Part:5

2.4K 154 3
                                    

Zawgyi

လျှောက်ရင်းလျှောက်ရင်း စတိုခန်းရှေ့ကိုရောက်လာကြတဲ့ သူတို့နှစ်ယောက်

တံခါးကိုကြည့်မိတော့ သော့ခလောက်ကမခတ်ရသေးပဲ သော့တန်းလန်းနဲ့...
ထားပါလေ ဒါသူတို့ကိစ္စမှမဟုတ်တာ

ထယ်ယောင်းကအရင်ဝင်သွားပြီး သူ့လက်ထဲကပစ္စည်းတွေကို တွေ့တဲ့စင်ပေါ်ကောက်တင်လိုက်သည်။ တင်ပြီးပြီးချင်း မျက်စိကို ဟိုဟိုဒီဒီကစားမိတော့ တွေ့လိုက်ရတာက သော့ချိတ်လေးတစ်ခု...တစ်ယောက်ယောက်ကျကျန်ခဲ့တာဖြစ်မှာပေါ့ဟုသာတွေးရင်း ပြန်ထွက်ဖို့ပြင်လိုက်သည်။

ဂျောင်ဂုကိုကြည့်မိတော့လည်း သူ့ရှေ့နားမှာတင် ခြေဖျားထောက်လုမတက်နဲ့ ဖိုင်တွဲအထပ်လိုက်ကြီးကို စင်ရဲ့အမြင့်ဆုံးအဆင့်ထဲလှမ်းတင်နေတာ...ဘာလား ဒီကောင် တခြားအဆင့်တွေရှိနေတာကို။
သူ့ဟာသူစိတ်ရူးထပြီးလုပ်ချင်တာတွေလုပ်နေတာကို ဆက်ကြည့်နေရအောင်လည်း ဒီက ကင်ထယ်ယောင်းနဲ့ဆိုင်ကိုမဆိုင်...

ကြည့်နေရင်း ဂျောင်ဂုကပစ္စည်းတွေကိုတင်ပြီး ဒီဘက်ပြန်လှည့်လာသည်။ ထိုစဉ်ရုတ်တရက် အဲ့ဖိုင်တွဲတွေကလျှောပြီး ဒီဘက်ကိုပြန်ကျလာသည်ကိုထယ်ယောင်းတွေ့လိုက်ရသည်။ ပြူတ်ကျရင် ဂျောင်ဂုပေါ်ကိုတန်းနေမှာ... ဂျောင်ဂုကနောက်ကျောပေးထား၍ ထိုအချင်းအရာကိုမသိပေ...

ထယ်ယောင်းအလျှင်အမြန်ပင်ပြေးသွားမိပြီး သတိပြန်ဝင်တဲ့အချိန်ရောက်တော့ သူကဖိုင်တွဲတွေကို မကျအောင်လက်နဲ့ပင့်ထိန်းထားပြီး ဂျောင်ဂုကတော့ သူနဲ့စာအုပ်စင်ကြားမှာ ပြူးကြောင်ကြောင်နဲ့...

K-drama ထဲကလိုမြင်ကွင်းမျိုးတော့ဟုတ်မနေပါလေ။ ချီး...ဒါမျိုးက ရင်ခွင်မှီအရပ်လောက်ရှိတဲ့ ချစ်စရာကောင်မလေးက သူ့ရင်ခွင်ထဲ ဒီလိုမျိုးရောက်နေပြီး သူကတစ်ဖန်ထိုမိန်းကလေးကို အုပ်မိုးပြီးကြည့်နေရမှာလေ...

အခုတော့တလွဲ...သူ့ရင်ခွင်ထဲရောက်နေတဲ့သူက သူနဲ့အရပ်အမြင့်အတူတူဖြစ်တဲ့အပြင် သူ့ရန်သူဖြစ်တဲ့ ဂျောင်ဂုတဲ့လား...အတွေးတွေနဲ့ခြားနားစွာ လက်တွေ့မှာတော့ ဖယ်မခွာမိသေးပဲ သူနဲ့ကိုယ်ရဲ့ ၀င်သက်ထွက်သက်တွေက တစ်ယောက်လည်တိုင်ပေါ်တစ်ယောက် ရိုက်ခတ်နေလျက်...

Double E {Completed}Where stories live. Discover now