(5)Zawgi (new version)

81 9 0
                                    

မနက်ငါးနာရီထိုးပြီဖြစ်ကြောင့် နာရီနိုးစက်က အသံမြည်လာတာနဲ့ တပြိုင်နက် လွင်လည်း ချက်ချင်းအိပ်ယာက နိုးပြီးသားဖြစ်သည်။ အကျင့်ဖြစ်နေကျမို့ ရေချိုးခန်းဝင်ကာ ကိုယ်လက်သန့်စင်ရသည်။ ပြီးတာနဲ့ မနက်အစော ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အားကစားခန်းမကို သွားရမည်မဟုတ်ပါလား။ လွင်က ပြင်ပဆောင်မှာ ငှားနေတာမို့ တော်ရုံတန်ရုံတော့ လွတ်လပ်သည်။ မိန်းကလေးဆောင် ဖြစ်တာကြောင့် ယောကျာ်းလေးဧည့်သည်မလာရတာရယ် ညနေခြောက်နာရီမထိုးခင် အဆောင်ပြန်ရောက်ရမယ်ဆိုတာက လွဲရင် အထွေအထူး စည်းကမ်းတင်းကြပ်တာမရှိ။လွင် အခန်းကဆင်းလာတော့ အဆောင်ရှင် အန်တီကြီးပင် ခြံထဲမှာ အမှိုက်လှဲကျင်းနေသည်။"လွင် အချိန်မှန်ပဲနော် ""ဟုတ်တယ် အန်တီနွဲ့ မြို့ထဲကနေ ဂျင်ခန်းကို လမ်းလျှောက်သွားမှာ ဆိုတော့ ဒီအချိန်မှ အကိုက်ရယ်""အေးကွယ် အသွားအလာ ဂရုစိုက်နော် တခုခုဆို အန်တီနွဲ့ကို ဖုန်းလှမ်းဆက် ""ဟုတ်ကဲ့ပါအန်တီနွဲ့"အဆောင်ရှင် အန်တီကြီးက လွင့်အမေတို့ အရွယ်ဖြစ်ပြီး အငြိမ်းစားယူထားသော ကျောင်းဆရာမဟောင်းလည်းဖြစ်သည်။ အဆောင်ကျောင်းသူတွေအပေါ် မိဘသဖွယ် ဆိုဆုံးမတတ်သူလည်းဖြစ်တော့ လွင်တို့တတွေမှာ အန်တီနွဲ့ကို ချစ်ကြောက်ရိုသေရသည်။ လွင်တို့အဆောင်က တက္ကသိုလ်နားနီးပေမယ့် မြို့ထဲနဲ့ဆိုရင် အစွန်အဖျားကျတာမို့ လူသူပြတ်လပ်ချိန်တွေဆို အသွားအလာဂရုစိုက်ရသည်။လွင်သွားရာ လမ်းတလျှောက် လူအရမ်းကြီး ပြတ်တာမျိုးမဟုတ်ဘဲ မနက်စောစောဖွင့်တဲ့ အကြော်ဆိုင် မုန့်ဟင်းခါးဆိုင်တွေနဲ့ လူအနည်းငယ်တော့ရှိသည်။ တခါတရံ သူ့လိုပဲ လမ်းလျှောက်ထွက်တဲ့ လူတချို့တော့ရှိပေမယ့် အများစုက လူကြီးပိုင်းများသာ။ မေမေ အကျင့်လုပ်ပေးထားတာမို့ လွင်တို့ ညီအစ်မ နှစ်ယောက်လုံး ဘယ်တော့မှ အိပ်ယာထချိန် ခြောက်နာရီမကျော်။ အိမ်မှာရှိတုန်းကဆို ဘယ်သူအိပ်ယာအရင်နိုးနိုး မီးဖိုချောင်ဝင်ကာ ရေနွေးအိုးတည် ထမင်းချက် စသည်ဖြင့် လုပ်ပေးရလေ့ရှိသည်။ မေမေ့ကျေးဇူးကြောင့်ပဲ လွင်တို့ ထမင်းဟင်းချက်က အစ အိမ်မှူကိစ္စအစုံ မလုပ်တတ်တာမရှိ။"သမီးမိန်းကလေး