တခါတလေမဟုတ်တဲ့ အမြဲတမ်းတိုင်းမှာ တစုံတစ်ယောက်ကို သတိရနေဆဲ။ တိုက်ဆိုင်မှုတွေမဟုတ်ခဲ့ရင်တောင် နေရာယူထားဆဲ နာမ်စားလေးဟာ လက်တွေ့မှာတော့ အခိုးငွေ့တွေလို လွင့်ပျယ်သွားတာ ကြာလှပေါ့။ အိမ်မက်လို့သာဖြစ်စေချင်တယ် .....မင်းရယ်။ တကယ်ဆိုရင် မင်းနဲ့ကိုယ်ဟာ နေဝင်ချိန်တွေကို အတူကြည့်လို့ ဆံဖြူသွားကျိုးထိ ရှိနေရမှာ မဟုတ်လား။ ကြားဖူးနေကျ အချစ်ဦးပုံပြင်တွေလို ဇာတ်သိမ်းမလှခဲ့တာ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ နေခြည်ငယ်......အခုတော့ ကိုယ် အတိတ်မှာပဲ ပျော်မွေ့နေဆဲပေါ့။ဒီဇင်ဘာလရဲ့ ကျောင်းဖွင့်ချိန်တစ်ရက် ကိုယ့်နေခြည်ငယ်ဟာ ဘဝထဲကို တောက်ပစွာ ဝင်ရောက်လာတယ်။ အနာဂတ်ကို ကြိုတင်မြင်နိုင်ခဲ့ရင်လည်း မင်းနဲ့ စတွေ့တဲ့ အဲ့ဒီနေ့ကိုပဲ ထပ်မံ ရွေးချယ်မိဦးမှာဆိုတာ အသေအချာပဲ။နက်မှောင်တဲ့ ဆံကေသာပျော့ပျော့တွေနဲ့ လိုက်ဖက်တဲ့ကိုယ်နေဟန်ထားနဲ့ မင်းဟာ တက္ကသိုလ်တစ်ခုလုံးရဲ့ အာရုံတင်မဟုတ်ဘူး ကိုယ့်တဘဝလုံးစာ အသိဉာဏ်တွေကိုပါ ဖမ်းစားသွားခဲ့တာ သိမှသိခဲ့ပါလေစ။ ကျောင်းသားရေးရာဌာနရဲ့ အပေါက်ဆိုးဆိုး စာရေးမကြီးတောင် မင်းကြောင့် ပြုံးရယ်သွားတာ ကိုယ်မြင်ခဲ့တယ်။"ကျောင်းအပ်စာရင်းသွင်းချင်လို့ပါရှင်"ဆိုတဲ့ စကားတွေဟာ ချိုသာလွန်းတော့ ကိုယ့်နှလုံးအိမ်ထဲ တံခါးမရှိဓါးမရှိစီးဆင်းသွားပုံများ အေးချမ်းလိုက်တာလွန်ရော။ သူများအကြောင်းကို စိတ်မဝင်စားတတ်တဲ့ ကိုယ်ဟာ ပြီးစီးသွားတဲ့ လုပ်ရိုးထုံးစံတွေကို လျစ်လျူရှုလို့ မင်းနဲ့ နီးရာမှာ ရစ်သီရစ်သီ လုပ်နေခဲ့မိတယ်။ ဘယ်သူမှာတော့ မသိပါစေနဲ့.... ကိုယ်တကယ် မင်းထံပါးကျရှုံးခဲ့ပုံများ ရက်ရက်စက်စက်ပေါ့။အင်္ဂလိပ်စာပေမေဂျာကို သင်ယူမယ့်ကျောင်းသူလေး မင်းကြောင့် ကိုယ့်မှာ ကျိတ်ပျော်လိုက်ရတာ။ မေမေနဲ့ အတိုက်အခံလုပ်ပြီး ကိုယ် သင်ယူချင်ခဲ့တဲ့ မေဂျာမှာ မင်းနဲ့ကိုယ် ရေစက်တွေ ဆုံတော့မှာလေ။ အတွက်အချက်သင်္ချာကို မုန်းလို့ အဲ့ဒီမေဂျာကို ယူချင်ခဲ့တဲ့ ကိုယ်ဟာ L for Love ဆိုတာကို မသင်ခင်ကတည်းက သိနှင့်နေပြီ။ ဒါဟာ မင်းမျက်နှာလေးကို စမြင်လိုက်ရချိန်ကပေါ့ကွယ်။ထပ်သိလိုက်ရပြန်ပြီ မင်းဟာ နာမည်ကြီးတဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ ချစ်သည်းညှာလေးတဲ့လား။ အဟား... ရယ်စရာတော့ကောင်းသား ကိုယ့်မှာ ဘာနိုင်ငံရေးခံယူချက်မှမရှိသလို အဲ့ဒီအသိုင်းအဝိုင်းကို အထင်လည်းမကြီးဘူး။ ဆိုတော့ကွာ ယောက္ခမကြီးရဲ့ နာမည်ကို ကြားလိုက်ရသော်ငြား ဘယ်ဌာန ဘယ်တာဝန်ယူထားလဲဆိုတာကို ကိုယ် လုံးလုံးမသိလို့ လှောင်ပြောင်တာပါခံလိုက်ရသေးတယ်။ မျက်နှာပြောင်တယ်ဆိုမလားပဲ မင်းအကြောင်း မင်းမိသားစုအကြောင်းကို ကိုယ်တတ်နိုင်သလောက် စနည်းနာ စုံစမ်းခဲ့သေးတယ် နေခြည်။နေခြည်လင်းလက် အသက် ၁၇နှစ် တရားရေးဝန်ကြီးဦးလင်းလက်ရဲ့ သမီး ဆိုတဲ့ အခြေခံကစလို့ မင်းအကြောင်းထပ်သိရမလားလို့ ကိုယ် တတ်စွမ်းသရွေ့ ရှာဖွေခဲ့မိတယ်။ မင်းနဲ့ နီးစပ်ဖို့ ကြိုးစားခဲ့တဲ့ ဇာတ်ကွက်တိုင်းမှာ ကိုယ်ဟာ သုညကနေစခဲ့ရတာချည်းပဲ ။သုံးထပ်ကျောင်းဆောင်ရဲ့ လှေကားတထစ်ချင်းစီကို နင်းလျှောက်သွားတဲ့ဒေါက်ဖိနပ် အနက်ရောင်တစ်စုံနဲ့ ထပ်တူကျမယ့် ခြေလှမ်းတွေကို ဖန်တီးရင်း ကိုယ်ဆုတောင်းမိတာ တစ်ခုရှိတယ်။တချိန်ကျရင် မင်းလက်ကို တွဲလို့ ဟောဒီတက္ကသိုလ်နယ်မြေတစ်ခုလုံးမှာ ခြေရာချင်းထပ်အောင် လျှောက်ပါရစေပြန်တွေးလိုက်တိုင်းမှာ ကြည်နူးစရာတွေပြည့်နေတယ်။ အစကတည်းက ကိုယ်က မင်းလေးကို ငေးကြည့်နေရတာတောင် ကျေနပ်နေသူမို့ မပိုင်ဆိုင်ရတာလောက်တော့ ကြိုတွေးလို့ပူမနေခဲ့ဘူး။ မင်းမသိအောင် နောက်က တိတ်တခိုးလျှောက်ခဲ့ရတဲ့ ကိုယ့်ခြေလှမ်းတွေဟာ မင်းရှေ့ကို ရောက်ဖို့ အချိန်ယူခဲ့ရပြန်တယ်။သွက်လက်ပြီး ဖော်ရွေတဲ့ မင်းရဲ့ ဟန်ပန်ဟာအထက်တန်းလွှာတို့ရဲ့ အငွေ့အသက်တွေလည်း ပြည့်နေတာပဲနော်။ ကျောင်းဖွင့်ရက်ရဲ့ မပြည့်သေးတဲ့ ရက်သတ္တပတ်မှာ မင်းဟာ မေဂျာတစ်ခုလုံးရဲ့ ကြယ်ပွင့်လေးလို့ မသိသူမရှိခဲ့ပြန်ဘူး။အတန်းခေါင်းဆောင် နေခြည်လင်းလက်ဝန်ကြီးချုပ်သမီးနေခြည်လင်းလက်စာတော်တဲ့ကျောင်းသူနေခြည်လင်းလက်ရုပ်ချောပြီး ချမ်းသာတဲ့ ကျောင်းသူနေခြည်လင်းလက်ဂုဏ်ပုဒ်တွေ အမျိုးမျိုးတပ်ခံရတဲ့ မင်းဟာ ကိုယ့်အတွက်တော့ ကိုယ်ပိုင်နေရောင်ခြည်လေး ဆိုတာထက် မပိုခဲ့ဘူး။သူများတွေရဲ့ အမြင်မှာ မင်းကို ဘယ်လိုသတ်မှတ်ကြပါစေ ကိုယ့်ကတော့ မင်းရဲ့ ရှိရင်းစွဲ အရာတွေတိုင်းကိုပဲ အဖိုးမဖြတ်နိုင်ခဲ့တာ မှန်သော သစ္စာပါ။အနက်ရောင် ဝတ်စုံတွေကို ထည်လဲ ဝတ်တတ်တဲ့မင်း။ကျောပိုးအိတ်မှာ အရုပ်ပုံကီးချိန်းတွေအများကြီးချိတ်တတ်တဲ့မင်း။အညိုရောင်ဆံနွယ်တွေမှာ ဘာမှပန်ဆင်ရလေ့မရှိတဲ့မင်း။ဒေါက်ဖိနပ်လှလှလေးတွေကို တနေ့တမျိုးစီးတတ်တဲ့မင်း။အားလပ်ချိန်မှာ နားကျပ်တပ်ပြီး သီချင်းနားထောင်ရင်း ခပ်ကြောင်ကြောင်ကီးတွေနဲ့ လိုက်ဆိုတတ်တဲ့မင်း။ဆရာဆရာမတွေမေးတဲ့ မေးခွန်းတိုင်းကို မသိမရှိ မဖြေနိုင်တာမရှိလို့ တခန်းလုံးက စာကြမ်းပိုးလို့ ကင်းပွန်းတပ်ပေးခြင်းခံရတဲ့မင်း။ မင်းရဲ့ အရာအားလုံးဟာ ကိုယ်နဲ့ ဆန့်ကျင်ဖက်တွေချည်းဖြစ်နေပါရောလား နေခြည်ရယ်။ကျောင်းကားပါကင်မှာ နေရာဦးဖို့ အစောကြီးရောက်အောင်လာတတ်တဲ့မင်းကို တနေ့တော့ ကျွမ်းကျွမ်းကျင်ကျင် ပါကင်ထိုးနည်း သင်ပေးဖို့ ကိုယ့်မှာ စိတ်ကူးယဉ်ခဲ့မိသေးတာ။တစ်ယောက်ထဲ စိတ်ကူးနဲ့ ရူးနေတဲ့ ကိုယ့်ကို မင်း သတိမထားမိဘူး။ တိတိကျကျပြောရရင် မင်းကိုယ့်ကို ရှိတယ်လို့တောင် မသိခဲ့တာ ရက်သတ္တပတ် နှစ်ပတ်။ အင်း.... နောက်ကျောလေးကို ငေးကြည့်နေရင်း ကိုယ်သတ္တိကြောင်ခဲ့တဲ့ အချိန်တွေပေါ့။အဲ့ဒီနေ့ ....အဲ့ဒီတနေ့ကတော့ မင်းနဲ့ ကိုယ် မျက်နှာချင်းဆိုင်ပြီ စကာပြောဖြစ်တဲ့ ပထမဆုံးနေ့ပေါ့ နေခြည်။ခရစ္စမတ်ပြီးနောက်ရက်မှာ ဆန်တာဆီက လက်ဆောင်အနေနဲ့ ကိုယ် အဲ့ဒီနေ့လေးကို ရခဲ့တယ်ထင်ရဲ့။ကော်ရစ်တာမှာ ဝင်တိုက်တဲ့ သမားရိုးကျ ဇာတ်လမ်းလေးလိုပဲ ကိုယ်နဲ့မင်း ကားပါကင်မှာ ဝင်တိုက်ခဲ့တယ်။ မင်းကတော့ ပခုံးစွန်လေးနာသွားသလားမသိပေမယ့် ကိုယ်ကတော့ ဘဝတသက်တာ နှလုံးသားလေး နာကျင်သွားခဲ့ရတယ် နေခြည်ရယ်။မင်း ကိုယ့်ကို မသိခဲ့ဘူး။အနည်းဆုံးတော့ မင်းဘေးနားက အယောက်စီတိုင်းမှာ ကိုယ်ဝင်ဆန့်ဖို့ မမျှော်လင့်ခဲ့ပေမယ့် အတန်းခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့မင်းက ကိုယ့်ကို အတန်းဖော် တစ်ယောက်အနေနဲ့ ကိုယ့်နာမည်ကို သိခဲ့မယ်လို့ .... အင်း... ကိုယ် ထင်ယောင်မှားခဲ့တာပဲ။"ဝါး အရှည်ကြီးပဲ "မင်းကိုယ့်ကို ရည်ညွှန်းတဲ့ ပထမဆုံး မှတ်ချက်စကား။ မွေးသမိခင်ရေ မိန်းကလေးတစ်ယောက်အနေနဲ့ ထူးကဲအရပ်အမောင်းရှိနေအောင် မွေးပေးထားတဲ့ အတွက် ကျေးဇူးတော် အနန္တပါပဲ။ချောလိုက်တာတဲ့ တိုးတိုးလေး ထွက်သွားတဲ့ မင်းနှုတ်ဖျားက လေသံဟာ ကိုယ့် ရင်ကို တိုက်ရိုက်ထိတယ်။ ဘာလို့ဆို ကိုယ်သတ်မှတ်ထားတဲ့ အလှအပ စံနှုန်းက မင်း အလိုမကျတဲ့ အခါ ဖြစ်တည်လာတဲ့ စူပုတ်ပုတ်မျက်နှာလေးမို့ပေါ့။အော် လူတစ်ယောက်ကို မေတ္တာရှိနေချိန်မှာ အရာအားလုံးဟာ သူမှသူ ဖြစ်နေတာက ဘယ်တန်ခိုးရှင်ဖန်ဆင်းတဲ့ ဖြစ်တည်မှုပါလိမ့်နော်..... သိချင်စမ်းပါရဲ့။တစစီပြန့်ကျဲသွားတာဟာ မင်းရဲ့ ဖုန်းနဲ့ ကျောပိုးအိတ်မဟုတ်ဘဲ ကိုယ့်ရင်ခုန်သံတွေ ဖြစ်သွားရပြန်တယ်။ မကြည့်စမ်းနဲ့ နေခြည်ရယ် .... မင်းရဲ့ အဲ့ဒီ သမင်မျက်ဝန်းလို တောက်ပတဲ့ အကြည့်တွေနဲ့။"ဟို ငါတို့မေဂျာကပဲ မဟုတ်လား နာမည်ဘယ်လိုခေါ်လဲ ငါ့နာမည်က နေခြည်လင်းလက်ပါ သိပြီးသားထင်တယ်""လွင်မီမီခိုင် ""အော် လူတင်မဟုတ်ဘူး နာမည်ကလည်း ရှည်သားပဲ"ကိုယ့် နာမည်ကို မှတ်မိဖို့ဆုတောင်းတယ် အမိငယ်။ မင်းက မှတ်ဉာဏ်မကောင်းတာ မဟုတ်ဘဲ သေးဖွဲတွေကို မမှတ်သားချင်တာဆို ကိုယ် ဝမ်းနည်းမိလိမ့်မယ်။ပြုံးပြုံးကြီး ကြည့်နေတဲ့ မင်းမျက်ဝန်းတွေကနေလွတ်အောင် ကိုယ် ပြေးထွက်လာခဲ့တယ်။ တကယ်ဆို တခုခုတော့ ကိုယ်ပြောလိုက်သင့်တယ်မလား။ကိုယ့်မှာ သတ္တိဆိုတဲ့ အရာ မင်းနဲ့မှ ပျောက်ကွယ်သွားပြီ။ရင်ဖွင့်စရာလူမရှိတဲ့ သန်းခေါင်ယံတွေမှာ စီးကရက်ကို အဖော်ပြုလို့ မင်းအကြောင်းတွေးရပြန်တယ်။ မှောင်မိုက်နေတဲ့ ကောင်းကင်ယံက ကြယ်တွေကိုတွေ့တော့ ဝေဒနာက တိုးလို့ အလွမ်းတွေက သက်သာမလာခဲ့ဘူး။ပစ်စလက်ခက်ထားတဲ့ ဖုန်းကို အကြည့်ရောက်သွားတော့ တစုံတစ်ခုကို သတိရသွားမိပြန်တယ်။ စီးကရက်ကို ပစ်ချပြီး ဖုန်းစကရင်ပေါ်မှာ အပြေးအလွှားရှာဖွေမိတာက သုံးလေ့သုံးထမရှိတဲ့ ဆိုရှယ်မီဒီယာ appတစ်ခု။ Search barကကျလာမယ့် မင်းနာမည်ကို စောင့်နေချိန် ရင်ခုန်စွာ လက်သည်းတွေကိုတောင် ကိုက်ထားမိတယ်။တွေ့ပြီ တွေ့ပြီ မင်းမှမင်းပဲနာမည်တူတွေကြားထဲ မင်းကို အမြန်ဆုံးရှာနိုင်ခဲ့တဲ့ ကိုယ်ဟာ ဆိုရှယ်မီဒီယာတွေကို မကြိုက်သူတစ်ယောက်။သော်ကတံတိုင်း ပန်းနွယ်တွေကြား တဝက်တပျက် မျက်နှာဝှက်ထားတဲ့ ပုံစံလေးနဲ့ မင်းရဲ့ instagram account မှာ followerတွေက ထောင်ဂဏန်းကို အများကြီးကျော်တယ်။ စပ်စုတာတော့ မဟုတ်ပေမယ့် တဝက်ကျော်လောက်က ယောက်ျားလေးတွေချည်းပဲ။ Follow button ကို မနှိပ်ဘဲ ပြန်ထွက်မိတဲ့ ကိုယ်ဟာ စီးကရက်တွေ တလိပ်ပြီးတလိပ်ဖွာနေခဲ့တာတော့ အမှန်ပဲ ။ဟူး အဲ့ဒီညက ကိုယ်အိပ်ရာဝင်တာ အတော်နောက်ကျခဲ့တယ်။ တကယ်ဆို တရေးမှတောင် အိပ်မရခဲ့တာ။နေခြည်ရယ် မင်းက ကိုယ့်ကို နွေးထွေးစေမလား ပူလောင်စေမလား တကယ် မခွဲခြားနိုင်တော့ဘူး။မသိခြင်းတွေနဲ့စခဲ့တဲ့ နိဒါန်းမှာငါဟာမေတ္တာတွေကိုပျိုးခဲ့တယ်ရေလောင်းပေါင်းသင်ခဲ့တာ မြေအလွှာမဟုတ်ဘဲနှလုံးသားဖြစ်နေတော့သံယောဇဉ်အမြစ်ဟာဖြတ်ရခက်တော့တာပါပဲ နေခြည်ရယ်တတိုင်းမွှေး(15/11/22)A/N- စာရေးသူတစ်ယောက်အနေနဲ့ ၂နှစ်တာ သက်တမ်းအတွင်းမှာ ကိုယ့်ကိုကိုယ် upgradeလုပ်တဲ့ အနေနဲ့ ပြန်ပြောင်းရေးထားတဲ့ versionအသစ်ပါ။ ဝေဖန်ဖတ်ရှုပေးဖို့ မျှော်လင့်ပါတယ်ရှင်။...............................................................................................

ВЫ ЧИТАЕТЕ
ရွှေချည်ကြိုးဆွဲရာ(GL)
Подростковая литератураဘဝဇာတ်ခုံမှာ မေတ္တာရွှေခြည်ကြိုးဆွဲရာ အသုံးတော်ခံမယ် .....ပဲ့ကိုင်ရှင်က မင်းဖြစ်ပါစေ