့် ဓါးပြမှာလည်း ဘာဖြစ်လို့ဖြစ်သွားမှန်းသဘောမပေါက်ချိန်မှာပင် သွေးအိုင်ထဲ အသက်ပျောက်သွားလေပြီ။ သူမပြန်လှည့်ကြည့်လိုက်တော့ အရိပ်အယောင်တောင်မတွေ့လိုက်ရတော့သည့် ကားအနက်ကြီး။NYPDဆိုသည့် စာတမ်းပါ ရဲကားများထိုးဆိုက်လာချိန်ထိ ဘာဖြစ်သွားတယ်ဆိုတာ သူမသဘောမပေါက်သေး။ နောက်ဆုံးသတိထားမိတာက သူမရှိရာသို့ပြေးလာသည့် လူတစ်ယောက်ရဲ့ ရင်ခွင်ထဲ ရောက်သွားတာပဲ ။"ဘာဖြစ်သွားသေးလဲဟင် ဘယ်နေရာခိုက်မိသွားသေးလဲ"မဖြေမိ။ ကြောက်လန့်နေသည်အထင်နဲ့ သူမကို အားလုံးနဲ့ ဝေးရာဆီခေါ်သွားပေးသည့် သူကိုလည်း စကားတစ်ခွန်းမှမဖြေမိ။ တာဝန်ရှိသူတွေနဲ့ ဆိုင်ရှင်ကို ဘယ်လိုပြောခဲ့သည်မသိ နောက်ဆုံးသတိထားမိသည်က သူမရောက်နေတာ ရင်းနှီးတဲ့ ကားတစ်စီးဖြင့် အိမ်အပြန်လမ်းသို့။"ဒီမှာ ခဏထိုင်နေနော် ကျွန်တော် ချောကလက်ပူပူလေးဖျော်ပေးမယ်"ခေါင်းညိတ်မိလိုက်လေသလားမသိ။ ပြန်တွေးမိနေသည်က ဒီနေ့ဖြစ်သွားတဲ့အကြောင်းအရာတစ်ခုတည်းမဟုတ်။ လွန်ခဲ့သည့် နှစ်များစွာက မြေအောက်ဘူတာရုံထဲမှာလည်း ဒီလိုမျိုးကြုံဖူးသည်။ ညနက်သန်းခေါင် ဘားဆိုင်တစ်ခုကနေ အချိန်ပိုင်းအလုပ်ပြီးလို့ပြန်လာချိန် တံတားတစ်စင်းပေါ်က လိုက်လာသည့် လူရမ်းကားတစ်ဖွဲ့သည်လည်း သူမမြင်ကွင်းရှေ့မှာတင် ကားဖြင့်တိုက်သတ်ခံလိုက်ရသည်။ တိုက်ခန်းဟောင်းမှာနေတုန်းကသူမကို မတော်မရော်ကြံရွယ်သည့် အခန်းဖော်ရဲ့ ရည်းစားဖြစ်သူက ညတွင်းချင်းအပြန်လမ်းမှာ မြွေကိုက်လို့သေတယ်တဲ့။ နယူးယောက်မြို့လယ်မှာ အဆိပ်ပြင်းတဲ့ မြွေဟောက်က ဘယ်လိုကိုက်သွားလဲ စဉ်းစားတော့မရခဲ့။ ပြီးတော့ သူမကို အတန်းထဲမှာ အမြဲတမ်းစိတ်အနှောင့်အယှက်ပေးတတ်တဲ့ကျောင်းသူကလည်း စာကြည့်တိုက်ခေါင်မိုးပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့သည်။ ကိုယ်တိုင်ကိုယ်က ဒုက္ခတွေကြုံနေရတာမို့ ကိုယ့်ကို မကောင်းကြံတဲ့သူတွေ ဘယ်လိုအဆုံးသတ်သွားတယ်ဆိုတာ သတိမထားမိခဲ့။ အခုတစ်ခေါက်ကရော ဒီအတိုင်းတိုက်ဆိုင်ရုံပဲလား မသိ။"မ ကျွန်တော်ချောကလက်ဖျော်လာတယ်သောက်လိုက်ဦးလေ"ခတ္တာက အငွေ့တထောင်းထောင်းထနေသည့် ကြွေခွက်ဖြူဖြူလေးကို ကမ်းပေးသည်။ တငုံသောက်လိုက်သည်နှင့် ကျေနပ်စရာအတိ၊ အခုနက ဖြစ်နေသော ပူပန်မှုတွေလည်း တဝက်လောက်လျော့သွားသလိုပင်။"ဘယ်နားထိခိုက်သွားလဲ""ဟင့်အင်း""ပြောသားပဲ မရယ် ဒီလိုရက်တွေမှာ အလုပ်မသွားပါနဲ့လို့ဆိုတာကို အခုတော့ ကံကောင်းလို့ဘာမှမဖြစ်တယ်""ဘယ်လိုသိပြီးရောက်လာတာလဲ ခတ္တာ""တကယ်တော့ ကျွန်တော် မ အလုပ်ပြီးရင် စေ◌ျးဝယ်အတူသွားမို့ ဒီနှစ်ခရစ္စမတ်လက်ဆောင်ကို မ ပြောထားတဲ့ စုတ်တံလေး ဝယ်ပေးမို့လေ ကျွန်တော်ဖြင့် မြင်လိုက်လိုက်ချင်း ပြာသွားတာပဲ""အင်း ဆောရီး""မ အပြစ်မှ မဟုတ်တာ နောက်ဆုံးတော့လည်း သူ့အပြစ်သူခံသွားရတာပါပဲ""ခတ္တာ အခုနက အမှုစစ်တွေနဲ့ စကားပြောခဲ့သေးတယ်မလား ဘာတဲ့လဲ""အော် အခုကျူးလွန်တဲ့သူက အရင်ကလည်း ပြစ်မှုမှတ်တမ်းရှိဖူးတဲ့သူတဲ့ အရင်ရန်ငြိုးရှိတဲ့သူတွေကပဲ ပစ်ခတ်သွားတာလို့ ယူဆနေကြတယ်""ဖြစ်နိုင်ပါ့မလား သာမာန် ဖောက်ထွင်းသမား ဓါးပြတစ်ယောက်ကို တန်ဖိုးကြီး ကားတစ်စီးနဲ့ လာပစ်သွားတာ""အဟင်း .. ...ဒါ အမေရိကန်လေ ပြီးတော့ နှယ်နှယ်ရရမဟုတ်ဘဲ မန်ဟတ်တန် အနောက်ပိုင်းလေ မရဲ့ အဲ့တာကြောင့်ပြောပါတယ် ပိတ်ရက်တွေမှာ အချိန်ပိုင်းအလုပ်တွေမလုပ်ပါနဲ့ဆို မကြာခင်နှစ်ကူးတော့မှာဆိုတော့ လူဆိုးတွေက ပိုက်ဆံရရာလုပ်ကြမှာ""အချိန်ပိုင်းအလုပ်ကလည်း ပိုက်ဆံရတာပဲကို နှစ်ဆတောင် ပြီးတော့ အာ ဟုတ်သားပဲ ဧည့်သည်တွေပေးတဲ့ ဘောက်ဆူးတွေကို အေပရွန်ထဲထည့်ထားတာ စိတ်နဲ့လူနဲ့ မကပ်လို့ ယူတောင်မယူခဲ့ရဘူး""မရာ တကယ်ပါပဲ အဲ့ဒီပိုက်ဆံကျွန်တော်ပေးမယ် နောက်လည်းအဲ့ဒီဆိုင်နား ယောင်လို့တောင်မသွားနဲ့တော့""မလိုချင်ပါဘူး တို့ရှာထားတဲ့ ပိုက်ဆံပဲလိုချင်တာ ပြီးတော့ အဲ့တာက မင်းအတွက် နှစ်ကူးလက်ဆောင်ဝယ်ပေးမို့ကို""လက်ဆောင်ကို ကျွန်တော်ကြိုက်တာတောင်းမယ်လေ အဲ့ပိုက်ဆံကိုမေ့လိုက်တော့""ပိုက်ဆံက မေ့လို့ရပါ့မလား ငါက ဘာနဲ့သွားဝယ်ရမှာလဲ ခတ္တာရဲ့""လွယ်လွယ်လေးပါ မရာ မ သာဆန္ဒရှိရင် ကျွန်တော့်အတွက်လက်ဆောင်က မခက်ပါဘူး""ပြောကြည့်လေ""မနက်ဖြန်ကနေ ဒီဇင်ဘာလ နောက်ဆုံးရက်ထိ ကျွန်တော်နဲ့ အချိန်ဖြုန်းပေး ပြီးတော့ နောက်တစ်ရက်ဖြစ်တဲ့ နှစ်သစ်ရဲ့ ပထမဆုံးရက်ကို ကျွန်တော်တို့ နေထွက်တာ သွားကြည့်ရအောင် ဘယ်လိုလဲ သဘောတူလား""လုပ်တာက လုပ်ပေးလို့ရပါတယ် ဒါပေမယ့် မနက်ဖြန် ဘရော့ဝေးမှာ ပြဇာတ်လက်ကမ်းကြော်ညာဝေပေးမယ်လို့ ပရော်ဖက်ဆာကို့ ကတိပေးထားတာ ဖျက်လို့လည်းမကောင်းဘူးလေ""ဟူး.... ကဲပါ ဒါပေမယ့် ကျွန်တော်နဲ့ အတူသွားရမယ်နော် ကတိပေး""အင်း ကတိ ပြီးရင် ကြက်ကြော်ဆိုင်မှာ နှစ်နာရီလောက်..""ဒေါ်နေခြည်လင်းလက် ကျုပ် စိတ်တိုလာပြီနော်""ဆောရီး အဟီး စတာ စတာ မလုပ်တော့ဘူးနော်"မက်ဟတ်တန်လမ်းမတွေပေါ်ကနေ အနီရောင်အဖိုးဖွင့်ကားလေးကိုမောင်းပြီး ဘီဗာလီဟေးလ်ထိ သွားမယ် ရေဒီယိုမှာ လာနာဒေးရေးရဲ့ Brooklyn Babyသီချင်းကို ဖွင့်ထားမယ် ခရီးတစ်ထောက်နားတိုင်း ကန္တာရထဲမှာ သိမ်းငှက်တွေဘယ်လို ခရီးနှင်ခဲ့လဲ တစေ့တစောင်းစပ်စုကြည့်မယ် ပြီးရင်တော့ အမောပြေ ဘေးကအမျိုးသမီးကို ငေးမယ် ဘီယာတကျိုက်ထက် ပိုအေးမြစေတဲ့ အပြုံးတွေကြောင့် အလာစကာထိ ခရီးဆန့်မိတော့မှာအသေအချာ.........................................................နယူးယောက်ဒေးလီးချန်နယ်ရဲ့ အွန်လိုင်းစာမျက်နှာ ကို ဖုန်းစကရင်ကနေ ကြည့်ရှု့နေသူတစ်ဦး သို့မဟုတ် စင်ထရယ်ပန်းခြံရှိ ခုံတန်းလေးမှာ တစ်ယောက်ထဲထိုင်နေသူဟာ အက်သီနာ။ ဘေးနားကိုဝင်ထိုင်လာသူက အမျိုးသားတစ်ယောက်ဖြစ်ပြီး သက္ကလပ်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားလေသည်။ အညိုရောင်ကုတ်အင်္ကျီရှည်ရဲ့ အတွင်းဘက်မှာ ဝှက်ယူလာတဲ့ အရာက အညိုရောင်စာအိတ်ရှည်တစ်လုံး။"ဘာတွေထူးခြားတာရှိလို့လဲ ဒေဗ့်""အရမ်းစိတ်ဝင်စားစရာကောင်းတာတစ်ခုရှိတယ် အက်သီနာ မင်းကြိုက်လောက်တဲ့သတင်းပဲ""ကြည့်ရအောင်"အညိုရောင်စာအိတ်ထဲမှ ထွက်ပေါ်လာသည့် ဓါတ်ပုံတချို့နဲ့ စာရွက်စာတမ်းများ ။"နာမည်အရင်းက ခတ္တာခင် ဒီကိုရောက်လာတော့ လင်တန်မိသားစုကမွေးစားလိုက်တာ ဘယ်လာလင်တန် တဲ့ အားလုံးက စနစ်တကျစီစဉ်ထားတာပဲ လင်တန်ဇနီးမောင်နှံက လွန်ခဲ့တဲ့နှစ်တွေမှာ ကားအက်ဆီးဒင့်နဲ့ ဆုံးသွားတယ် ငါစုံစမ်းလိုက်တော့ အဘိုးကြီးက နှုတ်ပိတ်လိုက်တာပဲ အခုတော့ အဖိုးကြီးနဲ့ ဘယ်လာ အဆက်အသွယ်ရှိမရှိမသိရသေးဘူး ဒါက