(2)zawgi(new version)

184 11 0
                                    

မင်းနဲ့ ပတ်သတ်သမျှကို လေနှင်ရာဆောင်ကြဉ်းတဲ့ သတင်းစကားက အစ ကောင်းခြင်းတွေနဲ့ပဲ ပြည့်စေချင်တာ ကိုယ့်စေတနာပါ။ "အဲ့ဒီတယောက်ကို သိလား ""အတန်းခေါင်းဆောင်မဟုတ်လား ကျောင်းသားရေးရာမှာ ကြားခဲ့တယ် သူ့အဖေက ဝန်ကြီးချုပ်ဆို""ဟုတ်တယ် သူက အေးအေးဆေးဆေးပဲနေတာပါ ဂရုထဲမှာတောင် သူ့အကြောင်း သိပ်မသိရဘူး အား. ဒါနဲ့ စိတ်ဝင်စားဖို့ကောင်းတာ တခုရှိတယ်""ဘာလဲ အတန်းခေါင်းဆောင်နဲ့ ပတ်သတ်လား""အင်း ငါပြောပြမယ် အတန်းခေါင်းဆောင်ရဲ့ အဖေ ဝန်ကြီးချုပ်က လာဘ်စားတဲ့ အရာရှိတွေကို တရားစွဲခဲ့တာ သိတယ်မလား""အင်း ""အေး အဲ့ဒီအရာရှိတစ်ယောက်ရဲ့ သားက ဒီမေဂျာမှာရှိနေတယ် လှည့်မကြည့်နဲ့ နင့်နောက်တည့်တည့်မှာ ထိုင်နေတယ်""အဲ့တာဘာဖြစ်လဲ ""ကြားရသလောက်တော့ အတန်းခေါင်းဆောင်ကို မကျေနပ်ဖြစ်နေတယ်တဲ့ ဒီမေဂျာကို ပြောင်းလာတာတောင် အတန်းခေါင်းဆောင်ကို အနှောင့်အယှက်ပေးမလို့ဆိုပြီး တရားဝင်ကြုံးဝါးထားတာတဲ့"ဘယ်လို ဦးနှောက်မရှိတဲ့ကောင်ပါလိမ့်။ အရှေ့က ကောင်မလေးနှစ်ယောက်ပြောနေတဲ့ သတိပေးစကား က လှည့်မကြည့်ဖို့ ပြောထားသော်လည်း လွင်မီမီခိုင်တစ်ယောက် နောက်မှာရှိနေတဲ့ သူကို ကြည့်ပြီးပြီ။ ခပ်မိုက်မိုက်ပုံစံဖြင့်ထိုင်နေသော တစ်ယောက် ။ ရုပ်ရည်အားဖြင့်တော့ မိန်းကလေးတွေကြားမှာ ရေပန်းစားလောက်သည်။ အကြည့်တွေက သူတို့ကို ကျော်ကာ အရှေ့ဆုံးတန်းကို ရောက်နေမှန်း သိသာလှ၏။ သတိထားမိသွားသည်ထင် နောက်ကို လှည့်ကြည့်နေသော လွင်နဲ့ အကြည့်တချက်ဆုံသွားသည်။ စူးရဲစွာပြန်ကြည့်နေမိတဲ့ သူမအကြည့်တွေက သာမာန်တော့မဟုတ်။ ခဏအကြာ ထိုသူ့ဖက်မှ အရင် မျက်လွှာချသွားသည်။ လွင် သဘောတကျပြုံးလိုက်မိတယ်ဆိုပေမယ့် နှုတ်ခမ်းပါးတို့ ကော့ညွတ်ရုံလောက်လေးပါ။ သူမနဲ့ ဆုံဖူးသည့် ယောကျာ်းလေး အတော်များများ ထိုသို့ ဖြစ်ခဲ့ပြီဆိုလျှင်။ လွင်မီမီခိုင်ဆိုတဲ့ သူမ ဘဝမှာ ဘယ်တုန်းကမှ လူတစ်ယောက်ကို ကိုယ့်ဖက်ကစပြီး စိတ်ဝင်စားတယ်ဆိုတာ မရှိခဲ့။ တွဲခဲ့ဖူးသမျှ ယောကျာ်းတွေ မိန်းမတွေ အကုန်လုံးသည် လွင့်ဆီမှာ ကျဆုံးကြသူတွေ ချည်းသာ။ ကိုယ်ကသာ မလိုချင်ရင် စွန့်ပစ်လိုက်မယ် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ စတင် စိတ်မဝင်စားဘူးဖူး။ သူ့စိတ်ကို ဆွဲဆောင်နိုင်တဲ့ လူသားဆိုတာ နေခြည်လင်းလက် တစ်ယောက်ထဲသာ ရှိသည်။ ကံကောင်းချက်ကတော့ ထိုနေခြည်လေးက သူ့အား မျက်လုံးထဲတောင် ဝင်ဆန့်ခြင်းမရှိ။ကျေနပ်တဲ့ စိတ်နဲ့ ရှေ့ကို ပြန်လှည့်လိုက်တော့ သဘောတကျ ရယ်နေဆဲဖြစ်သည့် အနက်ရောင်လေး။ ဘာတွေများ သဘောတကျရှိနေရတာပါလိမ့်။ အပြုံးတွေက လင်းလက်နေပုံများ နေရောင်ခြည်တွေလိုပဲ ။ နေခြည်.....နေခြည် တောက်ပပြီး နွေးထွေးတဲ့ နေခြည်....မင်းကိုကြည့်ရတာ နွေးထွေးလိုက်တာ။ငေးကြည့်နေမိခြင်းတွေဟာ မြတ်နိုးမှုကို ဖော်ညွှန်းတယ်။ နေ့စဉ်လိုလို သူ့ကို စကားမပြောဖြစ်ပေမယ့် ငေးမကြည့်ဖြစ်တဲ့ နေ့ရယ်လို့ မရှိတာ လွင် ဝန်ခံပါသည်။တဖတ်သတ်ဆိုတာ သိပ်ကို နားဝင်ဆိုးတဲ့ စကားလုံးပဲကွယ်။ ကိုယ်က မင်းကို တဖတ်သတ် ချစ်နေရတော့ ပိုဆိုးတာပေါ့ မဟုတ်လား။ ကိုယ်တို့ ငယ်ငယ်က နားထောင်ခဲ့ရတဲ့ အိပ်ယာဝင်သီချင်းထဲကလိုပဲ မုန်းလျှင်အပြစ် ချစ်လျှင် အကျိုး မြတ်နိုးတော့ သဒ္ဒါ ဆိုတဲ့စာသားလေ။ ကိုယ့်ချစ်ရခြင်းမှာတော့ မေတ္တာရော စေတနာရော သဒ္ဒါရော ပါပါရဲ့ ။ ကရုဏာလေးတောင် အဆစ်ထည့်ပေးဦးမယ် နေခြည်။ကိုယ့်ကို ချစ်ကြည့်စမ်းပါ။ အို မဟုတ်တောင် ......မင်း မျက်ဝန်းမှာ အကြည့်တစ်ချက်လောက်တော့ ပေးပါလား။ မြင်လွှာထဲက ချစ်ရသူမှာ အတူထိုင်နေတဲ့ သူငယ်ချင်းမတစ်ယောက်နဲ့ စကားပြောနေပြီး လက်ထဲမှာလည်း ပေါင်မုန့်တစ်လုံးက ကိုက်လက်စတန်းလန်း။ အသင့်သောက်ကော်ဖီအေးဗူးလေးကို လွင် မှတ်မှတ်ရရ ရှိလိုက်မိသည်။ နောင်များ အခွင့်ကြုံရင် မင်းအတွက် ဖြစ်စေရမယ်။ "ဟေ့ ခိုင်မီမီလွင်" ကျောင်းဆင်းချိန် ကားနားအရောက် နောက်က ခေါ်သံလေးကြောင့်လှည့်ကြည့်မိသည်။ ရောင်စုံ ကော်တွန်ကန်ဒီတစ်ခုကို လက်က ကိုင်ပြီး ပြေးလာတဲ့ နေခြည်လေးက ကိုယ့်နာမည်ကို တလွဲခေါ်နေတာပဲ။ အနားရောက်မှ ကိုယ်ရှိန်သတ်လိုက်ပြီး ချွေးစို့နေတဲ့ နဖူးကို လက်ဖြင့်သပ်ရင်းမေးလာသည်။ "ဟို နင် အသင်းအဖွဲ့ တစ်ခုခုထဲ မပါချင်ဘူးလား "တကယ်တော့ ကိုယ်က လူစုလူဝေးကို မကြိုက်။ လူရှုပ်တာမျိုးလည်း ရှောင်သည်။ ဒါပေမယ့် စီနီယာကြီးတွေပြောတဲ့ တက္ကသိုလ် အချစ်ဇာတ်လမ်းအများစုက ဒီလို အတူသွား အတူလာ ရင်းနှီးမှုက စတယ်ဆိုတော့ ကိုယ် မုသားပဲ သုံးလိုက်မိတယ်။ "ဘယ်အသင်းလဲ "" အနုပညာအသင်းမှာ စာရင်းပေးပါလား နင်က အရမ်းချောတယ်လေ ဟီး""အဲ့တော့ ""အာ အဲ့တော့ နင်များ သရုပ်ဆောင်ဝါသနာပါရင် တို့မေဂျာ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ကမယ့် ပြဇာတ်အတွက်မပါချင်ဘူးလား ""ပြဇာတ်" "အင်း သေတော့မသေချာသေးပေမယ့် ငါတို့ ရွေးထားတာ ရိုမီယိုနဲ့ ဂျူးလိယက်ရယ် နောက်တစ်ခုက A midsummer night's dream ရယ် ငါတို့အသင်းသားတွေတိုင်ပင်ပြီး နင့်ကို ကမ်းလှမ်းတာပါ ခိုင်မီမီလွင် ""ဟမ့် "ကိုယ် တကယ်မင်းကို မပြောရက်တော့ဘူး......နာမည်လေးတော့ တည့်အောင်ခေါ်ပေးပါလို့ ။ "မပါချင်ဘူးလားဟင် ""ပါမယ် ဒါမဲ့ အပေးအယူရှိတယ် ""အိုး ရပါတယ် ငါသဘောပေါက်တယ် စိတ်ချ နင်က ခေါင်းဆောင်မင်းသမီးနေရာကပါရမှာပါ နင်က တို့မေဂျာမှာ အချောဆုံး အလှဆုံးပဲလေ ပြောလို့ပြောတာမဟုတ်ဘူး အားလုံးက နင့်ကို ဒီနှစ်ရဲ့ အလှဘုရင်မဘွဲတောင် ပေးမှာ ငါ ကြားလာတယ်သိလား ""မလိုဘူး "ကိုယ်လိုချင်တာ အဲ့တာတွေမှ မဟုတ်တာ နေခြည်ရယ်။ ကိုယ်လှတာ ချောတာ ကိုယ် ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် ကိုယ် အလိုချင်ဆုံးက ....."အဲ့တာဆို ဘာလိုချင်တာလဲဟင် ""လွင်မီမီခိုင် ""ဟမ် ""ငါ့နာမည် လွင်မီမီခိုင်လို့ နောက်တခါ မှားမခေါ်နဲ့တော့ ""အာ ဆောရီး ငါတကယ် တောင်းပန်ပါတယ် ငါက မှတ်ဉာဏ်သိပ်မကောင်းဘူး ဟီး စိတ်မဆိုးနဲ့ နော် ခိုင်မီမီလွင် အဲ့လေ ခိုင်မီမီလွင် မဟုတ်တဲ့ လွင် မီမီခိုင်""လွင်လို့ပဲခေါ်ပါ ""လွင် ဟုတ်သား ဒါပိုကောင်းတယ် လွင် လွင် ငါ နောက်ကိုမမှားတော့ဘူး ဒါဆို ပြဇာတ်မှာ ပါမယ်မဟုတ်လားဟင် ""အင်း