သားယောကျာ်းလေးရယ်မှ မဟုတ်ဘူး အိမ်မှု့ကိစ္စလုပ်တတ်တယ်ဆိုရင် နေထိုင်မှု့ အကျင့်စရိုက်က သူများထက်တပန်းသာတယ် "မေမေပြောနေကျ အထက်ပါစကားက ဖေဖေမဆုံးခင်က အမြဲပြောနေကျဖြစ်သည်ဟု သိရသည်။ မေမေနဲ့ ဖေဖေက သိပ်ကို လိုက်ဖက်ညီတာပဲလို့ ပတ်ဝန်းကျင်က ချီးကျူးတိုင်း လွင့် မှတ်ဉာဏ်ထဲက ဖေဖေနဲ့ ပတ်သက်တဲ့ ဝိုးတဝါး အမှတ်တရတွေသာ စဉ်းစားမိသည်။ ဘာပဲပြောပြော အသက်တိုလှသည့် အိမ်ထောင်ဦးစီးကို သစ္စာမပျက်တဲ့ အပြင် မိခင်တာဝန်ကို ကျေပွန်လွန်းသော လွင့်မေမေကို အမြဲ လေးစားရပါသည်။လွင် gymခန်းကိုရောက်တော့ လူအတော်သင့်ရှိနေပြီ။ ကျောင်းမတက်ခင်ကတည်းက ဆော့လာတာမို့ လွင့်အတွက် နည်းပြမလိုတော့။ သို့သည့်တိုင် အနားမှာ တရစ်ဝဲဝဲ လုပ်တတ်သည့်သူတွေကြောင့် လွင် မျက်နှာထားတင်းထားရသည်။"လွင် အဆင်ပြေရဲ့လား ""ပြေပါတယ်""တခုခု အကူအညီလိုရင် ကိုယ့်ကိုပြောနော် ""ကျေးဇူး ဒါပေမယ့် မလိုဘူး"တချို့ယောကျာ်းတွေ အမြင်မှာ လွင်ဟာ အလှကြောင့် မာနခေါင်ခိုက်နေသူလို့ ထင်နေလောက်ပေမယ့် လွင်ကတော့ ဂရုမစိုက်။ စိတ်မပါရင် ဘယ်သူ့ကိုမှ ပြုံးတောင် မပြချင်။ လွင့်ဘဝမှာ တယောက်ထဲလည်း ရပ်တည်ရဲသည်။ တဖဲ့တည်းလည်း ဖြစ်သည်။ ရည်းစားမြောက်များစွာ ထားဖူးသော်လည်း လွင့် ဘဝထဲမှာ ကိုယ်တိုင်က လွဲလို့ ဘယ်သူ့ကိုမှ ဦးစားပေးလို့မရ။ ချစ်သူရည်းစားရယ်လို့ အနစ်နာခံပေးတာမျိုးဆို ဝေးလာဝေး။ လွင်က အမြဲ အနိုင်ယူရမှ ကျေနပ်သူ။ ဒါ့ကြောင့်လဲ တချို့ယောကျာ်းတွေက ပြောတယ် လွင်ဟာ စူဠသုဘဒ္ဒါလို မိန်းမမျိုးတဲ့။ ဟုတ်မှာပေါ့ လွင်ကို မဟာသုဘဒ္ဒါလိုဖြစ်စေမယ့် လူသားတယောက်ဟာ နေခြည်လင်းလက်ဆိုတဲ့ကောင်မလေးပဲရှိတယ်။အားကစားခန်းမက ပြန်လာတော့ ခုနှစ်နာရီခွဲအတိဖြစ်သည်။ အပြန်လမ်းမှာ မနက်စာ စားရင်တောင် အဆောင်ကို ရှစ်နာရီဆိုပြန်ရောက်သည်။ အလှသိပ်မပြင်တောင် နဂိုလှသည့် သူမအတွက် နာရီဝက်ဆိုတာ လုံလောက်သည့် အချိန်မို့ ရှစ်နာရီခွဲ အတန်းမတက်ခင် ကျောင်းအမှီရောက်သည်။ လွင်တို့အဆောင်နဲ့ မြို့ထဲအကူးမှာ မနက်ခင်းဈေးတန်းလေးရှိသည်။ အတော်စုံခင်သော မနက်စာအမယ်များရတတ်သည့် ဆိုင်တွေရှိတာမိ့ အပြန်တိုင်း