(14)Zawgi

52 6 0
                                    

ဒီလိုနဲ့ အတိတ်ကစခဲ့တဲ့ နိဒါန်းတွေဟာ ပစ္စုပ္ပန်မှာ အကြောင်းအရာတွေဖြစ်ခဲ့ပြီ။ မြို့လယ်က အဆောက်အဦးတစ်ခု.....မကြာသေးခင်ကမှ ပေါ်လာတဲ့ အဆောက်အဦးသစ်ကြီးဟာ ပိုင်ရှင် ဘယ်သူမှန်းမသိကြသေး။ ပြင်ပလူ ဝင်ခွင့်မရှိလို့ ရေးထားတဲ့ ဆိုင်းဘုတ်ဟာ အဝင်ဝက မှန်လည်တံခါးကြီးရှေ့တည့်တည့်ရှိနေသည်။ ကြံ့ခိုင်ပြီး သေချာလေ့ကျင့်ပေးထားပုံရသည့် လုံခြုံရေးနှစ်ယောက်ကလည်း အသင့်။ သူတို့ရှေ့တည့်တည့်ကို ဆိုက်ရောက်လာတဲ့ ကားတစ်စီးကို မြင်တာနဲ့ လုံခြုံးရေးတစ်ယောက်ကို သွားရောက်ကာ ကားတံခါးဖွင့်ပေးလိုက်သည်။ ဆင်းလာသူက သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး အနောက်တိုင်းဝတ်စုံအနက်ရောင်ကို ဝတ်ထားသည်။ လက်တစ်ဖက်က ပြောလက်စဖုန်းကို နားနားကပ်ထားပြီး ကျန်လက်တစ်ဖက်က ခပ်ထူထူဖိုင်တစ်ခုကို ကိုင်ထားသည်။ ခြေလှမ်းတွေက ခပ်သွက်သွက်နဲ့ ဦးတည်ရာက ဓါတ်လှေကားဆီ။ နံပါတ် ၁၃ သို့မဟုတ် လူတိုင်းတတ်ရောက်ခွင့် မရှိသော အထပ်သို့ ဦးတည်လိုက်သည့် ထိုအမျိုးသား။ မိနစ်ဝက်ခန့်အကြာ ဓါတ်လှေကားက ပွင့်သွားပြီး ပြောလက်စဖုန်းကို ချကာ အခန်းတစ်ခုဆီသို့ ဦးတည်လိုက်သည်။ လက်ဗွေရာနှင့် ဖွင့်ရသော အခန်းတံခါးနောက်ကွယ်မှာတော့ မြင်ကွင်းက တစ်မျိုးပြောင်းသွားသည်။ ကြီးမားသော စကရင်တွေက နံရံပတ်လည်မှာ နေရာယူထားပြီး ခန်းမအလယ်က နေရာလွတ်မှာ ကိုယ်စီကွန်ပျူတာများနှင့် အလုပ်ရှုပ်နေကြသူများ၏ ရုံးခန်း။ စတီးကြောင်လိမ်လှေကားမှ တဆင့် တက်သွားတော့ မှန်နံရံတွေကာရံထားသည့် သီးသန့်ခန်းတစ်ခုရှိနေသည်။ "ရောက်လာပြီလား လုပ်ခိုင်းတာတွေ အားလုံးအဆင်ပြေရဲ့လား "သူဝင်ဝင်ချင်း ဆီးကြိုကာမေးခွန်းမေးလိုက်သူက အခန်းထဲက တခုတည်းသော စားပွဲမှာ နေရာယူထားသည့် နောက်ထပ် လူရွယ်တစ်ယောက်။ ပထမလူက ခါးကိုင်းကာ အရိုအသေပြုလိုက်ပြီး လက်ထဲက ဖိုင်ကိုလည်း စားပွဲပေါ် တင်လိုက်ရင်း...." ပြေပါတယ် ဆရာ ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်ခွင့်လည်း ဒီနှစ်ပတ်အတွင်း ကျလာပါလိမ့်မယ် ပြီးတော့ နောက်တစ်ခုက ဆရာထည့်ခိုင်းတဲ့ သတင်းကလည်း မနက်ဖြန်မနက်ခင်းထွက်မယ့် သတင်းစာနဲ့ ဂျာနယ်တိုင်းမှာ ပါလာပါလိမ့်မယ် ""လေယဉ်လက်မှတ်ရော စဉ်ပြီးပြီးလား" "စဉ်ပြီးပါပြီ ဆရာပြောတဲ့ အတိုင်း Business Classကတစ်စောင် Economy