Warning---ဤအပိုင်းရှိ စာသားများ၊ အကြောင်းအရာများကို စကရင်ရှော့ရိုက်ခြင်း၊ ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
လူကုံထံရပ်ကွက်တစ်ခုမှာ တည်ရှိသော စားသောက်ဆိုင်၏ သီးသန့်ခန်းတစ်ခုတွင် ဖြစ်သည်။ ခတ္တာနှင့် လွင်ပြန်တွေ့ကြပြီ။
"မနက်ဖြန် တရားရုံးမှာ တင်ဖို့ အချက်အလက်တွေပါတယ် အဲ့တာတွေနဲ့ဆို ဖိုးဖိုးကြီးကို တရားစွဲဖို့ လုံလောက်တာထက်ကို ပိုပါတယ်"
စားပွဲပေါ်မှာတင်ထားသည့် ဖိုင်တချို့ မန်မိုရီစတစ်များကို ရည်ညွှန်းရင်း ခတ္တာပြောဆိုလိုက်သည်။ အရှေ့က သက်သေခံပစ္စည်းတွေကို အသင့်ပါလာသည့် လက်ဆွဲအိတ်ထဲသို့ ပြောင်းထည့်ရင်း လွင်မေးလိုက်သည်က ....
"ဒါတွေနဲ့ဆို မင်းအဖိုးပိုင်တဲ့ အရာအားလုံးလက်လွှတ်လိုက်ရလိမ့်မယ် ..... သေချာရော စဉ်းစားပြီးပြီလား"
"အချစ်ကအရေးကြီးဆုံး"
ခတ္တာရဲ့ အဖြေကို လွင် မရယ်ရက်။ သူတောင်မှ အရာအားလုံးကို စွန့်လွှတ်နိုင်သေးတာပဲလေ။
"ပူးပေါင်းပေးတာ ကျေးဇူးတင်ပေမယ့် ထပ်ပြီးသတိပေးရဦးမယ် နေခြည့်က ငါ့ကိုပဲချစ်တာ"
"တခါတလေ အချစ်ဆိုတာကို နိုင်တဲ့အရာရှိတယ်ဆိုတာ ခင်ဗျားယုံလား ဒေါ်လွင်မီမီခိုင်"
"ဒီတသက်တော့ အဲ့ဒီအကြောင်းအရာကလည်း မင်းကို ကယ်နိုင်မယ်မထင်ဘူး ချာတိတ်ရဲ့ နေခြည်ကလေ သူ့မိဘတွေကို သတ်တဲ့သူနဲ့ ဘယ်လိုမှ ပေါင်းဖက်ဖို့ တွေးတောင်တွေးနိုင်မှာ မဟုတ်ဘူး ...အခုတောင် အကြောင်းစုံသိသွားပြီးနောက် မင်းနဲ့ သွားတွေ့မယ်ဆိုတာတောင် မလိုက်တော့ဘူးလေ သူဘယ်လောက်တောင် စိတ်နာနေမလဲ စဉ်းစားကြည့်"
"ခင်ဗျား.."
"စိတ်ဆိုးသွားလား ချာတိတ်...ဟင်း ဟင်း ဟင်း .... ကြိုးစားလိုက်ဦး"
ယူစရာရှိတာတွေ ယူပြီးတော့ လွင် အခန်းထဲက ထွက်လာလိုက်သည်။ အဲ့ဒီကောင်မလေးကို သူ သိပ်သနားပေမယ့် နည်းနည်းလေးမှ မျက်နှာသာမပေးနိုင်ပါ။ အရာအားလုံးကို စွန့်လွှတ်ပြီးတော့ ဘဝတစ်ခုကို အလဲအလှယ်လုပ်ခဲ့တာ နေခြည့်ကို တခြားသူ လက်ထဲရောက်စေဖို့မှ မဟုတ်တာ။
BẠN ĐANG ĐỌC
ရွှေချည်ကြိုးဆွဲရာ(GL)
Teen Fictionဘဝဇာတ်ခုံမှာ မေတ္တာရွှေခြည်ကြိုးဆွဲရာ အသုံးတော်ခံမယ် .....ပဲ့ကိုင်ရှင်က မင်းဖြစ်ပါစေ