သဘောတူတယ် ""ဟီး ကျေးဇူးပါလွင် မနက်ဖြန် အတန်းထဲမှာ တွေ့မယ်နော် အဲ့တော့မှ လိုတာထပ်ပြောကြတာပေါ့" လိုချင်တာ ရသွားတဲ့ ကလေးငယ်လို ခုန်ပေါက်ပြီး ကိုယ့်အနားက ထွက်သွားတဲ့မင်းရဲ့ ပုံရိပ် ကိုယ့်မှတ်ဉာဏ်ထဲမှာ ရိုးရှင်းစွာ စွဲထင်ရစ်သွားတယ်။ တဖြေးဖြေး ကိုယ်တို့ နီးစပ်လာပြီလို့ သတ်မှတ်လို့ရတယ်မလား နေခြည်။ "ဟေး နေခြည် ခဏ "ခပ်လှန်းလှန်းရောက်သွားမှ ကိုယ် အသိဝင်ပြီး လှမ်းခေါ်မိတော့ ကော်တွန်ကန်ဒီတွေ အပြည့်ဝါးလျှက်သားနဲ့ လှည့်ကြည့်တယ်။ မျက်ဝန်းဝိုင်းလေးတွေက ဘာလဲဆိုတဲ့ သဘောနဲ့ တုန့်ပြန်တာများလား။ "တကယ်လို့ ပြဇာတ်ရွေးရင်လေ ""အင်း "ပါးစပ်ထဲက နူးအိအိ မုန့်မျှင်တွေကို ဝါးနေတာလည်း အရှိန်မပျက်စေရ။ "ရိုမီယိုနဲ့ ဂျူးလိယက်ကို ပယ်လိုက်ပါလား ""ဟမ် ဘာလို့လဲ ""ငါ ........... ဝမ်းနည်းစရာဇာတ်သိမ်းတွေကို မကြိုက်ဘူး "ကိုယ် တကယ် tragic ending တွေကိုမကြိုက်တာပါ။ ဇာတ်ပေါင်းရင် မင်းသားနဲ့ မင်းသမီး သေချာပေါက်ညားတဲ့ သမားရိုးကျဇာတ်လမ်းတွေဟာ လက်တွေ့မှာတော့ ဘယ်လောက်တောင် ပျော်စရာ ကောင်းလိမ့်မလဲ။ မင်းနဲ့ ကိုယ်ရဲ့ ရင်းနှီးကျွမ်းဝင်မှုတွေ အစပြုတဲ့ ဒီဇာတ်လမ်းဟာ သေချာပေါက် Happy Endingဖြစ်မှ ဖြစ်မယ်။ "ငါရောပဲ" ပါးချိုင့်လေးတွေ ခွက်ဝင်သွားအောင် ပြုံးပြီးပြောသွားတဲ့မင်းဟာ ကိုယ့်ရင်ကို အေးမြစေခဲ့တာ အမှန်ပါ။ အို .....ပြန်တွေးကြည့်တော့ အတိတ်တွေရဲ့ နိဒါန်းဟာ မင်းကြိုက်တဲ့ cotton candy ထက်တောင် ချိုခဲ့တာပဲ။ အနာဂတ်တွေမှာ ပျော်ရွှင်ခြင်းတွေပြည့်ဖို့ မင်းကိုပဲ ယုံလိုက်တော့မယ် နေခြည်ရယ်။တိုက်ဆိုင်မှုတွေမဟုတ်တာသေချာပါရဲ့သားနဲ့ဘာတွေကို နှမြောမိမလဲအနာဂတ်ဆီအတူသွားရအောင်ကိုယ့် နာမည်လေးတော့ မှတ်ထားပေးပါ နေခြည်ငယ် တတိုင်းမွှေး(17/11/22)..............................................................................................................................................

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now