ကတစ်စောင်ပါ ""လုံခြုံရေးအဖွဲကို တသွေမတိမ်းလုပ်ဖို့မှာထားပါ" "ဟုတ်ကဲ့ စီစဉ်ထားပါတယ် ""တာဝန်ကျေပါတယ် အားလုံးဂရုစိုက်ကြပါ"ထို့နောက်တိတ်ဆိတ်သွားသော အခန်းငယ်ထဲမှာ ကျန်ရစ်ခဲ့သူက ခေါင်းဆောင်ဖြစ်ဟန်တူသူ တစ်ယောက်သာ။ ရှေ့တူရှုမှာ ရှိနေသော စားပွဲပေါ်၌ သေသပ်စွာ တည်ရှိနေသော ဓါတ်ပုံတစ်ခု။ မိသားစု ဓါတ်ပုံဖြစ်ဟန်တူပြီး အောက်ဘက်အနား၌ မီးလောင်ကျွမ်းရာတစ်ခုလည်းရှိနေသည်။ အဆိုပါ ဓါတ်ပုံလေးကို ကောက်ယူကာ စားပွဲအံ့ဆွဲအတွင်း ထည့်သွင်း သိမ်းဆည်း လိုက်သည့် ထို လူ၏ မျက်ဝန်းအစုံမှာ မျက်ရည်စအချို့ ဝေ့သီလျှက်။ မိနစ်အနည်းငယ်ကြာပြီးနောက် ကွန်ပျုတာကို ဖွင့်လိုက်ကာ မေလ်းတစ်ခုထဲ ဝင်လိုက်သည်။ ချက်ချင်းပြန်စာ ရဦးမှာ မဟုတ်တဲ့ လိပ်စာဆီသို့ "ကောင်းကောင်းသွား ကောင်းကောင်းနေ ဘာမှစိတ်မပူနဲ့ နွေဦးရောက်ရင် လာတွေ့မယ်" ဟူသော စာကြောင်းလေးနှင့် ဖိုင်တချို့ကို ပို့လိုက်သည်။ ပြီးနောက် မေးလ်ကနေ ထွက်ကာ တိုက်ရိုက်ထုတ်လွင့်နေသည့် ရုပ်သံအစီအစဉ်တစ်ခုကို ဖွင့်ကြည့်နေလိုက်သည်။ ..........................................................................................ပြည်ထောင်စုလွတ်တော် အဆောက်အဦးဝင်းအတွင်းမှာ ပျားပန်းခတ်မျှသွားလာလှုပ်ရှားနေသည့် လူအုပ်ကြီး၏ ခြောက်ဆယ်ရာခိုင်နှုန်းကျော်မှာ သတင်းမီဒီယာသမားများဖြစ်ပြီး ကျန်သူများမှာ နိုင်ငံရေးနယ်ပယ်အတွင်းရှိ အလွှာစုံက လူများဖြစ်ကြသည်။ အားလုံးရဲ့ ပါးစပ်ဖျားမှာ နေရာယူထားသည်က မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် အမတ်လောင်းတစ်ဦးရဲ့ အကြောင်းကို အမျိုးမျိုးထင်ကြေးပေးနေကြခြင်းပင်။ အမတ်လောင်းများ၊ ကိုယ်စားလှယ်တော်များနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးတို့ကိုသာ ဝင်ခွင့်ပြုထားသည့် ပင်မခန်းဆောင် တံခါးဖွင့်လာသည်နှင့် သတင်းထောက်များသည် ၎င်းတို့မျှော်လင့်နေသော အမတ်လောင်းအား ရှာဖွေလျှက် စုံစမ်းမေးမြန်းရန် အသည်းအသန် ကြိုးစားကြတော့သည်။ လက်ထောက်တစ်ဦးနှင့် သက်တော်စောင့်တစ်ဦးသာ ခြံရံလျှက်ထွက်လာသည့် အဆိုပါ အမတ်လောင်းသည် တည်ငြိမ်ခန့်ညားသော အသွင်ဖြင့် သတ်မှတ်ထားသော နေရာတွင် မီဒီယာများနှင့် တွေ့ဆုံဖို့ လက်ခံလိုက်သည်။ "သတင်းမီဒီယာဌာနတစ်ခုစီကို မေးခွန်းတစ်ခုမေးမြန်းခွင့်ရှိတာမို့ အားလုံးစနစ်တကျရှိပေးပါ "အမတ်လောင်း၏ လက်ထောက်က ကြေညာချက်ထုတ်လိုက်သောအခါ အားလုံးမှာ တိတ်တဆိတ်နှင့် ယခင်ကလို မဆူညံတော့ပေ။ ပထမဆုံး နာမည်‌ကျော် သတင်းဌာန တစ်ခုမှ စတင်၍.... "ပထမဦးဆုံးအနေနဲ့ မေးချင်တာက ဒေါက်တာဟာ နိုင်ငံရေးနယ်ပယ်ကနေ အနားယူနေရာကနေ ဘာကြောင့် ပြန်လည်ဝင်ရောက်လာပြီး ရွေးကောက်ခံဖို့ ဆုံးဖြတ်လိုက်ရတာပါလဲ"တိတ်ဆိတ်သွားသော ခန်းမဆောင်ထဲရှိလူအများသည် အဖြေကို စောင့်မျှော်လျှက်..."ကျွန်တော်မေးခွန်းကိုမဖြေခင် တစ်ခုပြောချင်ပါတယ် နိုင်ငံရေးနယ်ပယ်မှာ အနားယူတယ်ဆိုတဲ့ စာကားလုံးမရှိပါဘူး ပြောရရင် နိုင်ငံ့အရေး၊ နိုင်ငံသားတွေရဲ့ အရေးကိုသာ ရှေးရှုတဲ့ နိုင်ငံရေးသမားစစ်စ်တွေဟာ ဘယ်တော့မှ အနားယူလေ့မရှိဘူး သူတို့နိုင်ရာတာဝန်တွေကို တထောင့်တစ်နေရာကနေ လုပ်ဆောင်ပေးနေကြသူတွေချည်းပါပဲ ဆိုတော့ ကျွန်တော့်ကို လွန်ခဲ့တဲ့နှစ်တွေမှာ သတင်းစာမျက်နှာတွေကနေ ပျောက်နေတယ်ဆိုတာနဲ့ပဲ အနားယူတယ်လို့ သတ်မှတ်ထားကြပုံပဲနော် ကျွန်တော် အနားမယူခဲ့ပါဘူး အမြဲတမ်း ကျွန်တော် တတ်နိုင်တဲ့ ဘက်ကနေ နိုင်ငံရေးတာဝန်တွေကို နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ လုပ်ဆောင်နေတာပါ .... ကဲ မေးခွန်းကိုဖြေရရင်တော့ ဘာကြောင့် ရွေးကောက်ခံဖို့ ဆုံးဖြတ်လိုက်တာလဲဆိုရင်တော့ ပိုမိုပြီး နိုင်ငံ့အရေးကို တိုးတက်အောင် ဆောင်ရွက်ချင်လို့ပါပဲ""မင်္ဂလာပါဒေါက်တာ.....သတင်းဌာနကပါ ကျွန်မတို့သိချင်တာက မကြာသေးခင်ကမှ လုပ်ကြံခံရတဲ့ တရားရေးဝန်ကြီးဦးလင်းလက်ဟာ ဒေါက်တာရဲ့ ဆရာအရင်းမှန်းသိကြပါတယ် အဲ့ဒီတော့ ဝန်ကြီးသေဆုံးမှု့ကို လက်တုံ့ပြန်ဖို့ နိုင်ငံရေးနယ်ပယ်ထဲ ဝင်လာတယ်ဆိုတဲ့ အများပြည်သူရဲ့ ထင်မြင်ချက်ကိုရော ဘယ်လိုတုံ့ပြန်ချင်ပါသလဲ"ကင်မရာမီးတွေက တဖျတ်ဖျတ်ကြားထဲ လက်နှိပ်စက်သံတွေ တီးတိုးစကားတွေပါ ရပ်တန့်သွားသည်ထိ အားလုံးက အဖြေကို စိတ်ဝင်စားနေကြသည်။ အမတ်လောင်းဒေါက်တာသမိုင်းဦးထံမှ ဖွင့်ဟလာမည့်စကားကို သတင်းသမားတွေသာမက လူအုပ်ထဲမှာရှိနေသည့် အခြားနိုင်ငံရေးသမားတွေကပါ ငံ့လင့်လျှက်။ "ကျွန်တော့်ကို ဦးလင်းလက်ရဲ့ တပည့်မှန်း နိုင်ငံရေးလောကမှာ မသိတဲ့ လူမရှိဘူးနော်... ကျွန်တော် ဆရာ့ရဲ့ ဆုံးမစကားတစ်ခွန်းကို ဒီနေရာကနေပဲ အများသိအောင် ပြောပြရင်း မေးခွန်းကို ဖြေပေးချင်တယ် အဲ့တာက....""ကလဲ့စားချေတယ်ဆိုတဲ့ နိယာမကို ကိုင်စွဲထားရင် အဲ့ဒီလူဟာ နိုင်ငံရေးသမားမဖြစ်နိုင်ဘူးတဲ့ ....ဆရာပြောသွားတာ ရှင်းရှင်းလေးပါ အားလုံးလည်း သဘောပေါက်ကြမယ်ထင်တယ် ကျွန်တော်က ကလဲ့စားချေဖို့ လက်တုံ့ပြန်ဖို့ ဆိုတာထက် လစ်လပ်သွားတဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ နေရာမှာ ပခုံးပြောင်းတာဝန်ထမ်းဆောင်ဖို့ ရွေးကောက်ပွဲ ဝင်ရခြင်းပါ"သတင်းသမားအချို့က သူတို့လိုချင်တဲ့ အဖြေမဟုတ်သဖြင့် မျက်နှာပျက်သွားကြသလို ခပ်လှမ်းလှမ်းက အမတ်တစ်စုမှာလည်း အသံတိတ်လှောင်ရယ်ဟန် မျက်နှာပေးတွေကို သမိုင်းဦးအကဲခတ်မိလိုက်သည်။ "ဆရာ ....သတင်းဌာကပါ ဒေါက်တာအနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်ပါတီမှ မဝင်ဘဲ တသီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဆိုတော့ နိုင်မယ်လို့ရော ယုံကြည်ချက်ရှိပါ့မလား ပြောရရင် အခုလက်ရှိမှာ Aပါတီက အားလုံးထက် ရှေ့ပြေးနေတာဆိုတော့လေ" "ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ကျွန်တော် ဘယ်အဖွဲ့အစည်း ဘယ်ပါတီကိုမှ မဝင်ထားပါဘူး ရွေးကောက်ခံရရင်တော့ နိုင်ငံ့အကျိုးအတွက် ဘယ်သူနဲ့မဆို ဘယ်ပါတီနဲ့မဆို လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ် .... ယုံကြည်ချက်ရှိလားဆိုတဲ့ မေးခွန်းကတော့ ဒီလိုပဲဖြေချင်ပါတယ် ကျွန်တော်က ဘယ်သူမို့လဲ လူငယ်နိုင်ငံရေးသမဂ္ဂခေါင်းဆောင်းတစ်ယောက်အနေနဲ့ နိုင်ငံရေးလောကထဲဝင်ရောက်လာပြီး တရားရေးဝန်ကြီးဦးလင်းလက်ရဲ့ တပည့်ပါ အမှန်တရားနဲ့ နိုင်ငံ့အကျိုးကို လိုလားသူတိုင်း ကျွန်တော့်ကို မဲပေးကြလိမ့်မယ်" "နောက်ဆုံးမေးခွန်းပါဆရာ .....ဦးလင်းလက်ရဲ့ မိသားစုနဲ့ အရမ်းရင်းနှီးတယ်ဆိုတော့လေ အခုလို တမိသားစုလုံး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အပေါ် ဘယ်လို ခံစားရပါသလဲ" "ရင်းနှီးတယ်ဆိုတာထက် ကျွန်တော့်မိသားစုဝင်တွေဆုံးပါးသွားတယ်လို့ပဲ ခံယူထားတာမို့ ဝမ်းနည်းကြေကွဲရပါတယ် ဆရာတို့ဇနီးမောင်နှံရယ် ညီလေးနဲ့ ညီမလေးအတွက် ကုသိုလ်ကောင်းမှု တတ်နိုင်သမျှ လုပ်ပေးပြီး အမြဲသတိရအောက်မေ့နေမှာပါ" အဆိုပါ သတင်းစာရှင်းလင်းပွဲကို တိုက်ရိုက် ကြည့်ရှု့နေသူတစ်ဦးလည်းရှိသေးသည်။ နောက်ဆုံးမေးခွန်းကို ဖြေဆိုပြီးနောက် တီဗီကို ရီမုတ်ဖြင့်ပိတ်လိုက်တော့ အမည်းရောင်ပြောင်းသွားသော စကရင်ပေါ်၌ အဆိုပါ လူ၏ ပုံရိပ်က ထင်ဟတ်လာလေသည်။ ဝဖိုင့်သော