ထယ်ယောင်းကျောပိုးအိတ်ထဲကို အရေးကြီးတဲ့ပစ္စည်းတစ်ချို့ထည့်ပြီး အောက်ထပ်ကိုဆင်းလာလိုက်သည်။ ဧည့်ခန်းထဲရောက်တာနဲ့ ဒယ်ဒီနဲ့မာမီတို့အရှေ့ဝင်ထိုင်လိုက်တော့ သူ့ကိုမှာစရာရှိတာစမှာကြသည်။
"သား မင်းကလည်း ကိုယ့်အိမ်မှာကိုယ်နေတာမဟုတ်ဘူး"
"ဒယ်ဒီတို့ဘာသာပဲ ပြင်သစ်မှာကောင်းကောင်းပျော်ခဲ့ကြပါ။ ကျွန်တော်က အိမ်အကျယ်ကြီးထဲ တစ်ယောက်တည်းနေရမှာလည်းပျင်းတယ်လေ"
"ကွန်ဒိုက သန့်ရှင်းရေးလုပ်ရဦးမှာမလား သားရဲ့"
"သန့်ရှင်းရေးတစ်ယောက် ခေါ်ထားတယ်မာမီ။ သူနေ့လည်လောက် လာရှင်းပေးမှာ"
"အဆင်ပြေတယ်ဆိုပြီးတာပဲကွာ..ကဲ လေယာဉ်ချိန်လည်းနီးပြီဆိုတော့ သွားပြီ"
"အိုခေ ဒယ်ဒီ စိတ်မပူပဲနဲ့ ကောင်းကောင်းလည်ခဲ့ကြ"
"မင်းမပြောလည်း ကောင်းကောင်းလည်မှာပါ"
မောင်းထွက်သွားတဲ့ကားကို ခြံထဲကထွက်သည်အထိ လိုက်ကြည့်ပြီး အိမ်ထဲပြန်ဝင်လာလိုက်သည်။ အခန်းထဲက ကျောပိုးအိတ်ကိုယူပြီး အောက်ထပ်ပြန်ဆင်းလာကာ အိမ်တော်ထိန်းကြီးကို နှုတ်ဆက်လိုက်ပြီး ကားဂိုထောင်ရှိရာကို သွားလိုက်သည်။ အိမ်တော်ထိန်းကြီးက ထယ်ယောင်းမမွေးခင်ကတည်းက အလုပ်လုပ်ခဲ့တာဆိုတော့ ဘာနေနေ အကုန်စိတ်ချထားလို့ရသည်။ အခုအဆင်မပြေတာက သူ့လက်။ ဘာစိတ်ကူးနဲ့များ ဂျောင်ဂုမထိခိုက်မိအောင် ကာပေးထားခဲ့လဲမသိ။ အခုတော့ တဆစ်ဆစ်နဲ့ကို ကိုက်နေတော့တာ။ ဒယ်ဒီနဲ့မာမီကိုတော့ ချော်လဲတာလို့ပြောထားတာမလို့ အရမ်းကြီးစိတ်မပူကြ။
ကားကို ဘယ်ဘက်လက်နဲ့ပဲ အသာထိန်းမောင်းရင်း ပုံမှန်နှုန်းဖြင့်သာ မောင်းနှင်နေမိသည်။ မနက်စာမစားခဲ့တာမလို့ တစ်ခုခုစားရန် အနီးနားကဆိုင်တစ်ခုဆီကို ကွေ့ဝင်လာလိုက်သည်။ မုန့်ကိုတစ်ခါတည်းမှာခဲ့လိုက်ပြီး အပေါ်ထပ်က တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ ရွေးထိုင်လိုက်သည်။ လက်ချောင်းတွေက ကြမ်းပြင်နဲ့အနည်းငယ်ခြစ်မိသွားလို့ ကွေးတာဆန့်တာဆို တော်တော်နာသည်။ အစားအသောက်များလာချပြီးနောက် ဗိုက်လည်းဆာနေတာမလို့ ချောကလက်ကိတ်ကို ဘက်လက်နဲ့ခက်ရင်းကိုကိုင်ပြီး စားလိုက်သည်။ ဘယ်လက်နဲ့စားရတာ နည်းနည်းအဆင်မပြေဘူးဆိုပေမယ့် မဆိုးပါဘူး။ ကိတ်က ပါးစပ်ထဲရောက်သွားဖို့ အရေးကြီးတာပဲကို။
နောက်တစ်လုပ်စားဖို့ ကြိုးစားပမ်းစားဖဲ့နေတဲ့အချိန် ဆွဲယူခံလိုက်ရတဲ့ သူ့လက်ထဲက ခက်ရင်း။
KAMU SEDANG MEMBACA
Double E {Completed}
RomansaKim Taehyung --မင်းကအာရုံပဲဂျောင်ဂု "မင်းက တကယ့်အာရုံပဲဂျောင်ဂု" Jeon Jungkook --မင်းကလည်းကျက်သတုံးပဲဟျောင့် "မင်းကလည်း ကျက်သတုံးပဲဟျောင့်" Taekook Myanmar fan fic 🐻🐇