ဝင်စားဖြစ်သည်။အရင်နေ့တွေက မမြည်းစမ်းကြည့်ရသေးသော ဆိုင်တဆိုင်ကို ဝင်ထိုင်လိုက်သည်။ ရှမ်းအစားသောက်တွေ အဓိက ရောင်းသောဆိုင်ဖြစ်ပြီး ယာယီပျံကျဈေးမို့ ဆိုင်ခန်းက မခမ်းနားဘဲ သပ်ရပ်သည်ဆိုရုံသာ။"သျှမ်းခေါက်ဆွဲ အရည်/အသုတ် တို့ဖူးနွေး မြီးရှည် ခေါက်ရှောက် တို့ဖူးကြော် ခေါပုတ် ဆန်စီး ဆန်ဖွယ် ဘာစားမလဲ ညီမလေး "နှူတ်ရွှင်သည့် ဆိုင်ရှင် အစ်ကိုက ရရှိနိုင်သည့် မီနူးတွေကို ဆက်တိုက်ရွတ်သွားရင်း လွင့်ကို မေးလာသည်။ လက်ကလည်း စားပွဲတွေ ပြင်နေတာ မရပ်။လွင် ခေါက်ရှောက်တပွဲနှင့် တို့ဖူးကြော်မှာလိုက်သည်၊ တို့ဖူးကြော်ခပ်ပျော့ပျော့လေးတွေက လွင့် အကြိုက်ဆုံး မနက်စာထဲက တစ်ခုအပါအဝင်ပေါ့။ မုန်ညင်းချဉ်ရည်မွှေးမွှေး ဆမ်းထားသည့် ခေါက်ရှောက်သုတ်က ဒီဒေသရဲ့ နေရာတိုင်းမှာ မရနိုင်။ ဆိုင်ရှင်ပြင်ပေးသည့် အစားအသောက် နှစ်မျိုးလုံးက လွင် မျှော်လင့်ထားသလို ကောင်းလှသည်။ မဆိုးဘူး နောက်လည်း လာစားရမယ်။"ဟေ့ တယောက်ထဲလား""အဟွတ် "အရသာခံကာ စားသောက်နေတုန်း နောက်ကျောဖက်ဆီက ထွက်လာသည့် ခေါ်သံစူးစူးနှင့် ပခုံးကို လာထိသည့် အထိအတွေ့ကြောင့် လွင် သီး သွားရ၏။ လှည့်ကြည့်မလို့လုပ်တုန်း ဘေးနားစွေ့ခနဲ ဝင်ထိုင်လိုက်သူကြောင့် လွင် အံ့သြသွားရသည်။ မနက်ခင်းဟာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံသွားသလို။ "နေခြည် ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ""ကျောင်းသွားမို့လေ အဲ့တာ ဈေးနားကနေ ဖြတ်သွားတုန်း နင့်ကို မြင်လို့ဝင်လာတာ""အော် ဘာလုပ်ဖို့လဲဟင် ""ဟမ် အင်း ဘာမှမလုပ်ပါဘူး ဒီလိုလေ အရင်ကငါ ဒီဈေးထဲမှာ မုန့်ပတ်စားဖို့ ဆိုပြီးစိတ်ကူးဖူးတယ် ဒါပေမယ့် တခါမှ မသွားဘူးတော့ တယောက်ထဲ အဆင်မပြေလို့ အခု နင့်ကို တွေ့တာ အတော်ပဲ ငါလည်း မုန့်စားဖို့ ဘာပဲပြောပြော ငါတို့က သူငယ်ချင်းတွေပဲ မဟုတ်လား""မဟုတ်ပါဘူး""ဟင် လွင် နင် ငါ့ကို မခင်တော့ဘူးလား" "အင်း နင် ငါ့ကို ရောင်းစားလိုက်ကတည်းကပဲ ""အဟီး စိတ်ဆိုးပြေပါတော့လွင်ရယ် ငါတောင်းပန်ပါတယ် သူတို့က အကူအညီတောင်းရင်း ငါ့ကို မုန့်ဝယ်ကျွေးမယ်လို့ပြောလို့ပါ ငါက အရင်ပြောတာမဟုတ်ဘူး "စိတ်ဆိုးရမှာလား......