အသွင်နှင့် တခေါင်းလုံးဖြူနေသော ဆံပင်တို့ဖြင့် အမြဲလိုလို မျက်မှောင်ကြုံ့ထားတတ်သော အမူအရာကြောင့် ထို လူအိုကြီးတွင် သေချာပေါက် ကြည့်ကောင်းခြင်းတို့ ဖြစ်တည်မနေ။ ၎င်းရှိနေသော အခန်းတွင်းသို့ အမျိုးသမီးတစ်ယောက်ဝင်လာပြီးနောက်... "ဘဘကြီး စုံစမ်းခိုင်းထားတာ သိလာရပါပြီ" အလွန်ဝမ်းသာသွားသော အသွင်ဖြင့် ထိုလူကြီးက နောက်ကို လှည့်ဟန်ပြင်လိုက်သည်။ သို့သော် သူထိုင်နေတာက ဝှီးချဲပေါ်မှာမို့ လက်ကိုင်က ခလုတ်လေးကို နှိပ်ရသေးသည်။ အမျိုးသမီးက ထိုလူကြီးသူမနဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားတော့မှ...."ဦးလင်းလက်ရဲ့ သမီးနဲ့ သားလို့အတည်ပြုရတဲ့ အလောင်းနှစ်လောင်း မနက်က ဆေးရုံကို ရောက်လာခဲ့ပါပြီ" "သေချာလား အဲ့ဒီကလေးတွေဆိုတာ" "ဟုတ်ကဲ့ အရင်က ဦးလင်းလက်ဆီမှာ ကျွန်မတို့ထား ထားတဲ့ သူလျိုက အတည်ပြုပြီးပါပြီ" "အင်း သူ့ကို နှုတ်ပိတ်လိုက်တော့" "ဟုတ်ကဲ့ ဘဘကြီး ...နောက်ထပ် ဘာများ ညွှန်ကြားစရာရှိသေးလဲ" "ဟို အမတ်လောင်းဆိုတဲ့ ကောင်ကို သေချာစောင့်ကြည့်ထား ချက်ချင်းမရှင်းလိုက်နဲ့ဦး ငါ အဖွဲ့အစည်းနဲ့ တိုင်ပင်လိုက်ဦးမယ်" "ဟုတ်ကဲ့ပါ ဘဘကြီး ဟို ...ဟိုလေ""ဘာပြောစရာကျန်သေးလို့လဲ" "ဘဘကြီးရဲ့သား နှစ်ပတ်လည်ရောက်တော့မှာပါ" "အင်း ဟုတ်လား .... အဲ့ဒီနေ့ရောက်ရင် ပရဟိတ အဖွဲ့အစည်းတစ်ခုမှာ သိန်း တစ်သောင်းလောက်လှူပေးလိုက် ငါတို့ပိုင်တဲ့ ဂျာနယ်မှာပါ ထုံးစံအတိုင်းထည့်ခိုင်းလိုက်" "ဟုတ်ကဲ့" အမျိုးသမီးထွက်သွားပြီးနောက် အဖိုးကြီးသည် ဝှီးချဲကို တရွေ့ရွေ့မောင်းကာ သူအိပ်ယာဘေးသို့ ရောက်အောင်သွားလိုက်သည် ။ အိပ်ယာဘေးက စားပွဲပေါ်မှာ အသင့်တင်ထားသော ဆေးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲ ထည့်ဝါးပြီး ရေနှင့် မျှောချလိုက်သည်။ ရေဖန်ခွက်ကို စားပွဲပေါ်ပြန်အချ အဖိုးကြီး၏ လက်တို့က စားပွဲပေါ်က ဓါတ်ပုံထံ ရောက်သွားလေသည်။ တချက် စိုက်ကြည့်ပြီးနောက်..."ဒီအဖေက အကုန်လုပ်ပေးတာတောင် စောစောစီးစီးထွက်သွားရသလား ....စိတ်ချ ဒီအဖိုးကြီးက အကုန်လုံးကို ဒါဏ်ခတ်ဦးမှာမို့ ငါ့သား မင်းက ကောင်းကင်ဘုံကနေ စောင့်ကြည့်နေနော်"တတိုင်းမွှေး(5/12/22)A/N- အားဆေးလေးများပေးသွားကြပါဦး စာဖတ်သူတို့ရယ်။ မီးပျက်နေလို့ ည သန်းခေါင်တောင် ထရေးပေးထားတာပါ။

ရွှေချည်ကြိုးဆွဲရာ(GL)Tahanan ng mga kuwento. Tumuklas ngayon