Part:19

1.7K 127 0
                                    

နေ့ရက်တိုင်းက အဆင်ပြေပြေနဲ့ကုန်ဆုံးနေသည်။ ဂျောင်ဂုကတော့ သူ့အဖေနဲ့ဆက်ဆံရေးပိုဆိုးသွားပြီး ထယ်ယောင်းနဲ့အတူကွန်ဒိုမှာပဲ သောင်တင်နေသည်။ တစ်ဦးတည်းပိုင်တဲ့ကွန်ဒိုမဟုတ်လို့ ဂျီမင်တို့ကို ဂျောင်ဂုကိုခဏနေခိုင်းမယ်ပြောတော့ သိပ်ပြီးသဘောကျပုံမရ။ အကြောင်းအရင်းကိုပြောရအောင်လည်း ဂျောင်ဂုက တခြားသူတွေကို သိစေချင်မှာမဟုတ်တော့ ပုံမှန် မိဘနဲ့သားသမီးစိတ်ဆိုးကြပြီး အိမ်ပေါ်ကဆင်းလာတဲ့ပုံပြောထားရသည်။ နောက်ဆုံးတော့ လက်ခံသွားကြပါတယ်။ ဒါတောင် ထယ်ယောင်းကိုသူတို့အိမ်မှာလိုက်နေဖို့ ဇွတ်အတင်းခေါ်နေကြသေးတာ။ မနည်းငြင်းလွှတ်မှ ဂျောင်ဂုကိုလူမိုက်စတိုင်တွေနဲ့ကြည့်ကာ ပြန်သွားကြသည်။

တစ်အိမ်တည်းအတူနေနေရပေမယ့် ကျောင်းသွားကျောင်းပြန်ကတော့ ကိုယ့်ကားနဲ့ကိုယ်သာသွားကြပြီး ထမင်းစားချိန်ကလွဲရင် ကိုယ့်အခန်းထဲကိုယ်ဝင်နေကြတာကများသည်။ ဒီနေ့ကကျောင်းပိတ်ရက်မလို့ ထယ်ယောင်းသူ့အ၀တ်တွေကို လျှော်ဖို့အိမ်ကိုပို့ရမှာမလို့ အိတ်တစ်ခုထဲထည့်နေရသည်။ အဲဒီအချိန်မှာပဲ တံခါးဘဲလ်အသံမြည်လာလို့ ထွက်ကြည့်လိုက်သည်။ ဂျီမင်တို့တော့မဖြစ်နိုင်..passwordသိနေကြတာမလို့ ဂျောင်ဂုအပြင်သွားပြီးပြန်လာရင်လည်း သူ့ဘာသာသူဖွင့်ဝင်လာမှာပင်။ တံခါးဘဲလ်သံကိုနောက်တစ်ခါထပ်ကြားလိုက်ရတာမို့ တံခါးနားက မော်နီတာကိုကြည့်မိတော့ မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ မြင်ဖူးသလိုလိုရှိပေမယ့် ဘယ်သူမှန်းလဲဆိုတာလည်းမသိတာကြောင့် ဖွင့်မပေးဖို့ပဲဆုံးဖြတ်လိုက်သည်။ ၁၅မိနစ်လောက်ထိ ဆက်တိုက်နှိပ်နေတော့ ဂျောင်ဂုတောင်အသံကြားပြီး အိပ်ချင်မူးတူးနဲ့ထွက်လာကာ တံခါးဖွင့်ဖို့လုပ်နေတော့
"မဖွင့်နဲ့။ ဘယ်သူမှန်းတောင်သိတာမဟုတ်ဘူး"

"တီးနေတာကြာပြီကို..၀ှါး.."

ဖိနပ်စင်နားမှာ ဆံပင်ထိုးထိုးထောင်ထောင်နဲ့ရပ်ကာ ဟားတစ်ချက်သန်းပြီး သူ့ခါးကိုသူယားလို့ကုတ်နေပြန်သည်။ ကလေးလိုပဲ...ဘယ်လိုမြင်ကွင်းမျိုးလဲ။

"ထားလိုက် နောက်တစ်ခါထပ်တီးရင် ငါလုံခြူံရေးကိုဖုန်းဆက်တော့မှာ"

Double E {Completed}Where stories live. Discover now