အချစ်ရယ်။ မဖြစ်နိုင်တဲ့အရာပါ။ "စိတ်ဆိုးပြေပါနော် ငါ မုန့်ဝယ်ကျွေးမယ်လေ လွင် နော် နော်လို့ ""အင်း "လွင် မုန့်စားချင်လို့တော့မဟုတ်ပါဘူး။ ချစ်တဲ့သူ မျက်နှာညိုမှာစိုးလို့ လက်ခံလိုက်ပါမယ်လေ။ "ဟီး နင်က သဘောကောင်းတယ် လွင် မှာလေ ဘာစားမလဲ ကြိုက်တာစား ဒီက အစ်မကြီးက ဒီနေ့ လွင်မီမီခိုင့်ကို တာဝန်ယူပေးမယ် ဟား ဟား "ကိုယ့်ကို စိတ်ကြိုက်မှာတဲ့ ...ပြောတာပဲ။ လက်တွေ့မှာတော့...."လွင် ဒီမှာ မုန့်စိမ်းပေါင်း စားကြည့် ချိုဆိမ့်လေးရယ်""လွင် ငါတို့ မုန့်ဟင်းခါးစားရအောင် မနက်စာဆိုတာ မုန့်ဟင်းခါးက မပါမဖြစ်ဘဲ"'ဟော ဟိုမှာ ထန်းသီးမုန့်တွေ မဟုတ်လား ရာသီစာပဲ စားရအောင် ""အယ် ဆနွင်းမကင်းက ကျောက်ဖရုံယိုတွေနဲ့ စားကောင်းမယ့် ပုံပဲတခုလောက်မြည်းကြည့်ရအောင်"သူစားချင်တာတွေချည်းပဲ ရွေးပြီး စားတယ်။ လွင့်မှာတော့ ဘာမှပြောခွင့်မရလိုက်။ ပါးစပ်ထဲ ထိုးထည့်ပေးတာတွေကိုပဲ ကြိတ်မှိတ်ပြီး ဝါးရသည်။ တခုလောက်ပဲစားမယ်တို့ မြည်းကြည့်ရအောင်တို့ ပြောလို့ မယုံလိုက်ပါနဲ့။ မုန့်ဟင်းခါးတခါစား ပွဲကြီးတပွဲကို အိုးဘဲဥ အကြော်စုံက မပါမဖြစ်။ ထန်းသီးမုန့် တို့ ဆနွင်းမကင်းတို့ဆို တခါစား သုံးလေးတုံးအသာလေး၊ မုန့်စိမ်းပေါင်းသည်အဖွားကြီးကို သနားလို့ဆိုကာ တွဲရောင်းသည့် မုန့်ပြားသလပ်ပါ နှစ်ချပ်လောက် စားခဲ့သေးသည်။ ပြသနာက သူ့ဗိုက်နဲ့သူစားတာ ဘာမှမဖြစ်ပေမယ့် စားသမျှ အတင်းထိုးကျွေးတတ်တာမို့ အစောကမှ ခန္ဓာကိုယ်ထိန်းသိမ်းရန် လေ့ကျင့်ခန်းလုပ်ထားသော လွင့်မှာ သေချင်စိတ်ပေါက်နေသည်။ နာရီဝက်နှင့် အပြီးပြင်ဆင်သွားရမည့် အတန်းချိန်မှာလည်း မမှီတော့။ လက်မှာ ပတ်ထားသည့် နာရီကြည့်တော့ ရှစ်နာရီခွဲဖို့ ငါးမိနစ်သာလိုတော့သည်။"ဟင် ရှစ်နာရီခွဲတော့မယ် ""ဟုတ်သားပဲ လွင် လာသွားရအောင် ငါ့ကားက ဟိုးနားမှာ ရပ်ထားခဲ့တာ ""အာ ငါ အဝတ်အစားလဲရဦးမှာလေ""အဲ့လိုဆို ဘယ်လိုလုပ်မလဲ""ငါ့အဆောင်ရှေ့ချပေးခဲ့ နောက်ကလိုက်ခဲ့မယ် နင်က မြန်မြန်သွားနှင့် အတန်းခေါင်းဆောင်က နောက်ကျရင် ဆရာမ ဆူလိမ့်မယ် "လွင့်ကို အဆောင်လမ်းထိပ်ချပေးကာ အပြင်းမောင်းနှင်သွားသော ကားလေးကို