Part:1

5.6K 213 2
                                    

Zawgyi

University တစ်ခု၏ကော်ရစ်ဒါတစ်လျှောက် တစ်ဖက်တစ်ချက်စီတွင် မျက်နှာချင်းဆိုင်ကာလျှောက်လှမ်းလာသော ကောင်လေးနှစ်ယောက်။ အနောက်တွင်လည်းသက်ဆိုင်ရာကိုယ်ပိုင်သူငယ်ချင်းတွေခြံရံလျက်။ တစ်ဦး၏အကြည့်မှာဓားတစ်စင်းလိုစူးရှ၍ ကျန်တစ်ဦးမှာတော့ရေခဲပြင်ကဲ့သို့အေးစက်သောအကြည့်များဖြင့် တစ်ဦးကိုယ်တစ်ဦးကြည့်လျက်...

ထိုစဉ်၎င်းတို့၏သူငယ်ချင်းများတွင်အတွေးကိုယ်စီရှိကြလေ၏။ ထိုကား....

'အင်း...ဇာတ်လမ်းကတော့ပြန်စပြီ...သာသာယာယာလေးနေခွင့်ပေးကြစမ်းပါဦးဟ'

အပြင်တော့ထုတ်မပြောရဲကြ။ ဘာလို့ဆို...ကြောက်တယ်လေ ပြောစရာလား! တစ်ခုခုဖြစ်ရင် ပြူးပြူးပြာပြာနဲ့၀င်ဆွဲရတာ သူတို့အလုပ်...အဲ့လို၀င်ဆွဲကြရင်းနဲ့တောင် ဟိုဘက်ဒီဘက်သူငယ်ချင်းတွေတောင် မျက်နှာပူနေကြပြီကို ကျေးဇူးရှင်တွေက ရန်ဖြစ်လို့ကောင်းတုန်း...

ထိုကျောင်းသားနှစ်ယောက်မှာ ရုပ်ရည်လည်းလွန်စွာချောမောလျက် မည်သူကပိုသာမှန်းမသိအောင်ပင် နတ်ဘုရားဆန်ကာ အရှိန်အဝါကလည်း တော်ရုံလူမကပ်နိုင်အောင်ကြီးမားလှသည်။ ယခု ထိုသူနှစ်ယောက်မျက်နှာချင်းဆိုင်ရပ်မိလေပြီ။

"လမ်းကိုဖယ်စမ်းပါ ရှေ့တည့်တည့်ကနေပြီးတော့ရပ်နေတာ။ ကြားလား ကင်ထယ်ယောင်း မင်းကိုပြောနေတာကွ"
ထိုစဉ် အရှေ့ကကောင်လေးက ခပ်သြသြအသံနဲ့ ဟက်ခနဲရယ်လိုက်တယ်

"အဟက်...ဂျီမင်းနား ဟိုဘီရား မင်းတို့ကြားကြလား။ ငါတော့ခွေးဟောင်သံလိုလိုကြားလိုက်သလိုပဲ။"

"ဘာကွ! ဟျောင့်မင်းမိုက်ရိုင်းလှချည်လား"

"အိုး အခုမှမြင်တယ် ဘယ်သူများလဲလို့ ဂျွန်ဂျောင်ဂုပါလား။ မင်းကဒီမှာဘာရပ်ဟောင်နေတာလဲ"

ဂျောင်ဂုမှာ ဒေါသထွက်ကာတရှူးရှူးတရှားရှားဖြင့်

"မင်း ပြန်ပြောလိုက်စမ်း"

"အိုး စိတ်လျှော့ပါကွာ ငါကမှားထွက်သွားတာ ဘာရပ်လုပ်နေတာလဲလို့မေးတာ"

"အေး မင်းအဖေငါက မင်းကိုလမ်းဖယ်ခိုင်းနေတာကွ၊ ပြောရတာအချိန်တွေကြာတာကွာ"

Double E {Completed}Место, где живут истории. Откройте их для себя