(4)unicode(new version)

1.6K 149 4
                                    

မင်းကြိုက်တဲ့  ဝတ္ထုစာအုပ်ထဲက ကဗျာတွေလောက်တော့ 

ကိုယ့်နှလုံးသားမှာ ထွင်းတဲ့ အက္ခရာတွေက ရယ်တာပေါ့အချစ်ရယ်

သိပ်တော့ မများပါဘူး စာလုံးသုံးလုံးတည်းပါ

ထာဝရ 

ဆိုလိုတာက မင်းဘာလုပ်လုပ်ကိုယ်အပြစ်မဆိုနိုင် အမြဲတမ်းအတွက် ကြည်ဖြူနေမယ် အဆိုးလေးရေ.....

"တို့က သူငယ်ချင်းတွေဖြစ်သွားပြီထင်နေတာ လွင်ရဲ့ "

"အယ် ဟုတ်တယ်လေ သူငယ်ချင်းတွေပဲလေ ဒါပေမယ့် ဒီကိစ္စက တော်တော်လေး.... ကျစ် ဘယ်လိုပြောရမလဲ "

"အင်းပါ ငါက လွင့်ကို သူများတွေနဲ့ မတူဘူးထင်နေတာ လက်စသတ်တော့ လွင်က ငါ့ကို တကယ်မခင်ဘူးပဲ "

မျက်နှာငယ်လေးနဲ့ ကိုယ့်ရှေ့မှာ ဖြစ်ပျက်နေတဲ့ မင်းကလေ သိပ်တော်တဲ့ သရုပ်ဆောင်တစ်ယောက်အလား။ ပြဿနာက ဘာမှ မဟုတ်ဘူး။ ခေါင်းမာတဲ့ မင်းက ကိုယ် ငြင်းပြီးသား ကိစ္စတစ်ခုကို အတင်းသဘောတူခိုင်းနေတာ။ ဘာတဲ့ ပြောသေး မင်းကတော့ ကိုယ့်ကို အခင်ဆုံးသူငယ်ချင်းလို့ သတ်မှတ်ထားပေမယ့် ကိုယ်ကတော့ မင်းကို သူငယ်ချင်းလို့ မသတ်မှတ်ဘူးတဲ့လေ။ အဟက်.... တကယ်လည်းဟုတ်သားပဲ ကိုယ်က သူငယ်ချင်းမှ မဖြစ်ချင်တာ။ ကိုယ်မင်းနဲ့ သူငယ်ချင်းမဟုတ်ဘဲ မင်းရဲ့ သက်ဆိုင်သူပဲ ဖြစ်ချင်တာ။ မင်းကတော့ ကိုယ့်ကို......

"သူက တကယ်သနားစရာကောင်းတာ ငါ့ကို အကူအညီတောင်းထားတာ ပြန်ကြိုက်လိုက်ပါဟာ လွင်  နော် နော် မဟုတ်တောင် တွဲလိုက်ပါဟာ တစ်လ နှစ်လပဲ "

"ငါမှ မကြိုက်တာ ဘာလို့ တွဲရမှာလဲ" 

"မကြိုက်လဲ တွဲလို့ရပါတယ်ဟာ တကယ်တော့ လူတွေက ရေးကြီးခွင်ကျယ်လုပ်နေတာ အခုမချစ်လည်း တစ်ယောက်အကြောင်းတစ်ယောက်သိသွားရင် နောက်တော့ ချစ်လာ ကြိုက်လာနိုင်တာပဲလေ ချစ်မှ တွဲရတာမဟုတ်ဘူး တွဲရင်းနဲ့မှ ကြိုက်သွားလို့ရတာပဲ" 

"နင် ဘာလို့ ဇွတ်တွေတိုက်တွန်းနေတာလည်း နေခြည် "

"အဟင့် အဲ့တာက အဲ့သူငယ်ချင်းက ငါ့ကို လာလာပြောနေတာ ကြာလှပြီ ငါ နားတွေလည်းပူလှပြီ လုပ်ပါနော် လွင် တစ်ပတ် နှစ်ပတ်လောက် ဟန်ဆောင် တွဲပေးလိုက်လေ ပြီးမှ နင့်ဘာသာ အကြောင်းတစ်ခုခုပြပြီး ဖြတ်လိုက် အဲ့တာဆို ငါလည်း  တာဝန်ကျေပြီ နော် လုပ်ပါနော် "

ရွှေချည်ကြိုးဆွဲရာ(GL)Donde viven las historias. Descúbrelo ahora