ကြည့်ပြီး လွင် သက်ပြင်းတောင် ရဲရဲ မချနိုင် အဆောင်ပေါ် ပြေးတက်ရသည်။ ရေမချိုးနိုင်တော့ မျက်နှာသစ်ကာ အဝတ်အစားအမြန်လဲရသည်။ နဂိုအသားအရေလှပြီးသားမို့ ခရင်မ် ပါးပါးလူးရုံနဲ့ အဆင်ပြေသည်။ ညကတည်းက အသင့်ပြင်ထားသော အိတ်ကို ယူကာ ကျောင်းသို့ အပြေးချီတက်ရသည်။ တော်သေးတာက အဆောင်နဲ့ ကျောင်းက ငါးမိနစ်လောက်မောင်းရုံနဲ ရောက်လို့။ ပထမနှစ်တွေ အတွက် သီးသန့်ပေးထားတဲ့ ကားပါကင်မှာ ကြိုရောက်နေရမည့် ကားနံပါတ်ကို ရှာကြည့်တော့မတွေ့။ တနေရာမှာ သွားရပ်ထားတာများလားလို့ တွေးရင်း အခန်းထဲ ဆက်သွားရသည်။ တော်သေးသည်က ဆရာမ မဝင်သေး။ အချိန်က ဆယ်မိနစ်လောက် စွန်းနေပေမယ့် ဆရာမနောက်ကျနေတာမို့ အခုမှ လွင် အသက်ဝဝ ရှူနိုင်သည်။"အမလေး အမေ့"ရုတ်တရက် ပခုံးကို လာထိသော အေးစက်စက် အထိအတွေ့ကြောင့် လွင် လန့်သွားသည်။ တရားခံက တခြားမဟုတ် သူ့ထက်နောက်ကျမှ အတန်းထဲ ဝင်လာသော ကိုယ့်အပိုင် နေခြည်လေး။"ဘယ်လိုဖြစ်ရတာလဲ အခုမှရောက်လာတာလား""အင်း ငါလေ ကားပေါ်မှာတုန်းက အစားများပြီး ဗိုက်မအီမသာဖြစ်နေသလို ခံစားရလို့"ဖြစ်ရမယ်လေ ဒီလောက်စားထားတာကို။"အဲ့တာနဲ့ ""အင်း အဲ့တာနဲ့ ရင်ချောင်သွားအောင်ဆိုပြီး ဘာလီဖျော်ရည် ဝင်ဝယ်နေတာ သောက်လိုက်မှပဲ နေလို့ထိုင်လို့ကောင်းသွားတော့တယ် နင်ရော သောက်ဦးမလား အေ့ ဂစ်"ပြောရင်းနဲ့ မျက်နှာတည့်တည့် လေချဉ်တက်လိုက်ပါသော အချစ်က တခါတရံမှာ နေခြည်နွေးနွေးလေးမဟုတ်ဘဲ မျက်စိစူးစရာ ခရမ်းလွန်ရောင်ခြည်လို အသွင်ပြောင်းတတ်လေသည်။ ဖြူစင်တဲ့ မင်း၊ ကလေးဆန်တဲ့မင်း၊ ပျာယာခတ်လွန်းလို့ လွဲတတ်တဲ့မင်းကို ဘဝရှေ့ခရီးလမ်းတစ်ခုလုံးထိပါ ဦးဆောင် လမ်းပြချင်ခဲ့တာကိုယ် လောဘကြီးနေသလားနေခြည်ငယ်အိမ်ထောင်ဦးစီးဆိုတဲ့ နေရာကို မရည်ရွယ်ပါဘူးလက်တွဲဖော်လောက်ဆိုရပါပြီတတိုင်းမွှေး20/11/22A/N- အိုခေပါ FBမရလည်း ကိစ္စမရှိပါဘူး ဒီက သဘောကောင်းတဲ့ ကောင်မလေးကပဲ စိတ်လျှော့ရမှာပေါ့။ ဒါပေမယ့် .....view 1K ရမှ ပြန်လာခဲ့မယ်။ .................................................................................

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now