လစဉ်ဘဏ်စာရင်းရှင်းတမ်း ဘယ်လာရဲ့ အကောင့်ထဲကို လတိုင်းလွှဲပေးထားတာ မြန်မာပြည်ဘက်က အကောင့်ပိုင်ရှင်က အဖိုးကြီးရဲ့လူယုံတစ်ယောက်ပဲ""သူရော သိနေမယ်လို့ထင်လား""ဘယ်သူလဲ အာ မင်းကောင်မလေးလား မသိလောက်ဘူးထင်တယ် သူ့မိဘတွေကို လုပ်ကြံဖို့ကြိုးကိုင်သူရဲ့ မြေးက အတူတူနေတဲ့ အခန်းဖော်ဆိုတာ မသိလောက်ပါဘူး""အဲ့လိုဖြစ်ဖို့မျှော်လင့်ရတာပဲ ဒေဗ့် အကူညီထပ်တောင်းပါရစေ သူ့ကို သူ့ကို ကာကွယ်ပေးဖို့ လူထပ်တိုးပေးပါ""အင်းပါ လုပ်ပေးပါ့မယ့် အမေရိကန်က လူတိုင်းအတွက်လုံခြုံပါတယ်""ဟိုတနေ့ကလို ထပ်ဖြစ်လာရင်ရော ....""အဲ့လိုဆိုလည်း အဲ့ဒီနေ့ကလိုပဲ မင်းကိုယ်တိုင်သေနတ်ကိုင်ပြီးရောက်လာခဲ့ပေါ့ ..... ငါကလည်း ထပ်ပြီး ခြေရာလက်ရာမကျန်အောင် ရှင်းပေးပါ့မယ်""ကျေးဇူးပါ ဒေဗ့်""ဘာပဲပြောပြော အက်သီနာ အားလုံးအဆုံးသတ်သွားရင်တော့ မင်းတို့ မင်္ဂလာပွဲကို ငါ့ဖိတ်ဖို့မမေ့နဲ့""အဲ့လိုနေ့ရက်တွေရှိလာခဲ့ရင်ပေါ့ ..... ပိုက်ဆံကို အကောင့်ထဲထည့်ပေးထားမယ် ဒေဗ့် ထပ်ပြီးကျေးဇူးပဲ"ဒေဗ့်ထွက်သွားပြီးတော့ လက်ရှိနေရာလေးမှာပဲ သူမဆက်နေဖြစ်ခဲ့တယ်။ ဆောင်းနှောင်းပိုင်းမို့ ရာသီဥတုက အေးစက်နေသည်။ ခက်တာက နှလုံးသားတစ်စုံကတော့ ပူလောင်နေတာမို့ လောကကြီးရဲ့ အလှတရားတွေကို မခံစားနိုင်။ ဖြစ်ချင်တာတွေလည်းဖြစ်မလာ ဖြစ်သင့်တာတွေလည်းပျောက်ကွယ်သွားတဲ့ ဒီလောကကြီးမှာ သူ့အတွက် လောဘတက်မိတာက တစ်ခုတည်းပါ။ ကိုယ်ပိုင်ကမ္ဘာထဲက နေရောင်ခြည်လေး ကွယ်ပျောက်မသွားဖို့။မိုက်ရူးရဲခြင်းတွေကို စာဖွဲ့ရရင်စွဲလမ်းမှုတွေကို ကဗျာသီရရင်လွမ်းဆွတ်မှုတွေကို စာစီရရင်မင်းဆိုတာ ဘယ်တော့မှလက်မလွှတ်နိုင်တဲ့ကိုယ့်ညွှန်းဆိုရာ ဇာတ်ဆောင်ဖြစ်နေဦးမှာအို ...နေရောင်ခြည်ငယ်အဆုံးသတ်မှာ ဘာပဲဖြစ်ဖြစ်မင်းကတော့ တောက်ပနေပါ။တတိုင်းမွှေး..............................................................
![](https://img.wattpad.com/cover/246785769-288-k923384.jpg)
ŞİMDİ OKUDUĞUN
ရွှေချည်ကြိုးဆွဲရာ(GL)
Genç Kurguဘဝဇာတ်ခုံမှာ မေတ္တာရွှေခြည်ကြိုးဆွဲရာ အသုံးတော်ခံမယ် .....ပဲ့ကိုင်ရှင်က မင်းဖြစ်ပါစေ