(19)unicode

938 89 2
                                    

ဒီဇင်ဘာရဲ့ ပြင်းထန်တဲ့ ရာသီဥတုဟာ နယူးယောက်မြို့မှာလည်း မညှာမတာ အေးစက်နေဆဲ။ မကြာခင် ခရစ္စမတ်ရောက်တော့မှာမို့ ဈေးဝယ်ထွက်ကြသူတွေဟာ လမ်းမပေါ်မှာရော ရှော့ပင်းစင်တာတွေမှာပါ ပြည့်နှက်နေသည်။Hudson yardsရှိ ဆိုင်ခန်းပေါင်းစုံဟာ မကြာခင်ကျရောက်တော့မယ့် ခရစ်စမတ်အတွက် ပရိုမိုးရှင်းတွေအပြိုင်အဆိုင်ချနေတာကြောင့် စေ◌ျးဝယ်သူတွေအကြိုက်။ တစ်ခုသော ကော်ဖီဆိုင်ငယ်ဟာ အေးစိမ့်နေတဲ့ ရာသီဥတုကြောင့်လား ပိုလို့တောင် စည်ကားနေသည် ။ လိမ္မော်နီရောင် ယူနီဖောင်းကိုဝတ်ဆင်ထားတဲ့ ဆိုင်ဝန်ထမ်းမလေးတွေ မှာလည်း အားကြိုးမာန်တက် ကိုယ်စီတာဝန်ကျေနေကြသည်။

ဆိုင်ထဲကို ဝင်လာတဲ့ ကောင်လေးတစ်အုပ်စုက အသံကျယ်လွန်းတာမို့ ရှိနေတဲ့ ဧည့်သည်တွေတောင် လှည့်ကြည့်မိသည်အထိ။ ဆယ်ကျော်သက်အရွယ်လေးတွေဖြစ်ပြီး မိဘတွေဆီက အလိုလိုက်ခံထားရတဲ့ အိမ်ကျယ်လေးတွေဖြစ်ပုံရသည်။ ဆိုင်အလယ်မှာရှိတဲ့ စားပွဲကို ကျကျနနယူနေရာယူလိုက်ပေမယ့် အချင်းချင်းနောက်ပြောင်ကျီစယ်နေတာကို အတောမသတ်နိုင်သေး။ အစခံနေရသည့် ကောင်လေးတစ်ယောက်က သူငယ်ချင်းဖြစ်သူကို သည်းမခံနိုင်စွာ ထ ရိုက်တဲ့အချိန်တဖက်ဝိုင်းကို ကော်ဖီဖြည့်ပေးနေသည့် စားပွဲထိုးကောင်မလေးအား တိုက်မိကာ ကော်ဖီပူတွေမှောက်ကြကုန်သည်။

ပူလွန်းသည့်ကော်ဖီတွေဟာ စားပွဲထိုးကောင်မလေးရဲ့ အင်္ကျီပေါ်မှာ အကွက်လိုက်။ ဆောရီး ဆိုတာကို တစ်ခွန်းထဲပြောပြီး အချင်းချင်း ကျီစယ်လို့ကောင်းနေဆဲ ကလေးငယ်များကို လျစ်လျူရှုကာ ထွက်သွားသည့် စားပွဲထိုးကောင်မလေးကြောင့် ဆိုင်ထဲမှာ ဖြစ်လာတော့မယ့် အခြေအတင်များသည် ပျောက်ကွယ်သွားခဲ့ပြီ။ ခဏကြာတော့ အသစ်လဲလှယ်ထားသည့် ယူနီဖောင်းဖြင့် ထွက်လာကာ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးနေသည့် ကောင်မလေးကတော့ ဘာမှမဖြစ်ခဲ့သလို။ အော်ဒါတွေက များလွန်းပြီး လူကျနေချိန်ဖြစ်သောကြောင့် အားလုံးသည် ကိုယ့်အာရုံနဲကိုယ်မို့ ဆိုင်ဝန်ထမ်းအားလုံး ပျာယာခတ်နေကြသည်။

ဒိုင်း

ကျယ်လောင်လှသော သေနတ်သံနှင့် ဆိုင်ထဲကို ဝင်ရောက်လာသည်က ဆန်တာမျက်နှာဖုံးစွပ်ထားသည့် လူတစ်ယောက်။ သေနတ်ရှည်ကို ကိုင်ကာ ခြိမ်းခြောက်စကားဆိုရင်း ဦးတည်နေသည်မှာ ငွေသိမ်းကောင်တာဆီသို့။ အားလုံးက အလန့်လန့်အဖျတ်ဖျတ်နဲ့မို့ ကိုယ့်အသက်ကိုသာ အာရုံထားနေကြသည်။ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ချိန် သေနတ်နှင့်ချိန်ကာ ငွေတွေကို အိတ်တလုံးထဲ ထည့်ခိုင်းနေသည့် ဓါးပြ မှာ သိပ်ကို ကျင်လည်လွန်းပုံရသည်။ ထိုအချိန်ဘယ်သူနှိပ်လိုက်မှန်းမသိသည့် လုံခြုံရေးခလုတ်က ထမြည်လာသည်။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now