Unicode
ပြိုင်ပွဲကိုအကြိတ်အနယ်ယှဥ်ပြိုင်ကြပြီးနောက် လက်ဆင့်ကမ်းအပြေးပြိုင်ပွဲမှာ ထယ်ယောင်းတို့က ကျောင်းကိုယ်စားပြုအနေနဲ့ ဗိုလ်စွဲလေသည်။ ဂျီဟွန်းဆိုသည်မှာလည်း သူ့ကျောင်းသူအားမပေးပဲ ထယ်ယောင်းတို့ကိုသာ အသံတွေဝင်သည်အထိ အားပေးခဲ့သည်။ ရုပ်ရည်ချောမောကြရုံမကပဲ ဒီနေ့အတွက်ဆုပါရကြတာမို့ သူတို့အားလုံးမှာအရင်ကထက် ပိုပြီးလူသိများလာသည်။ တက္ကသိုလ်အားလုံးနီးပါးရဲ့ဖိုရမ်မှာလည်း ထယ်ယောင်းတို့ရဲ့ပြိုင်ပွဲဝင်နေတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေချည်းပင်။ ထိုမျှပင် နာမည်ကြီးနေကြပါသော သူတို့အား ရည်းစားအဖြစ်လိုချင်သူတွေကလည်းဒုနဲ့ဒေး။ Instagramမှာလည်း followerတွေထောင်နဲ့ချီထပ်တိုးလာလို့ တက္ကသိုလ်တွေမှာ လူပြောအများဆုံးနေရာတွင် ရပ်တည်နေကြသေးသည်။
ကျောင်းရောက်တာနဲ့သူ့ရဲ့စားပွဲပေါ်မှာရှိနေတဲ့ လက်ဆောင်တွေမုန့်တွေကို ဘယ်လိုကိုင်တွယ်ရမှန်းမသိ။ USတုန်းကလည်း ထယ်ယောင်းကပေါ်ပြူလာဖြစ်ပေမယ့် ဒီလောက်ကြီးလက်ဆောင်တွေရတာမျိူးတော့မဖြစ်ဖူး။ ဂျီမင်တို့ကိုမျှပေးရအောင်လည်း သူတို့ဘာသာသူတို့တောင် မနိုင်။ တစ်ဖက် ဂျောင်ဂုတို့ခုံပေါ်မှာလည်း ထိုနည်းလည်းကောင်း။ ဟူး...ခဏအရူးထကြတာပါ။ အချိန်ကြာရင်ရပ်သွားလိမ့်မယ် ဖိုက်တင်း။
ခန့်မှန်းချက်တွေက မမှန်ကန်ပဲ ၂ပတ်၃ပတ်ကြာသည်အထိ နေ့တိုင်းလက်ဆောင်တွေရနေသည်။ လက်ဆောင်တွေက ချစ်ဖို့ကောင်းပြီးနှစ်လိုဖွယ်တွေချည်းသာ။ ဒါတွေကိုဘယ်လိုလုပ်ရမလဲ စဥ်းစားလိုက်တဲ့အချိန် အကြံတစ်ခုရသွားပြီး ကျောင်းအပြင်ဘက်က စတိုးဆိုင်မှာ လက်ဆောင်ပုံးကြီးကြီးတစ်ခုသွားဝယ်ပြီးအကုန်စုထည့်လိုက်သည်။ လက်ဆောင်ပုံးကြီးကိုကြည့်ကာ တစ်ချက်ပြုံးလိုက်ပြီး သူ့ကားထဲသွားထည့်ဖို့ ကားပါကင်အရောက် ဂျီမင်တို့နဲ့ဆုံသည်။ သူ့ကိုတစ်လှည့် လက်ဆောင်ပုံးကြီးကိုတစ်လှည့်စီကြည့်ရင်း ဂျီမင်ကလာမေးသည်။
"ထယ်ယောင်း လက်ဆောင်ပုံးကြီးနဲ့ဘာလုပ်မလို့လဲ"
"ငါ့စားပွဲခုံပေါ်က လက်ဆောင်တွေလေ၊ တစ်ခုခုလုပ်စရာရှိလို့"
YOU ARE READING
Double E {Completed}
RomanceKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင္းက တကယ့္အာရံုပဲေဂ်ာင္ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