Part:15

1.6K 111 0
                                    


Zawgyi

အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုမှာ အနီရောင်တောက်တောက်ဂါဝန်တစ်ခုကိုကိုင်ကာ လက်ဆြဲအိတ္ကိုဆြဲကာ ထွက်ပေါက်ဆီကိုဦးတည်နေတဲ့မိန်းကလေးတစ်ယောက်။ ဒေါက်ဖိနပ်အနက်ရောင်ချွန်ထက်ထက်ကိုစီးကာ လှမ်းလာခဲ့သမျှခြေလှမ်းတိုင်းတွင် တဂွက်ဂွက်အသံကိုနောက်မှာချန်ထားခဲ့သည်။ လေဆိပ်မှာရှိတဲ့ ပုရိသအများစုရဲ့အာရုံတွေကိုဖမ်းစားယူထားတယ်ဆိုရင်လည်း မမှားပေ။ အပြင်ကိုရောက်တော့ လာကြိုနေတဲ့ကားပေါ်ကိုဟန်ပါပါတက်လိုက်ပြီး ကားမောင်းသူနေရာမှာထိုင်နေတဲ့သူကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး ကားကိုစထွက်ရန် မောက်မာတဲ့လေသံနဲ့ပြောလိုက်သည်။ ကားမောင်းသူမှာ သူ့ရဲ့အလုပ်သမားလည်းမဟုတ်သလို၊ သူ့ကိုကြိုဖို့မဖြစ်မနေလိုအပ်တဲ့သူမဟုတ်ပေ။

ထိုမိန်းကလေးရဲ့စိတ်ထဲမှာတော့ ဒါတွေရှိမနေပါ။ သူ့စိတ်ထဲရှိနေတာက တစ်ယောက်ယောက်ကိုဒုက္ခပေးဖို့။ ဟုတ်တယ်။ ပြီးတော့တစ်လျှောက်လုံး သူလိုချင်ခဲ့တဲ့အရာကို ပြန်လာယူတာ။ ကိုရီးယားကေနထြက်သြားခဲ့ရတာ ဘယ်လောက်တောင်ခက်ခဲခဲ့လဲ။ ဒါပေမယ့်သူလိုချင်တဲ့သူနားမှာ သူမုန်းတဲ့သူကလည်းမရှိဘူးဆိုတော့ သူမစိတ်ထဲနည်းနည်းတော့ခံသာခဲ့တာ။ အခုကျတော့ကြည့်ပါဦး နှစ်ယောက်သားကပြန်ပြီးတော့တောင်တွေ့ပြီးနေကြပြီ။ ဆက်ဆံရေးမကောင်းဘူးလို့တော့ကြားတာပဲ။ ဒီလိုတွေဖြစ်အောင် သူမ လုပ်ခဲ့တာဆိုတော့ အခုကြားနေရတာတွေက ကျေနပ်အားရစရာ။ ကင်ထယ်ယောင်းရယ်...နင်ဟာလေ ပျော့တီးပျော့ဖတ်နဲ့ မိန်းမဆန်ဆန်ရုပ်ရည်ကလည်းရှိနေသေး။ အဲဒါနဲ့ပဲ ဂျောင်ဂုအိုပါးကိုပိုင်ဆိုင်နိုင်မယ်ထင်နေတာလား။ သူမ တကယ်တော့ ထယ်ယောင်းကိုမုန်းတယ်ဆိုတာ သူမထက်အရာအားလုံးသာနေလို့ပဲ။ အဲဒီမိန်းကလေးရှုံးအောင်လှတဲ့မျက်နှာ၊ သွယ်လျလျကိုယ်၊ ပိုင်ဆိုင်ထားတဲ့ဂျောင်ဂုဆီက ချစ်ခြင်းမေတ္တာတွေကြောင့်ပင်...။ သူမ မသိတာက သူမဟာမပြိုင်ခင်ကတည်းက ရှုံးနေပြီးသားဆိုတာကိုပေါ့။ ဟင့်အင်း...အစကတည်းက ယှဉ်ပြိုင်ဖို့ကို ဘောင်မ၀င်ခဲ့တာလည်းဖြစ်နိုင်တယ်။ သူမ...လီဆိုရာ။

Double E {Completed}Where stories live. Discover now